စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် တင်ပြပြီးသမျှ ဇာတ်လမ်းအကျဉ်းနှင့် ဇာတ်ကောင်များအကြောင်း

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

တင်ပြပြီးသမျှ ဇာတ်လမ်းအကျဉ်းနှင့် ဇာတ်ကောင်များအကြောင်း

 

 

(စစ်နတ်ဘုရား အကြောင်းကိုရေးလာရင်း ဇာတ်အိမ်ကကြီးလာခဲ့တယ်။ ပြီးတော့ ဇာတ်ကောင်တွေများလာလို့ စာဖတ်သူအတော်များများက ရောကုန်တယ်၊ မမှတ်မိတော့ဘူးလို့ သိရလို့ ဇာတ်လမ်းအကျဉ်းလေးကို ကျွန်တော် ပြန်ပြောချင်လို့ပါ။)

 

နန်ကျောင်ပြည့်ရှင်မင်းကြီး ကာလိုခန်က သူ့လက်အောက်ကို လာရောက်ခိုလှုံတဲ့ စစ်ရေးကျွမ်းကျင်တဲ့ လူမျိုးစုခေါင်းဆောင် ယေစုကိုင်းကို စစ်သူကြီးရာထူးခန့်အပ်ပြီး မြှောက်စားခဲ့တယ်။ ယေစုကိုင်းရဲ့ ဇနီးသည်က မောလကစ်အနွယ်ကဖြစ်ပြီး ချောမောလှပတဲ့ရုပ်ရည်ကြောင့်ကျော်ကြားတယ်။ ယေစုကိုင်းရဲ့ ဇနီးဟော်သွန်းကို ကာလိုခန်မင်းကြီးက တပ်မက်လို့ နန်ကျောင်ပြည်ရဲ့အမတ်ချုပ်ကြီး တားဂေါတိုင်းက ဥာဏ်ဆင်ပြီး မိဖုရားဖြစ်အောင် ကြံဆောင်ပေးခဲ့ပါတယ်။

 

ဒါ့အပြင် ယေစုကိုင်းနဲ့အသက် ၁၂ အရွယ်သားလေး တင်ဂီရိကို တောင်ပိုင်းမှာ တိုင်းပြည်တစ်ခုထူထောင်နိုင်လောက်တဲ့ ရွှေငွေ ရတနာတွေနဲ့အတူ နယ်နှင်ဒဏ်ခတ်လိုက်တယ်။ ဒါကြောင့်ယေစုကိုင်းက သားလေးကိုခေါ်ပြီး သူ့မျိုးနွယ်စုတွေကို ဦးဆောင်လို့ တောင်ပိုင်းကိုပြောင်းလာရတယ်။ မပြောင်းလို့လည်းမရဘူးလေ။ သူစစ်ချီလာချိန်ကျန်တဲ့ စစ်သည်တော်တွေရဲ့ ဇနီးမယား မိသားစုကိုတန်ဆာခံလုပ်ထားတာကြောင့် တိုင်းပြည်သစ်ထူထောင်ဖို့ တောင်ပိုင်းကိုပဲ ဆက်လာခဲ့ရတယ်။

 

ဟော်သွန်းက ကာလိုခန်မင်းကြီးအတွက် သားတော်လေးကို မွေးပေးပြီးနောက် တန်ဆာခံထားတဲ့ သူတွေကိုလွှတ်ခိုင်းလိုက်တယ်။ ဟော်သွန်းကို မြတ်နိုးလွန်းတဲ့မင်းကြီးက လွှတ်ပေးလိုက်တယ်။ ဟော်သွန်းက ခင်ပွန်းနဲ့သားတော်ကြီးကို လွမ်းဆွတ်ရင်း နန်ကျောင်နန်းတွင်းမှာ သားတော်ငယ်ကို ပျိုးထောင်ရင်းနေထိုင်လာခဲ့တယ်။ ယွမ်ချူးခန်ဆိုတဲ့ သားလေးက တဖြည်းဖြည်းကြီးလာတော့ သူ့မှ မယ်တော်အမြဲတမ်းတနေတဲ့ နောင်တော်တစ်ယောက် ရှိတယ်ဆိုတာကိုသိသွားတယ်။ ပြီးတော့ သူ့ခမည်းတော်ကို မယ်တော်လုံးဝမချစ်တာကိုသိသွားတဲ့ ယွမ်ချူးခန်က ယေစုကိုင်းတို့ သားအဖကိုရန်ငြိုးထားတော့တယ်။

 

