အသက်ဝင်နေတဲ့ အိမ်ကလေး

Description

အိမ်တစ်လုံးကို အသစ်စက်စက်ပစ္စည်း၊ ခေတ်ပေါ်ပစ္စည်းတွေနဲ့ဆောက်တာ မြန်တယ်။ လှပခေတ်မှီတယ်။ ဒါပေမယ့် စက်ရုံတွေက ခုမှ ထွက်လာတဲ့ပစ္စည်းတွေက သိပ်ကိုမာကျောတယ် ကိုကို၊ အိမ်သုတ်ဆေးနံ့တွေနဲ့ မွှန်နေတဲ့၊ အရာရာတိုင်းက ပြောင်လက်ပြီး မာကျောတယ်။ မရင်းနှီးဘူး၊ မနွေးထွေးဘူး။ အဲ့လိုအိမ်မျိုးက လူနေအဆောက်အုံသာသာပဲလေ။ ချစ်ခြင်းရနံ့နဲ့လွှမ်းခြုံနေတဲ့အိမ်လို့ ပြောလို့မရဘူး။

ဒါကြောင့် ကျွန်တော်က နေမျိုးဆေးတို့ ဆောက်ထားတဲ့ အိမ်လေးကို အရမ်းသဘောကျတယ်။ လူနဲ့ရင်းနှီးကျွမ်းဝင်ပြီးသား၊ လူရဲ့ အရိပ်ငွေ့တို့ ထုံးမွှမ်းထားတဲ့ နူးညံ့တဲ့အိမ်ကလေး၊ နေထိုင်သူကို နွေးနွေးထွေးထွေးပွေ့ဖက်ပေးနိုင်တဲ့ အိမ်ကလေး၊ အိမ်လေးရဲ့ အုတ်တစ်ချပ်ကအစ လူ့သဘော လူ့မနောကို သိနေပြီး သူ့ကိုထိတွေမိတာနဲ့ ပုံပြင်ကိုယ်စီကို ပြောပြပေးနိုင်တဲ့အိမ်ကလေး။

ပြတင်းပေါက်လေးပေါ်လက်ထောက်ပြီး အပြင်ကို ငေးကြည့်နေရင်း ဟိုး...အရင်တုန်းက ဒီလိုလုပ်ဖူးတဲ့ လူတွေရဲ့ပုံပြင်ကို ပြောရင်း ကိုယ့်ကိုအဖော်ပြုပေးနိုင်တဲ့ အိမ်လေးမျိုးမှာ ကျွန်တော် ကိုကို့ကို စောင့်နေချင်တယ်။

ကိုကို့အချစ်ကိုတွေးပြီး ကိုကို့ကိုလွမ်းတိုင်း ကျွန်တော်ပြောပြရင် စိတ်ဝင်တစားနဲ့ နားထောင်ပေးနိုင်တဲ့ အသက်ဝင်နေတဲ့ အိမ်လေး တစ်လုံးကို ကျွန်တော် ပိုင်ဆိုင်ထားလေရဲ့..

စ၀်ခွန်ပိုင်

 

Comments

You must be logged in to comment
Ghad20
#1
What language is this ??