*အရိပ်ကလေး ဖြစ်ပါရစေ

Description

ချစ်သူရဲ့ အထင်လွဲစွန့်ပစ်ခြင်းကို ခံစားရပြီး သူရှိတဲ့မြို့ကိုအရောက်သွားပြီး သူ့မျက်နျာလေးကို အ၀ငေးကြည့်ပြီး သေလမ်းကို ရွေးချယ်သွားတဲ့ အချစ်ကြီးသူတစ်ယောက်အကြောင်း

Foreword

'ဂိတ်ဆုံးရောက်ပါပြီ' ဆိုသော ကားစပယ်ရာရဲ့ စကားသံအဆုံးမှာ မှေးခနဲအိပ်ပျော်နေရာကနေ ကျွန်တော်နိုးလာခဲ့သည်။ ကျိန်းစပ်နေသောမျက်လုံးများကို လက်နှင့်ပွတ်လိုက်ပြီး ကြည့်လိုက်ရာ အလုအယက်ဆင်းနေသည့် ခရီးသည်များကို တွေ့ရသည်။ သူတို့ကို ဦးစားပေးသည့် အနေနှင့်ရော၊ ချစ်တဲ့ကလေးလေးရှိရာမြေကို ခြေချဖို့ရာ အားမွေးသည့်အနေနှင့်ရော ကျွန်တော် ထိုင်ခုံမှာ ဆက်ထိုင်နေလိုက်သည်။

Comments

You must be logged in to comment
No comments yet