တောင်ပိုင်းကိုထွက်သွားတဲ့ ယေစုကိုင်းတို့သားအဖက တုံလေဆပ်အိုင်လွင်ပြင်မှာ အာနန်ပြည်ကိုထူထောင်တယ်။နောက်ပြီး သားတော်ကို မဟာမိတ်ရဖို့အတွက် ငွေတောင်ပြည်ကိုလွှတ်ပြီး ပညာဆည်းပူးခိုင်းတယ်။ ငွေတောင်ပြည်က ဆူမီရာဆိုတဲ့ မင်းသားလေးက တင်ဂီရိကို အသည်းစွဲချစ်လို့ အနောက်ကတကောက်ကောက်လိုက်ရင်း တင်ဂီရိလည်း ဆူမီရာကို အသက်လိုကို ချစ်ခင်ခဲ့တယ်။ သုံးနှစ်ပညာသင်ပြီး တင်ဂီရိက အရှေ့ဘက်ပင်လယ်ပြင်ကို ချူုတိုင်းပြည်က မင်းသားချူလူလူရဲ့ မိခင်ဘက်က အဖိုး ပင်လယ်လူမျိုးစုအကူအညီနဲ့ ရေတပ်ကိုဖွဲ့တယ်။ အရှေ့ဘက်ပင်လယ်ကိုအုပ်စိုးနေတဲ့ ပင်လယ်ဓါးပြတွေကို မောင်းထုတ်တယ်။ ရေတပ်အင်အားကြီးအောင်လုပ်ဆောင်လာတယ်။

 

ဆူမီရာနဲ့အတူ ကျောင်းတော်မှာ သူငယ်ချင်းတွေက လျံတိုင်းပြည်က မင်းသမီးမီဒယ်၊ ချူတိုင်းပြည်က မင်းသားချူလူလူ တို့ဖြစ်တယ်။ မီဒယ်ကို သူ့ရဲ့အစ်ကိုဝမ်းကွဲ ထန်တိုင်းပြည်မင်းသားထန်လိုခိက တဖက်သတ်ချစ်နေပြီး ချူလူလူကို လုတိုင်းပြည်က မင်းသား တိုလုအီက တဖက်သတ်ချစ်နေတယ်။ မီဒယ်က ၀ူတိုင်းပြည်က မင်းသားဂျူဒါအမ်းကို တဖက်သတ်ချစ်နေတယ်။ (ပတ်ရှုပ်နေတာပဲနော်..)

 

ဆူမီရာနဲ့ငါးနှစ်ခွဲခွာတဲ့ မင်းသားတင်ဂီရိက အရှေ့ပိုင်းတခွင်ကို အခြေခိုင်အောင်လုပ်ပြီးနောက် အနောက်ဘက်တိုင်းပြည်တွေကို ချစ်ကြည်ရေးခရီးစတယ်။ အဲ့ချိန် ဆူမီရာက ဆယ့်ခြောက်နှစ်ရှိပြီနော်။ ချစ်စရာအကောင်းဆုံးအရွယ်လေး။ တင်ဂီရိရဲ့ နှလုံးသည်းပွတ်လေး။ ဆူမီရာလေးကို အတူခေါ်လို့ ချူတိုင်းပြည်၊ လျံတိုင်းပြည်တွေကို လှည့်လှည်လို့ တစ်လလောက်ခရီးထွက်ကြတယ်။ ချူတိုင်းပြည်က ချူလူလူလေးက သူ့ဖိုးဖိုးနဲ့အတူလိုက်ပါဖို့ တင်ဂီရိက နည်းနည်းတော့ အင်အားပြရတာပေါ့။

 

လုတိုင်းပြည်က မင်းသားတိုလုအီက အင်အားကိုချဲ့ထွင်ဖို့ ၀ူတိုင်းပြည်ကို သံတမန်ခရီးသွားရင်း ဖိအားပေးခဲ့တယ်။ ထန်တိုင်းပြည်က မင်းသားတိုလုအီက ဟီဒယ်ကို လက်ထပ်ပြီး ထန်နဲ့လျံတိုင်းပြည်ကိုပူးပေါင်းချင်တယ်။ အဲ့အချိန် နန်ကျောင်ပြည်က မင်းသားယွမ်ချူးခန်က သူ့ကိုယ်ကိုယ် ပန်တိုင်းပြည်မင်းသားပါလို့ပြောပြီး ဆူမီရာကို သူနဲ့အတူ ခရီးတလလှည့်လည်ဖို့ ငွေတောင်မင်းကြီးကို အကျပ်ကိုင်ပြီး သဘောတူစေတယ်။

 

ဆူမီရာလေးက သူ့နောင်တော် တင်ဂီရိရဲ့ ကတိကိုချိုးဖောက်ပြီး ကီလာတိုင်လို့သိထားတဲ့ မင်းသားလေးနဲ့အတူ ခရီးထွက်ရင်း လီတိုင်းပြည်ကိုရောက်တယ်။ အာနန်စစ်သူကြီး ဗော်ချူးရဲ့ မိသားစု အသတ်ခံရပြီး စစ်သူကြီးသမီး မေ၀ါးကိုကယ်တင်ပေးနိုင်ခဲ့တယ်။ နောက် မုတိုင်းပြည်ထဲကိုရောက်တော့ နောင်တော် တင်ဂီရိရဲ့နောက်လိုက် မုယုံချင်း ရဲ့ အကောက်ကြံမှုကြောင့် သေပြေးရှင်ပြေးထွက်ပြေးပြီး ဟီဒယ်တို့ လျံတိုင်းပြည်ထဲကိုရောက်လာတယ်။

 

အဲ့ချိန် ၀ူတိုင်းပြည်မိဖုရားခေါင်ကြီးက သားတော် ဂျူဒါအမ်းအတွက် မိဖုရားတောင်းဖို့ လျံတိုင်းပြည်ကိုရောက်နေတယ်။ ၀ူမိဖုရားခေါင်ကြီးက ဟီဒယ်နဲ့မီဒယ် နှစ်ယောက်ထဲက ဘယ်သူ့ကို ချွေးမအဖြစ်တောင်းမလဲ။ ၀ူတိုင်းပြည် မင်းသား ဂျူဒါအမ်းကို နှမတော်ဟီဒယ်က ချစ်နေတာကို သိသွားတော့ ထန်လိုခိက ငြိမ်ခံနေမလား။

 

နောင်တော် တင်ဂီရိ မသိအောင် လျံတိုင်းပြည်ထဲရောက်နေတဲ့ ဆူမီရာနဲ့ကီလာတိုင်ကို ထန်လိုခိ ပက်ပင်းမိသွားမလား။ ထန်တိုင်းပြည်က လျံတိုင်းပြည်ကို ဘယ်လိုသိမ်းပိုက်လိုက်မလဲ။ ကီလာတိုင်က ယွမ်ချူးခန်ဆိုတာကို ဆူမီရာ ဘယ်လိုသိသွားမလဲ။ တင်ဂီရိရဲ့ လက်ချက်နဲ့ ယွမ်ချူးခန် အသက်မသေအောင် ဆူမီရာ ဘယ်လိုကယ်တင်မလဲ ဆိုတာကို စစ်နတ်ဘုရားရဲ့ အချစ်ဥယျာဉ် နောက်ပိုင်းခန်းလေးကို ဆက်ကြည့်ကြပါစို့လားဗျာ။

 

ကာလိုခန် - နန်ကျောင်ပြည့်ရှင် ခန်မင်းကြီး

တားဂေါတိုင်း - နန်ကျောင် အမတ်ချုပ်ကြီး

ယေစုကိုင်း - အာနန်ပြည့်ရှင်မင်း

ဟော်သွန်း - မောလကစ် မင်းသမီး။ ယေစုကိုင်း၏ ချစ်ဇနီး။ လက်ရှိ နန်ကျောင်ပြည်ရဲ့ ဧကရီ

တင်ဂီရိ- အာနန်မင်းသား( စစ်ဘုရင် ကုလန်)

ဆူမီရာ -  ငွေတောင်မင်းသားလေး။ (တင်ဂီရိရဲ့ အသည်းနှလုံး)

ယွမ်ချူးခန် -  နန်ကျောင်အိမ်ရှေ့မင်းသား၊ (ကီလာတိုင်)

ဟီဒယ် - လျံအိမ်ရှေ့မင်းသမီး

မီဒယ် -  လျံမင်းသမီး

ထန်လိုခိ - ထန်မင်းသား (တင်တက်ရင်ရဲ့ညာလက်ရုံး)

တိုလုအီ - လုတိုင်းပြည်မင်းသား (တင်ဂီရိ ဘယ်လက်ရုံး)

ချူလူလူ -  ချူတိုင်းပြည်မင်းသား (ပင်လယ်လူမျိုစုရဲ့ဆက်ခံသူ)

ဂျူဒါအမ်း -  ၀ူတိုင်းပြည်မင်းသား ( ဟီဒယ် တဖက်သတ်စွဲလမ်းသူ)

ဂျူရိဖန်း - ၀ူတိုင်းပြည်မင်းသမီး (တိုလုအီကို စိတ်ဝင်စားသူ)

 

 

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet