စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (80)- ဇာတ်သိမ်းပိုင်း

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (80)- ဇာတ်သိမ်းပိုင်း

တင်ဂီရိသည် ဆူမီရာကို မြင်းပေါ်တင်ပြီး စစ်စခန်းရောက်သည်အထိ တခါတည်း စိုင်းခဲ့တော့သည်။ ကျန်သည့် အာနန် စစ်သည်တော်များ က မိမိတို့ သခင်နောက်ကို ထပ်ချပ်မခွာလိုက်လာကြသည်။ မကြာခင် အာနန်ပြည်ကိုပြန်ပြီး ခွဲခွာခဲ့ရသည့် မိမိတို့ မိသားစုနှင့် ပြန်ဆုံရတော့မည် ဟုတွေးကာ ပျော်နေကြသည်။ နန်ကျောင်ဧကရီ ဟော်သွန်းက မိမိတို့ ရွှေနန်းရှင်၏ ချစ်မညီးသည့် ဇနီးဖြစ်နေသဖြင့် နှစ်နိုင်ငံ သွေးချောင်းစီး အောင်တိုက်မည်ဆိုလျှင် ဧကရီဟော်သွန်း စိတ်ထိခိုက်မှာသေချာသည်။ ဒီလိုအဖြစ်ကို မိမိတို့ အရှင်သခင် ယေစုကိုင်းက ဘယ်တော့မှ လုပ်မည်မဟုတ်သည်ကို ကောင်းစွာသိထားကြလို့ စစ်ကြီး ပြီးဆုံးသလောက်ရှိပြီကို ရိပ်မိလိုက်ကြသည်။ အကယ်လို့ အိမ်ရှေ့မင်းသား တင်ဂီရိ နန်းတက်လျှင်သော်လည်းကောင်း၊ ဧကရီဟော်သွန်း နတ်ရွာစံလျှင်လည်းကောင်း နန်ကျောင်နှင့် အာနန်စစ်ပြန်ဖြစ်မလားတော့ မပြောတတ်တော့။ ယခုအခြေအနေအရ သားတော်ကြီးနှင့် သားတော်ငယ် တို့ ဆက်လက်ပြီး စစ်ဖြစ်မှာမဟုတ်တော့ပေ။

“နောင်တော်… ကျွန်တော်တို့ ပြန်ကြရအောင်.. ငွေတောင်ပြည်က ထွက်လာတာ ကြာလှပြီ။ မယ်မယ်တို့လည်း မျှော်နေလောက်ပြီ”

“အင်း… ပြန်မယ်။ ပြီးရင် မင်းကို အာနန်နေပြည်တော်ကို ခေါ်သွားမယ်… ဦးရီးတော်နဲ့ အရီးတောကို ပြောပြီးပြီ”

“အာ..ဘာလုပ်မလို့လဲ။ ကျွန်တော့် တိုင်းပြည်မှာ ခဏတော့ နေပါရစေဦး။ မယ်မယ်တို့ ပြောမှာပေါ့။ ခုလည်း မြောက်ပိုင်း နန်ကျောင်မှာ ကျွန်တော် ရောက်နေတာ ကြာနေပြီ။”

ဆူမီရာက နောင်တော့်ရင်ခွင်ထဲကနေ စောဒက တက်လိုက်သည်။ နောင်တော်နှင့်တွေ့သဖြင့် ပျော်သည်က တဖက်၊ အိမ်မပြန်ရသေးပဲ သူ့ နန်းတော်ကို လိုက်ဖို့ခေါ်နေသဖြင့် စိတ်လှုပ်ရှားသည်က တဖက်နှင့် ဆူမီရာ စူပွပွလေးပြောလိုက်သည်။ မိမိကို အာနန်နန်းတွင်းကို ခေါ်သွားမည် ဆိုတာက မိမိတို့ ပတ်သတ်မှုကို အတိလင်းဖော်ပြမည်ဆိုသည့် သဘောဖြစ်သောကြောင့် ဆူမီရာ မယ်မယ်တို့ကို ဘယ်လို မျက်နှာချင်းဆိုင်ရမှန်းမသိသဖြင့် တွန့်ဆုတ်နေခြင်းဖြစ်သည်။

“နောက်မှ ကိုယ်တို့နှစ်ယောက် အရီးတော်နဲ့ဦးရီးတော်ကို လာကန်တော့တာပေါ့”

“လုပ်ပြီ။ ဘာကန်တော့တာလဲ။ နောင်တော်…မဟုတ်တာ လျှောက်မလုပ်နဲ့လေဗျာ။ ငွေတောင်မင်းသားလေးကို စစ်နတ်ဘုရားက အာနန်နန်းတွင်းကို အပိုင်သိမ်းလို့ရမလားဗျ။ ကျွန်တော်လည်း ကျွန်တော့်တိုင်းပြည်အတွက် အလုပ်လုပ်ပါရစေဦးလေ…”

တင်ဂီရိသည် ဆူမီရာ၏ ကိုယ်လေးကို ဖျစ်ညစ်ကာ တီးတိုးကပ်ပြောလိုက်သည်။

“အလုပ်မလုပ်ရမှာ စိုးနေတာပေါ့လေ။ မပူနဲ့။ မင်းလေးကို အလုပ်ခိုင်းမလို့ ကိုယ်တခါတည်း ခေါ်နေတာ။ အရီးတော်တို့ဆီ တခါတည်း ၀င်တွေ့မယ်။ ပြီးတော့ အရှေ့ကျွန်းစုဒေသမှာ ဆေးပညာသင်ကျောင်းကို မင်းကို ဦးစီးဖွင့်ခိုင်းမယ်။ ကိုယ် တောင်ပိုင်း တိုင်းပြည်တွေကို လှည့်လည်ရင် မင်းက ကိုယ့်ဘေးမှာ လိုက်ရမယ်။ ကိုယ်တို့ မဟာမိတ်တောင်ပိုင်း အင်ပါယာကြီးမှာ ဆေးပညာကို ဖွံ့ဖြိုးအောင်လုပ်ပေးရမယ်။ ငွေတောင်ပြည်က တောင်ပိုင်း တိုင်းပြည်တွေရဲ့ မြို့တော်ဖြစ်လာစေရမယ်။ နောက်ပိုင်းဆိုရင် တောင်ပိုင်းမဟာမိတ်တိုင်းပြည်တွေရဲ့ ကိုယ်စားလှယ်ရုံးတွေက ငွေတောင်မှာပဲ အခြေစိုက်ရမယ်။ အဲချိန်ဆိုရင် ကိုယ်က ငွေတောင်ပြည်မှာ ပင်တိုင်ရှိနေပြီး ကိုယ့်ချစ်သူလေးနား တဖ၀ါးမှ မခွာတမ်းနေလို့ရပြီ”

ဆူမီရာသည် နောင်တော်၏ အကွက်စေ့သည့် အစီစဉ်ကြောင့် ကျေနပ်သွားပြီး နောင်တော့်လက်ကို ဖျစ်ညစ်ကာ သက်ပြင်းလေးရှိုက်ရင်း ပြောလိုက်သည်။

“ဘယ်လိုတောင် ချစ်အောင် လုပ်တတ်မှန်းကို မသိတော့ဘူး။ တကယ့် ဥာဏ်များတဲ့လူကြီး”

တင်ဂီရိသည် ဆူမီရာထံမှ ထိုစကားကိုကြားသော် အူထဲ ကျလိကျလိဖြစ်လာပြီး မိမိတို့ အခြေစိုက်စခန်းကို အမြန်ရောက်ချင်လှပြီ။ စခန်းကိုရောက်သော် တင်ဂီရိက မြင်းပေါ်က လွှားခနဲဆင်းလာပြီး ဆူမီရာကို တခါတည်း သတို့သမီးလေး ပွေ့သလို ပွေ့ကာ ရွက်ဖျင်တဲနန်းကို တခါတည်းခေါ်လာတော့သည်။

“နောင်တော်…စစ်သည်တော်တွေနဲ့… ကျွန်တော့်ဖာသာ လမ်းလျှောက်မယ်”

“အားလုံး သိပြီးသား။ ဂရုစိုက်မနေနဲ့။ မင်းကို သေလုမတတ်လွမ်းနေတာ။ ခန်ရွှီဖုန်းဆီမှာကတည်းက မင်းကို အရမ်းဖက်ထားချင်တာ”

တင်ဂီရိသည် ဆူမီရာကို ရွက်ဖျင်တဲနန်းထဲ ပွေ့ချီကာ သလွန်ပေါ်ချရင်း နဖူးချင်းတေ့ကာ ပြောလိုက်ပြီး တမ်းတလွမ်းဆွတ်ခဲ့ရသည့် နူတ်ခမ်းလေးကို ဖိစုပ်နမ်းလိုက်တော့သည်။

“နောင်တော်…”

“ရှုး…ကိုယ် မင်းကို နမ်းပါရစေဦး ချစ်သူလေး”

တင်ဂီရိ ထိုသို့ပြောပြီး ဆူမီရာ၏ အောက်နူတ်ခမ်းလေးကို ကိုက်လိုက်သဖြင့် ဆူမီရာ နာသွားပြီး ညည်းလိုက်မိစဉ် တင်ဂီရိက လျှာနှင့် လျက်လိုက်သည်။ အိထွေးပြီး ပူနွေးသည့် လျှာအတွေ့ကြောင့် ဆူမီရာ ကြက်သီးမွေးညှင်းထသွားစဉ် မိမိ၏ အထက်နူတ်ခမ်းနှင့် အောက်နူတ်ခမ်းကို တလှည့်စီ နမ်းနေသည့် နောင်တော်ကြောင့် ဆူမီရာ နောင်တော့်လည်တိုင်ကို လည်နှင့် လှမ်းဖက်ကာ ပြန်ပြီး တုန့်ပြန် နမ်းလိုက်တော့သည်။ နောင်တော့်ကြောင့် မိမိကိုယ်တွင်းမှ သွေးလှည့်ပတ်မှုနှုန်းပိုမြန်လာခဲ့ပြီး အလိုလိုကို နောင်တော့်ကို တုန့်ပြန်မိသွားတော့ သည်။

“အွန်း..နောင်…တော်..”

တင်ဂီရိသည် ဆူမီရာ၏ ကိုယ်ကို ပွေ့ယူကာ သည်းသည်းမည်းမည်းနမ်းရင်း လက်က အ၀တ်အောက်ကို ရောက်ကာ ကိုယ်လေးကို ပွတ်သပ်ဆုပ်နယ်လိုက်သဖြင့် ဆူမီရာ အနမ်းကြားမှာ မပီမသလေး ညည်းလာခဲ့သည်။ တင်ဂီရိက စကားပြောခွင့်မပေးပဲ သည်းသည်းမည်းမည်း နမ်းကာ ဆူမီရာကို မိမိအပိုင်ဖြစ်ကြောင့် တံဆိပ်နှိပ်နေတော့သည်။

“နောင်…တော်….”

ဆူမီရာသည် နောင်တော်၏အနမ်းကြောင့် သွေးခုန်နှုန်းမြန်လာစဉ် မိမိကိုယ်ကို ပွတ်သပ်ဆုပ်နယ်နေသည့် ပူနွေးသည့် လက်အစုံကြောင့် ကိုယ်ထဲက တစုံတရာက နိုးထလာသလို ခံစားလိုက်ရသည်။ ဟင်း…အင်း… ဒီအတိုင်းဆို ခက်ကုန်တော့မည်။ ဒီအတွေးကြောင့် ဆူမီရာ နောင်တော့်ရင်ခွင်အောက်မှ ရုန်းရန်ကြိုးစားစဉ် နောင်တော်က လည်ပင်းကို နမ်းစုပ်ရင်း ကိုက်လိုက်သည်။ ဆူမီရာ နာကျင်သွားစဉ် ပူနွေးသည့် လျှာက ထိုနေရာကို အသာလေး တို့ထိလာသဖြင့် ကိုယ်လေး ကော့တက်သွားစဉ် နောင်တော်က မိမိကိုယ်ပေါ်က အ၀တ်များကို ဆွဲဆုတ်လိုက်တော့သည်။

“ဟင့်..အင်း…နောင်တော်…”

နောင်တော်က ဆူမီရာကို ဆက်ပြီး စကားမဆိုနိုင်အောင် ပိတ်လိုက်ပြီး မိမိရင်ဘတ်မှ အထိမခံနိုင်သည့် နေရာကို လက်နှင့်ပွတ်သပ်ရင်း ညစ်ချေကစားလိုက်၊ လက်ဖ၀ါးနှင့်လှိမ့်လိုက် လုပ်လာသဖြင့် ဆူမီရာ၏ အောက်ပိုင်းက တင်းလာသလို ခံစားလိုက်ရသည်။ နောင်တော်၏ အပြုမူများက ထူးဆန်းနေပြီး ရဲတင်းလွန်းလှသည်။ ပြီးတော့ နောင်တော်၏ မျက်ဝန်းများက နက်မှောင်နေပြီး လိုချင်သည်ကို ရအောင်ယူမည့် နတ်ဆိုး၏ မျက်လုံးမျိုး တောက်ပနေသဖြင့် ဆူမီရာ ရင်ခုန်လာပြီး တစုံတခုကို တွေးလိုက်မိသည်။ နောင်တော်… မိမိကို လိုချင်နေပြီထင်သည်။

“ကိုယ် မင်းကို ချစ်တယ် မီရာလေ။ အသက်ထက် ပိုချစ်တယ်။ ခန်ရွှီဖုန်းရဲ့လက်ထဲကို ဘာကြောင့် အမိခံလိုက်လဲ သိလား။ မင်းအတွက် သူတို့ကို တခါတည်း ရှင်းပစ်ချင်လို့ပဲ။ မင်းအတွက် ကောင်းမွန်တဲ့ လောကကြီးကို တည်ဆောက်ပေးချင်လို့ ကိုယ် တဖွဲ့လုံးကို သတ်ပစ်လိုက်တယ်။”

နောင်တော်၏ စကားကြောင့် ဆူမီရာ ဘာကိုမှ မငြင်းဆန်နိုင်တော့ပဲ နောင်တော့်ကိုယ်ကို တင်းကြပ်စွာဖက်ပြီး သည်းသည်းမည်းမည်း ပြန်တုန့်ပြန် လိုက်တော့သည်။ ချစ်သည်။ နောင်တော့်ကို ချစ်သည်။ နောင်တော်လိုချင်တာ အားလုံးပေးချင်သည်။ထိုအတွေးကလွဲပြီး ဆူမီရာ ဘာမှ မစဉ်းစားမိတော့ပေ။

တင်ဂီရိသည် ဆူုမီရာ၏ ကိုယ်လေးကို ဆွဲယူကာ မိမိကို ခွခိုင်းပြီး ပွေ့ချီလျက်နှင့် တကိုယ်လုံးကို အနမ်းပေးသည်။ ဆူမီရာ၏ ကိုယ်ပေါ်မှ အ၀တ်အားလုံးကို ဖယ်ခွာပြစ်ပြီး မိမိမြတ်နိုးမိသည့် တကိုယ်လုံးကို မြိုချမတတ် နမ်းရှိုက်ရင်း ကောင်လေးကို ဆွဲမှောက်ကာ ဂုတ်လေးမှ ကျောရိုးတလျှောက် နမ်းခဲ့သည်။ ထို့နောက် ပေါက်ဆီလေးကို ဖြူဖွေးနေသည့် တင်ပါးလုံးလုံးလေးကို ကိုက်လိုက်၊ နမ်းလိုက်၊ ညစ်ချေလိုက်နှင့် လုပ်ချင်တိုင်း လုပ်နေတော့သည်။ ဆူမီရာ၏ ကိုယ်လေးထဲ မိမိဝင်နိုင်ရင် လိုအပ်သည်ကို စိတ်ရှည်စွာပြင်ဆင်ပေးနေမိသည်။

“အ..နောင်…တော်…မလုပ်…ပါနဲ့…”

အူယားလွန်းလို့ ဆူမီရာ အသံပင်ဖြောင့်အောင် မထွက်နိုင်တော့ပေ။ နောင်တော်က အတတ်ဆန်းလွန်းလှသည်။ နောင်တော်၏ မှော်ဆန်သည့် အထိတွေ့များကြောင့် မိမိတကိုယ်လုံး အ၀တ်မကပ်တော့ပဲ နောင်တော့် ရင်ခွင်အောက် ပြုသမျှ နုရသည့် အဖြစ်ကို ရောက်နေတော့သည်။ နောင်တော်၏ ဆူမီရာကို အူအသည်းဗြောင်းဆန်အောင် လုပ်နေသဖြင့် အိပ်ယာခင်းကို လက်နှင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး မညည်းမိအောင် မနည်းတောင့်ခံထားရသည်။ အပြင်ဖက်မှ စစ်သည်တော်များ ကြားသွားမည်ကို စိုးသဖြင့် အသက်ဖုတ်လှိုက်ဖုတ်လှိုက်ရှုကာ ဆောင်းတွင်းကြီး ချွေးပြိုက်ပြိုက်ကျနေတော့သည်။ နောင်တော့် လက်များက မိမိညီလေးကို ဆုပ်ကိုင်ကာ လှုပ်ရှားနေသကဲ့သို့ မိမိအနောက်ပိုင်းကို နောင်တော် စိတ်တိုင်းကျ ကလိနေသဖြင့် ဆူမီရာ မကြာခင် တကိုယ်လုံး ချောက်ထဲ ပြုတ်ကျသွားသလိုလို၊ တိမ်ပေါ်ပဲ လွှင့်သွားသလိုလိုခံစားလိုက်ရပြီး မိမိကိုယ်ထဲမှ တင်းသမျှအားလုံး စွန့်ပစ်လိုက်မိတော့သည်။

“ကောင်းသွားပြီလား ကလေးလေး…”

“နောင်တော်…ကျွန်တော်…ဘာတွေဖြစ်ကုန်တာလဲ..”

“အကောင်းဆုံး ခံစားချက်ကို ပေးလိုက်တာလေ။ ကောင်းတယ်မလား…”

“အင်း…”

ဆုမီရာ ရှက်ပြုံးလေးနှင့်ဖြေလိုက်တော့ တင်ဂီရိ ဘယ်လိုမှမအောင့်နိုင်တော့ပဲ ဆူမီရာကို မျက်နှာချင်းဆိုင် ဆွဲယူကာ နူတ်ခမ်းကို စုပ်နမ်းရင်း တောင်းဆိုလိုက်သည်။

“ကိုယ် မီရာ့ကို ပိုင်ဆိုင်ချင်တယ်။ ကိုယ့်ကို ခွင့်ပြုပါ။”

ဆူမီရာသည် နောင်တော် ဘာဆိုလိုသလဲဆိုတာ သိသဖြင့် နာကျင်မည်ကို လန့်သော်လည်း နောင်တော့်ကို စိတ်ချမ်းသာစေချင်သဖြင့် ခေါင်းငြိမ့်လိုက်သည်။

“မီရာလေးရယ်..ကိုယ်အချစ်လေးရယ်…”

တင်ဂီရိသည် ဆူမီရာထံမှ ခွင့်ပြုချက်ကို ရသည်နှင့် မိမိကောင်ကို ဆူမီရာ၏ အ၀င်ပေါက်လေးတွင် ခေါင်းတည်ပေးကာ အတတ်နိုင်ဆုံး ငြင်သာစွာဖြင့် သွင်းလိုက်တော့သည်။ ဘယ်လောက် ညင်သာသည်ဖြစ်စေ၊ ဘယ်လောက် နူးနှပ်ထားသည်ဖြစ်စေ ဆူမီရာအတွက် ပထမဆုံး ဖြစ်သောကြောင့် မချိမဆံ့အောင် ခံစားလိုက်ရသည်။ တင်ဂီရိ၏ စံချိန်လွန် မြွေကြီးတကောင်လုံး တွင်းအောင်းနိုင်ဖို့ ဆူမီရာ မျက်ရည်စီးကျသည် အထိတောင့်ခံပြီး သူ့အလိုကို ဖြည့်ဆည်းလိုက်တော့သည်။

“အရမ်းနာနေလား မီရာလေး”

“ရတယ် နောင်တော်။ ”

မီရာလေး၏ အသံတိုးတိုးကြောင့် တင်ဂီရိ ခရီးဆုံးထိ ဆက်လျှောက်လိုက်တော့သည်။ ဆူမီရာ နာကျင်မှုကို သက်သာလိုသက်သာငြား တင်ဂီရိ၏ ပုခုံးကို ကိုက်လိုက်မိသည်။ တင်ဂီရိက ထိုနာကျင်မှုကို အမှတ်မထားပဲ မိမိလိုချင်သည်ကို ထပ်တလဲလဲ ရယူနေတော့သည်။ ထိုညသည် တင်ဂီရိ အနှစ်နှစ် အလလစောင့်ခဲ့ရသည့် ဆန္ဒပြည့်သွားရတော့သည်။ ဆူမီရာသည်လည်း နောင်တော်ခေါ်ဆောင်သည့် အချစ်ဥယျာဉ်ထဲ တ၀ဲလည်လည်ဖြင့် ဆန်းကျယ်လှသည့် အချစ်ပင် အချစ်ပန်းတို့ဖြင့် မိန်းမောသွားတော့သည်။

------------------------------------------------
ယွမ်ချူးခန်သည် ဆူမီရာကို တွေ့ချင် စကားပြောချင်သော်လည်း ခမည်းတော်နှင့် မယ်တော့်နားကို နေပေးရသည်နှင့် ညစာစားပွဲကို ကြီးကြပ်နေရသည်နှင့် စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေမိသည်။ ဆူမီရာလည်း သူ့နောင်တော်နောက်ကို လိုက်သွားသည်နှင့် တခါတည်း မိမိကို မျက်နှာပင်လာမပြတော့သဖြင့် စိတ်မကောင်းဖြစ်မိသည်။

“မီရာ…ဆူမီရာ…”
ဧည့်ခံပွဲတွင် ယွမ်ချူးခန် တယောက်သောသူကို မြင်သည်နှင့် ၀မ်းသာစွာဖြင့် အနားတိုးသွားစဉ် မိမိချစ်သော ဆူမီရာ၏ အနောက်မှ ကပ်လျက်လိုက်လာသည့် တင်ဂီရိကြောင့် လည်ချောင်းထဲ ဆို့သွားသလိုပင် ခံစားလိုက်ရသည်။

“ဒီလူ… ဆူမီရာရဲ့လက်ကို ပိုင်စိုးပိုင်နင်း ဆုပ်ကိုင်ထားတယ်။ မသိရင် သူပိုင်တဲ့ အရုပ်ကလေးအတိုင်းပဲ။ တင်ဂီရိ…. မင်းကို ငါ ဘယ်နည်းနဲ့မှ အရှုံးမပေးနိုင်ဘူး”

ယွမ်ချူးခန်သည် ဆူမီရာ၏ လက်ကို ဆုပ်ကိုင်ပြီး အောင်နိုင်သူအပြုံးပြုံးနေသည့် တင်ဂီရိကို စိုက်ကြည့်ကာ အံကြိတ်လိုက်မိသည်။ ဆူမီရာ၏ လည်ပင်းမှ အနီမှတ်များကို တွေ့လိုက်စဉ် ထိုသူ ဆူမီရာကို အပိုင်ယူသွားပြီလားဟု တွေးကာ မျက်လုံးများ ပြာသွားတော့သည်။

“သားတော်….မင်းရဲ့ ကြင်ယာတော်လောင်းတွေကို ကြိုပါဦး”

ဟော်သွန်းသည် သားတော်ကိုလှမ်းခေါ်လိုက်သည်။ သားတော်ကြီးနှင့် ဆူမီရာကို ကြည့်ပြီး လက်သီးတင်းတင်းဆုပ်ထားသည့် သားငယ်လေးကို တမင်လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။ ကံတရားက ပြဌာန်းပြီးသားကို အတင်းပြောင်းလဲရန်ကြိုးစားပြီး စိတ်ဆင်းရဲနေသည်ကို မိမိက မယ်တော်ပီပီ မမြင်ရက်ပေ။ သားငယ်လေး၏ စိတ်ကို မိမိအတတ်နိုင်ဆုံး ပြောင်းပေးနိုင်ရန် ကြိုးစားရမည်။

“နောင်တော်…အရီးတော်ကို သွားနူုတ်ဆက်ရအောင်…”

ဆူမီရာသည် ပွဲကို ရောက်ကတည်းက မိမိလက်ကို ဆုပ်ကိုင်ထားသည့် နောင်တော့်ကို ခေါ်ကာ အရီးတော် ဟော်သွန်းထံ နူတ်ဆက်ရန် လာခဲ့သည်။
ဟော်သွန်းသည် ဆူမီရာနှင့် သားတော်ကြီးကို ပြုံးကာ စိုက်ကြည့်ပြီး ပီတိဖြစ်နေသည်။

“အရီးတော်… ကျွန်တော်တို့ နောက်ရက် တောင်ပိုင်းကို ပြန်ပါတော့မယ်။ အရီးတော်ကို ကြိုတင်ပြီး နုတ်ဆက်ထားတာပါ။ ပြီးတော့ အရီးတော် သောက်ရမယ့် ဆေးနဲ့ စားရမယ့် အစားသောက်စာရင်းကို ပို့ခိုင်းလိုက်ပါ့မယ်။ တခုခုဖြစ်ရင် ကျွန်တော့်ကို အချိန်မရွေး လှမ်းခေါ်လိုက်ပါ အရီးတော်ဘုရား”

“ကောင်းပါပြီကွယ်။ ဆူမီရာလေးက သားတော်နဲ့ အတူအာနန်ပြည်ကို လိုက်သွားမယ်ဆို။ မောင်တော် ယေစုကိုင်းက ပြောတာကြားလိုက်တယ်”

“ဟုတ်ပါတယ် အရီးတော်။ အရှေ့ကျွန်းစုတွေမှာ ဆေးပညာသင်ကျောင်းဖွင့်ဖို့ နောင်တော်က ခေါ်နေလို့ပါ။ ”

“သားတော်ကို ခုလို ကူညီပေးတာ အရီးတော် အရမ်းကို ကျေးဇူးတင်ပါတယ်ကွယ်။ သားတော်ရဲ့ မယ်မယ်နဲ့ခမည်းတော်ကို အရီးတော် နူတ်ဆက်လိုက်တယ်လို့ ပြောပေးပါဦး”
ဟော်သွန်းသည် မိမိကို စကားတခွန်းမှ မပြောပဲ ဆူမီရာ၏ လက်ကို ဆုပ်ကိုင်ထားသည့် သားတော်ကို မော့ကြည့်ကာ ပြောလိုက်သည်။

“မယ်မယ်ဖြစ်စေချင်တာကို ကူညီပေးတဲ့ သားတော်ကြီးကိုလည်း မယ်မယ် အရမ်းကို ကျေးဇူးတင်မိသလို ဂုဏ်လည်းယူမိတယ်။ သားတော်က မယ်မယ့်ကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူး။ သားတော်ကြီးက မယ်မယ့်အတွက် ဂုဏ်ယူစရာတွေကို ဆောင်ကြည်းပေးခဲ့တယ်။”

တင်ဂီရိသည် မယ်မယ့်ကို ကြည့်ကာ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။

“ကျန်းမာရေးကို ဂရုစိုက်ပါ မယ်မယ်။ ခမည်းတော်နဲ့သားတော် မြောက်ပိုင်းကို ဘယ်တော့မှ မပြန်မလာတော့ဘူး။အရေးကြီးရင် လှမ်းခေါ်လိုက်ပါ။ သားတော် လာခဲ့ပါ့မယ်။”

ဟော်သွန်းသည် သားတော်၏ စကားကြောင့် ၀မ်းနည်းသွားပြီး ခေါင်းငြိမ့်လိုက်သည်။ မိမိရွေးထားသည့် လမ်းဖြစ်သောကြောင့် ဟော်သွန်း ဘာမှ ဆက်မပြောတော့ပေ။ သားငယ်ကိုရွေးသည့် အတွက် သားကြီးတို့နှင့် ထာဝရဝေးရတော့မည်။ ဟော်သွန်းသက်ပြင်းရှိုက်ကာ ကာလိုခန် မင်းကြီးနားကို လျှောက်လာခဲ့တော့သည်။

ယွမ်ချူးခန်သည် မိမိ၏ကြင်ယာလောင်း မင်းသမီး ငါးပါးကို နူတ်ဆက်ကာ သတ်မှတ်ထားသည့် နေရာတွင် စိတ်ပျက်လက်ပျက်နှင့် ထိုင်နေပြီး ဆူမီရာကိုသာ တကြည့်ကြည့်လုပ်နေတော့သည်။ လက်လွှတ်ရတော့မည်ဖြစ်လို့ ဆူမီရာက မိမိမျက်လုံးထဲ ပိုချောပြီး ပိုလို့ ခင်တွယ်စရာကောင်းနေတော့သည်။

“မင်း ငါ့ကို စောင့်နေပါ။ မင်းဘေးက လူထက် ငါ မညံ့ဘူးဆိုတာ မင်းကို သက်သေပြပါ့မယ် ဆူမီရာ”

ယွမ်ချူးခန်၏ ရင်ထဲက ကြွေးကြော်သံကို မည်သူမှ မကြားလိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် ယွမ်ချူးခန်က ဆူမီရာကို စိုက်ကြည့်နေရာမှ အကြည့်သိမ်းပြီး မင်းသမီးငါးပါးကို ရယ်ပြုံးကာ စကားပြောနေသောကြောင့် ဖြစ်သည်။ နန်ကျောင်မင်းကြီးက အာနန်မင်းကြီးနှင့် သားတော်ကို ကျေးဇူးတင်စကားပြောပြီး သားတော် ယွမ်ချူးခန်၏ မင်္ဂလာကို ကြေငြာလိုက်သည်။ ယွမ်ချူးခန်မင်းသား သောင်းကျန်းမည် ထင်ထား သော်လည်း ယွမ်ချူးခန်က အသာတကြည် အမိန့်ကို နာခံလိုက်သဖြင့် နန်းတော်တခုလုံး အံ့သြသွားကြသည်။ နန်ကျောင် အိမ်ရှေ့ မင်းသားလည်း လူသတ်စစ်တပ်နှင့် ရင်ဆိုင်ရပြီးနောက် လူကြီးဆန်ရင့်ကျက်လာပြီးဟု ထင်ကာ အားလုံးဝမ်းသာနေကြသည်။

သို့သော် တကယ့်တကယ် အဖြစ်မှန်ကို ယွမ်ချူးခန်မှ တပါး မည်သူမှ မသိနိုင်တော့ပါ။

“နန်ကျောင်ပြည် ဒီထက် တောင့်တင်းခိုင်မာရမယ်။ ငါ … တင်ဂီရိထက် သာရမယ်။ ဆူမီရာ…တနေ့ကျရင် မင်းက ငါ့အပိုင်ဖြစ်ရမယ်….”

တင်ဂီရိမင်းသား တစ်ဦးသာ ယွမ်ချူးခန်၏ အမူရာကို အကဲခတ်ပြီး ဒီကောင်လေး အတွင်းထဲမှ အကြံတခုခုရှိနေသည်ကို သတိထားလိုက်မိသည်။ သို့သော် ဆူမီရာကို မိမိအပါခေါ်သွားတော့မည်ဖြစ်သဖြင့် စိတ်တော့အေးသွားသည်။ မယ်မယ်ရှိနေသရွေ့ ထိုကောင်လေး တောင်ပိုင်း တိုင်းပြည်များကို ထိခိုက်ရဲမည်မဟုတ်ဟု တွေးကာ မိမိဆက်လုပ်မည့် အစီစဉ်ကို တွေးကာ ပြုံးနေမိသည်။ မကြာခင် ဆူမီရာကို မိမိနန်းတော်ကို ခေါ်ကာ တရားဝင်ကြေငြာတော့မည်။ ဆူမီရာသည် တောင်ပိုင်းအင်ပါယာ၏ အရှင်သခင်လေး တစ်ဦးဖြစ်စေရမည်ကို တွေးကာ တက်ကြွလို့နေသည်။ ယွမ်ချူုးခန်၏ မျက်ဝန်းသည်လည်း ရှေ့ဆက် လုပ်ရမည့် အစီစဉ်တွေအတွက် တက်ကြွကာ တလက်လက်တောက်ပလို့နေသည်။

ကောင်းကင်တွင် တောင်မြောက် နဂါးဖြူ၊ နဂါးနက် ကြယ်တာရာများ လင်းလက်လို့နေသည်။

Season – 1
ပြီးပါပြီ။

-------------------------------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet