စစ်နတ်ဘုရား၏ အချစ်ဥယျာဉ် အပိုင်း (65)

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

အပိုင်း (65)


“နောင်တော်…နောင်တော်…”

 

ဆူမီရာသည် နောင်တော်နှင့်တွေ့နေကျနေရာလေးကို တိတ်တဆိတ်ထွက်လာပြီ တိုးတိုးခေါ်လိုက်တော့ မိမိအနောက်မှ ထွေးပွေ့လိုက်သည်ကို ခံစားလိုက်ရပြီးရင်ထဲ လုံခြုံသွားသည်။
 

“နောင်တော်… ”
 

“ကိုယ်မှန်းဘယ်လိုသိလဲ…”
 

“နောင်တော့်အထိအတွေ့နဲ့ ကိုယ်နံ့ကိုမှတ်မိပါတယ်ဗျ။ တသက်လုံး နောင်တော်နဲ့အတူနေလာတာ… မမှတ်မိစရာလား…”

 

ထိုစကားလေးကိုကြားသော် တင်ဂီရိ စိတ်မထိန်းနိုင်တော့ပဲ မျက်နှာချင်းဆိုင်ဆွဲပွေ့ကာ ချစ်စဖွယ်စကား ဆိုတတ်သည့် နူတ်ခမ်းလေးကို အပိုင်စီးလိုက်တော့သည်။ အပေါ်နူတ်ခမ်းကို နမ်းလိုက်၊ အောက်နူတ်ခမ်းကိုစုပ်လိုက်၊ ဖွဖွကိုက်လိုက်နှင့် နမ်းရင်းနမ်းရင်း ပိုပိုနမ်းချင်လာတော့သဖြင့် ဆူမီရာ၏ကိုယ်လေးကို သိုင်းဖက်ထားပြီး အနမ်းမုန်တိုင်းတိုက်နေတော့သည်။ ဆူမီရာသည် နောင်တော့်ကျောပြင်ကို သိုင်းဖက်ထားပြီး မျက်လုံးကိုမှိတ်ထားလိုက်တော့သည်။ နောင်တော်၏ အနမ်းများက မိမိကြုံဖူးသည်နှင့်မတူပဲ ပိုပြင်းပြနေသည်။ နောင်တော်ဖက်ထားသည့် လက်အစုံက ပိုတင်းနေပြီးလှုပ်လို့မရအောင် ရင်ခွင်ထဲချုပ်မိနေသည်။ နောင်တော့်နူတ်ခမ်းနှင့် ထိမိသည့်နေရာတိုင်း ထူးထူးဆန်းဆန်းပူလောင်လာခဲ့သည်။

 

မိမိ၏နူတ်ခမ်းများကို ပျားရည်လိုသဘောထားပြီး ထပ်ခါထပ်ခါ စုပ်ယူနေသည်။ ဒ့ါအပြင် အားမလိုအားမရနှင့် စုပ်လိုက်၊ ကိုက်လိုက်လုပ်နေသည်က ဆူမီရာ၏ သွေးကိုဆူလာစေသလိုပင်။ တကိုယ်လုံးပူလာသည်။ မိမိအောက်ပိုင်းက တင်းလာသလိုခံစားရပြီး ကတုန်ကယင်ဖြစ်လာသည်။ လူပျိုဖြစ်ပြီးကတည်းက ပထမဆုံးသွေးဆူအောင်ခံစားလာရခြင်း ဖြစ်သည်။ သမားတော်တစ်ယောက်ဖြစ်သော်ကြောင့် ခန္တာကိုယ်၏ ပြောင်းလဲပုံကို သိသောကြောင့် မိမိဘာဖြစ်နေသည်ကို နားလည်ပြီး ဆူမီရာ ရှက်သွားသည်။ ပိုဆိုးသည့်အချက်က နောင်တော့်လက်များက မိမိခါးမှတဆင့် တင်ပါးပေါ်ရောက်ပြီး ဖျစ်ညစ်နေသဖြင့် မိမိသွေးဆူလာပုံရသည်။

 

“နောင်တော်…. လွှတ်ပါဦး…”

 

ဆူမီရာက နောင်တော့်အနမ်းမှ ခဏလွတ်စဉ် အလုအယက်ပြောလိုက်သည်။ မျက်နှာတခုလုံးလည်း နီနေပြီ။ မတော်လို့ မိမိအောက်ပိုင်းကဖြစ်ပျက်နေသည်ကို နောင်တော်သိသွားလျှင် အရှက်ကွဲတော့မည်။ တင်ဂီရိသည် ဆူမီရာ၏  နားရွက်ဖျား ကို ဖွဖွကိုက်ရင်းမေးလိုက်သည်။
 

“ကိုယ်နမ်းတောကို မကြိုက်လို့လား…..”

 

နောင်တော့် အသံက နားနားမှကပ်ပြီးထွက်ပေါ်လာသည်။ ထိုအသံကလှိုက်မောသံပါသည်။ လိုချင်တပ်မက်သည့် အသံများဖြင့် ပြည့်နေသည်။ ဆူမီရာ ထိုအသံကိုကြားသော် ဆတ်ခနဲပင်ဖြစ်သွားသည်။ ယနေ့မှ ဘာဖြစ်သည်မသိတော့။ နောင်တော်လည်း ထူးခြားနေသလို မိမိလည်းထူးခြားနေသည်ဟု ခံစားရသည်။ နောင်တော့် စကားကိုကြားသည်နှင့် မိမိအောက်ပိုင်းမှ ပိုပိုတင်းလာသည်ကို သိလိုက်ပြီး ရှက်သွားသည်။ မိမိစိတ်က နောင်တော့်အပေါ် ဖောက်ပြန်နေသည်ကို နောင်တော်သိလျှင် ရှက်လို့သေသွားလောက်သည်ဟု တွေးနေစဉ် နောင်တော့်ပေါင်ကက မိမိခြေထောက်ကြားကို တိုးဝင်လာပြီး ပွတ်လိုက်စဉ် ဆူမီရာလန့်ကာ အတင်းလူခြင်းခွာရန် ကြိုးစားသော်လည်း နောင်တော်က သဘောကျစွာဖြင့် ရယ်မောကာ မိမိလည်ပင်းကို နမ်းစုပ်ရင်း ပြောလိုက်သည့် စကားကြောင့် ခေါင်းမဖော်နိုင်အောင်ဖြစ်သွားသည်။

 

“ကိုယ့်ကို ဘာကြောင့် ငြင်းဆန်ချင်တာလဲကွာ…. မီရာလေးရဲ့ ညီလေးက ကိုယ့်ကို လိုလားနေပြီ…”
 

“မဟုတ်ဘူး…အဲ့ဒါ…ကျွန်တော် ဆီးသွားချင်လို့တင်းနေတာ….”

 

တင်ဂီရိသည် ရှက်ရှက်နှင့် ပြောမိပြောရာလျှောက်ပြောနေသည့် ကောင်လေးကို စွေ့ခနဲပွေ့ကာ ကုတင်ပေါ်တင်လိုက်ပြီး အပေါ်မှဖိမိုးကာ နှာခေါင်းဖျားကို နမ်းရင်းပြောလိုက်သည်။
 

“ဟုတ်လား…. ဒါဆို ကိုယ်ကြည့်မယ်…မဟုတ်ရင် အပြစ်ပေးမယ်….”

 

နောင်တော့်အကြည့်များက ခါတိုင်းထက်စူးရဲ့ကာ အစာတွေ့သည့် ကျားရဲကြီးလိုဖြစ်နေသည်။ ထိုပုံကိုကြည့်ပြီး ဆူမီရာ၏ ရင်ထဲ အပျော်လေးနှင့်အတူ စိုးရွံ့ခြင်းတို့ ရောယှက်ဖြစ်လာခဲ့သည်။ နောင်တော်က မိမိခါးစည်းကြိုးကို ဆွဲဖြုတ်လိုက်စဉ် ဆူမီရာလန့်သွားခဲ့သည်။ မိမိတို့အတူကြီးပြင်းလာသည်ဆိုသော်လည်း ယခုလောက် မိမိတို့မနီးစပ်ခဲ့ဖူးပေ။ နောင်တော့်လက်ကို အလန့်တကြားဆုပ်ကိုင်ကာ ငြင်းလိုက်သည်။
 

“ဟင့်အင်း…နောင်တော်…မသင့်တော်ပါဘူး…ကျွန်တော်တို့ ရပ်လိုက်ကြစို့ဗျာ…”

 

ဆူမီရာ ထိုစကားကို အားတင်းပြီးပြောလိုက်သည်။ မိမိအောက်ပိုင်းက တင်းနေစဉ် နောင်တော်မြင်သွားမှာကို ရှက်သည်။ သို့သော် တင်ဂီရိသည် ဆူမီရာ၏ မျက်လုံးထဲမှ ဒွဟဖြစ်နေသည်ကို ကောင်းကောင်းသိပြီး တချက်ရယ်မောကာ နူတ်ခမ်းကိုဖိနမ်းလိုက်သည်။ ဒီတစ်ခါ အနမ်းသာမက လျှာကိုသုံးပြီး ဆူမီရာ၏ လျှာလေးကိုရစ်ယူလိုက်သည်။ ပြင်းပြသည့် အနမ်းပုံစံသစ်ကြောင့် ဆူမီရာ အားပျော့သွားပြီး နောင်တော့်လည်ပင်းကို သိုင်းဖက်ကာ မျှောပါသွားစဉ် တင်ဂီရိက ကျွမ်းကျင်စွာဖြင့် ဆူမီရာ၏ အောက်ပိုင်းအ၀တ်ကိုချွတ်ပစ်လိုက်သည်။ ဆူမီရာ မျက်လုံးပြူးသွားသည့်အချက် တင်းမာနေ သည့် မိမိညီလေး နောင်တော့်လက်ထဲ လုံးလုံးကျရောက်သွားသောကြောင့်ဖြစ်သည်။
 

“ဟင့်…အင်း….”

 

ငြင်းဆန်သော်လည်း နောင်တော့်အနမ်းက စကားမဆိုနိုင်အောင် ပိတ်လိုက်သည့်အပြင် သန်မာသည့် စစ်ဘုရင်လက်ထဲ ကျရောက်သွားသည့် အကျဉ်းသားလေးက နည်းနည်းမှမတည်ငြိမ်နိုင်ပဲ တဆတ်ဆတ်တုန်ယင်နေပြီး ခဏကြာသည်နှင့် သူ့ရဲ့စစ်ကြောနေသည့် လက်ကြီးထဲ တောင့်မခံနိုင်ပဲ မျက်ရည်ယိုစီးကာ အရှုံးပေးလိုက်ရတော့သည်။

ဆူမီရာသည် တကိုယ်လုံးလွင့်ခနဲဖြစ်သွားသည့် ခံစားချက်နှင့်အတူ အရှက်ဟူသမျှ ကုန်ပြီဟုတွေးမိပြီး မျက်လုံးထောင့်မှမျက်ရည်စီးကျလာခဲ့သဖြင့် နောင်တော့်ကို ကျောခိုင်းကာ ကွေးကွေးလေးအိပ်နေတော့သည်။
 

“မီရာလေး….. မီရာလေးရာ…. ဘာမှရှက်စရာမလိုဘူး…ဒါက ယောကျာ်းလေးတိုင်းဖြစ်တတ်တဲ့ သဘာဝပဲ… နောင်တော်တို့လည်း ဒါတွေကို ဖြတ်ကျော်ခဲ့တယ်… ယောကျာ်းလေးတိုင်း ဒါကိုဖြတ်ကျော်ခဲ့တယ်။ ”
 

“ဒါပေမယ့် ဘယ်သူမှ နောင်တော့်ကို မလုပ်ပေးဘူးမလား….”
 

“မလုပ်ပေးဘူး။ ဒါပေမယ့် မီရာလေးကို လုပ်ပေးခွင့်ရတာ နောင်တော် ကျေနပ်တယ်။ နောင်တော်က မီရာရဲ့ ပထမဖြစ်ခွင့်ရတဲ့အတွက် ၀မ်းသာတယ်….”

 

တင်ဂီရိပြောရင်း စိတ်မထိန်းနိုင်တော့ပဲ ကလေးလေးလို ဖြူစင်လှသည့် ချစ်သူလေးကို ဆွဲလှည့်ကာ သည်းသည်းမဲမဲအနမ်း ပေးတော့သည်။ ဒီတစ်ခါ နူတ်ခမ်းကိုမဟုတ်တော့ပဲ ဆူမီရာ၏ တကိုယ်လုံး မိမိမြတ်နိုးမိသည့် အစိတ်အပိုင်းတိုင်းကို အမှတ်တဆိပ်ခတ်နှိပ်တော့သည်။

 

ဆူမီရာသည် နောင်တော့်နူးညံ့ခြင်းနှင့် ကြမ်းတမ်းခြင်းရောယှက်နေသည့် အနမ်းကြောင့် အသက်ရှုမှားရပြန်သည်။ နားသီးဖျားကို ငုံပြီးလျှာနှင့်ကလိစဉ် ကြက်သီးများဖြန်းခနဲထသွားရသည်။ နောက် လည်ပင်းများကို ဖိစုပ်သည်။ လည်ပင်းညှပ်ရိုးများကို ခပ်ပြင်းပြင်းနမ်းရင်း အောက်ပိုင်းကို ဆင်းသွားသည်။ နောင်တော်၏ နှိပ်စက်မှုက မိမိကိုယ်ပေါ် အရာများစွာချန်ထားခဲ့သည်။ ဆူမီရာသည် အသံမထွက်အောင် တောင့်ထားသော်လည်း နှိပ်စက်လွန်းသည့် နောင်တော်ကြောင့် ညည်းသံသဲ့သဲ့ထွက်လာမိသည်။ ရင်ဘတ်မှအဖုနှစ်ခုက အသံထွက်စေသည့် ခလုတ်ပမာဖြစ်နေပြီး ထိုနေရာကို ထပ်တလဲလဲထိနေသဖြင့် မိမိညီလေးက ထပ်ပြီး မာလာပြန်သည်။
 

“ဟင့်အင်း…နောင်တော်….”

 

ဒီတစ်ခါ မိမိညီလေးကို သူငိုအောင်ထပ်လုပ်ပြန်သည်။ သူ့ခေါင်းကို အတင်းတွန်းဖယ်ရန် ကြိုးစားသော်လည်း စစ်ဘုရင်ကြီး ကုလန်၏ခွန်အားကို မိမိမယှဉ်နိုင်ခဲ့ပါ။ ထိုနေ့ည မိမိကို သူစိတ်တိုင်းကျနှိပ်စက်ခဲ့သည်။ တတိယအကြိမ်မြောက်ငိုကျွေးရစဉ် ဆူမီရာ ပင်ပန်းလွန်းပြီး သူ့ရင်ခွင်ထဲ အိပ်ပျော်သွားတော့သည်။ တင်ဂီရိသည် ဆူမီရာ၏ ကိုယ်မှ မိမိအမှတ်တံဆိပ်များကို ဖွဖွပွတ်ကာ ပြုံးပြီး ကလေးလေးကို အ၀တ်ပြန်ဝတ်ပေးကာ တိတ်တဆိတ်ပြန်လာခဲ့တော့သည်။

 

----------------------------------------

 

ယွမ်ချူးခန်သည် မယ်မယ့်ထံမှ သနားဂရုဏာကို အနုနည်းဖြင့် ချူယူပြီးနောက် စိတ်ချသွားခဲ့သည်။ မယ်မယ် မိမိတို့ သားအဖကို စွန့်ခွာသွားတော့မည် မဟုတ်ပေ။ မိမိမယ်မယ်ကို မည်သူနှင့်မှ မျှဝေမပေးနိုင်ပါ။ ခမည်းတော်လည်း မှားခဲ့ပြီ။ ဒီအတွက် မယ်မယ့်အမုန်းကို မိမိတသက်စာ ရခဲ့ပြီးပြီ။ တော်ပြီလေ။ ဒါဆို မယ်မယ့်ကို မိမိတို့ ဘာလို့ ထပ်ပြီး အဆုံးခံ ရမလဲ။ ခမည်းတော် နတ်ရွာစံသွားလျှင် မိမိအတွက် မယ်မယ်ကျန်ရစ်ခဲ့ဖို့လိုအပ်သည်။ ပြီးတော့ မိမိအနားတွင် ဆူမီရာလည်း ရှိဖို့လိုအပ်သည်။ ဆူမီရာရှိလျှင် မိမိနှလုံးသားက ငြိမ်းချမ်းပြီး အမှားမှန်ကိုခွဲခြားနိုင်သည်။ ဆူမီရာသာ မိမိနားရှိလျှင် တင်ဂီရိထက် ကောင်းသည့် တော်သည့် လူတစ်ယောက်ဖြစ်အောင် မိမိကြိုးစားနိုင်ပါသည်။ ဒါကြောင့် မိမိအတွက် ဆူမီရာလည်း လိုအပ်သည်။ ဒီကာလအတွင် ဆူမီရာကို မိမိရဖို့လိုအပ်သည်။

 

ယွမ်ချူးခန်သည် ဆူမီရာ ခါတိုင်းရောက်နေကျအချိန် မယ်မယ့်နန်းဆောင်ကို ရောက်မလားသေးသဖြင့် စိုးရိမ်ပြီး ထွက်လာခဲ့သည်။ ဆူမီရာရှိသေးရဲ့လားဆိုသည့် အတွေးဝင်လာပြီး ရင်တွေပူလာခဲ့သည်။ ဟိုလူနောက်ပြန်ပါသွားပြီလား… ဒီအတွေးကြောင့် ယွမ်ချူးခန် ကြောက်ရွံ့လာခဲ့သည်။
 

“မီရာ…မီရာ…”

 

ဆူမီရာ၏ အိပ်ဆောင်မှာ လူမရှိသဖြင့် ယွမ်ချူးခန်၏ စိုးရိမ်စိတ် ငယ်ထိပ်တက်ဆောင့်သွားခဲ့သည်။ ဒါကြောင့် အပြင်ကို ဂမူးဂရူးထွက်လာစဉ် အပေါက်ဝတွင် ဆူမီရာနှင့် တိုးတော့သည်။ ဆူမီရာက ရေချိုးဆောင်မှထွက်လာပုံရသည်။ ဆံပင်များ ရေစိုလျက် ရေချိုးခန်းဝတ်ရုံဝတ်ဆင်ထားသည်။ ယွမ်ချူးခန်သည် ဆူမီရာကိုတွေ့သည်နှင့် ၀မ်းသာအားရဖက်ပစ်ကာ ရေရွတ်လိုက်မိသည်။
 

“ငါ မင်း မရှိတော့ဘူးထင်နေတာ…..”
 

“ဘာလို့ အဲ့လိုထင်တာလဲကွာ…. ငါ သွားရင် မင်းကို သေချာနူတ်ဆက်ပြီးမှာ သွားမှာပါကွ။ စိတ်ချ… ငါ တိတ်တိတ်လေး ထွက်မသွားဘူး။ ဘာကြောင့်လဲ ဆိုတော့ မင်းက ငါ့သူငယ်ချင်းဖြစ်သလို့ပဲ…”

 

ဆူမီရာပြောပြီး ယွမ်ချူးခန်၏ ကျောကို အသာပုတ်လိုက်သည်။ ယွမ်ချူးခန်သည် ရေချိုးပြီးကာစ လတ်ဆတ်သည့် ရနံ့ကိုရသော် ရုတ်တရက် သွေးတို့ဆူဝေလာပြီး ဆူမီရာ၏လည်ပင်းကို ငုံနမ်းမည်အပြုမြင်လိုက်ရသည့် အမှတ်သားများကြောင့် မျက်နှာတစ်ခုလုံး မဲမှောင်သွားခဲ့သည်။
 

“မင်း…ကို…ဘယ်သူ နမ်းခဲ့တာလဲ….”

 

ယွမ်ချူးခန်သည် ဆူမီရာနှင့်လူချင်းခွာလိုက်ပြီး ဗြုန်းခနဲ ရေချိုးဝတ်ရုံကို ဆွဲချလိုက်ပြီးမေးလိုက်သည်။ အပေါ်ပိုင်းဟင်းလင်းဖြစ်သွားတော့မှ ဆူမီရာ၏ကိုယ်ပေါ်မှ အမှတ်များ နေရာအနံ့ရှိနေသည်ကို တွေ့လိုက်ရပြီး ယွမ်ချူးခန် လူသတ်ချင်ရိပ်ပေါ်လာခဲ့သည်။ ဘယ်သူက မိမိမျက်စိအောက်က တန်ဖိုးထားရသည့် အစာကို ခိုးစားနေတာလဲဟု တွေးလိုက်မိစဉ် မျက်လုံးထဲ လူတစ်ယောက်၏ပုံရိပ်ကို တန်းမြင်လာပြီး ဆူမီရာ၏ င်္အကျီလည်ပင်းစကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

 

“မင်းကို ဘယ်ကောင်နမ်းခဲ့တာလဲ။ ဟိုလူပဲလား..ဟင်…ပြောစမ်းပါ…ဟို တစ်ယောက်ပဲလား..”
 

“မင်း ဘာလုပ်တာလဲ ယွမ်ချူးခန်…. ဖယ်စမ်း..မင်း…”

 

ဆူမီရာ သည် မိမိအ၀တ်ကို အမြန်ပြန်ဆွဲတင်ပြီး ယွမ်ချူးခန်ကို ရှက်ဒေါသနှင့် တွန်းကာပြောလိုက်သည်။ မိမိဖာသာ ဘယ်သူနှင့်နမ်းနမ်း သူ့အပူပါတာမှတ်လို့..ဟုတွေးမိသည်။ သို့သော် ယွမ်ချူးခန်က မိမိကိုယ်မှအမှတ်များကို ကြည့်ပြီး ဒိန်းဒလိန်း ပူးနေသည်ကိုတော့ ဆူမီရာမသိလိုက်ပါ။
 

“ဟမ်… ပြောစမ်းပါ။ မင်းတကိုယ်လုံးကို အနီမှတ်တွေပွနေအောင်ကို နမ်းသွားတာ ဘယ်ကောင်လဲ။ မင်းကိုနမ်းရုံမကဘူး ဘာလုပ်သွားသေးလဲ။ မင်းကိုယ်ကို ပေးလိုက်သေး….”

 

ယွမ်ချူးခန် ဒေါသမထိန်းနိုင်ပဲ ဆူမီရာ၏ ပုခုံးကို အားနှင့်ဆုပ်ကိုင်ကာ ခါယမ်းရင်း ပေါက်ကွဲစွာမေးလိုက်စဉ် စကားမဆုံးခင် ဆူမီရာ၏ ဒေါသလက်သီးက မေးရိုးကို ခပ်ပြင်းပြင်းကျရောက်လာခဲ့သည်။
 

“မင်း… ငါ့ကိုစော်ကားလှချည်လား… ငါက ယောကျာ်းတစ်ယောက်ပါ… မင်း မေးလိုက်တဲ့အဓိပ္ပါယ်က ဘာဆိုတာ မင်း သိရဲ့လား။ မင်းပါးစပ်က ဒီလောက်အောက်တန်းကျတဲ့ စကားလုံးထွက်လာမယ်လို့ ငါမထင်ထားဘူး ချူးခန်…”
 

“မင်း ယောကျာ်းတစ်ယောက်ဆို အခြားလူကို မင်းရဲ့ခန္ဓာကိုယ်ကို စိတ်တိုင်းကျလုပ်ခွင့်ပြုရလားကွ… မင်းက ဘာကြောင့် တန်ဖိုးမထားပဲ အဲ့လိုအနမ်းခံရတာလဲ။ ဒါ့အပြင် မင်းကိုလိုချင်တယ်ဆို မင်းက သူ့မယားအဖြစ်နေပေးဦးမှာလား…”
 

ဆူမီရာသည် ယွမ်ချူးခန်၏ ပြောစကားကြောင့် နာကြည်းပြီး ထိုးပစ်မည်အပြု သူ့မျက်လုံးထဲမှ စီးကျလာသည့် မျက်ရည်များကြောင့် ထိုးမည့်လက်သီးပင်တန့်သွားခဲ့သည်။ ဆူမီရာ၏ စိတ်ထဲတွင် ဒေါသနှင့် နားမလည်ခြင်းတို့ ရောကာ ခေါင်းရှုပ်လာခဲ့သည်။ ယွမ်ချူးခန်လို ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိမိရှေ့တွင် ဟန်ဆောင်မှုကင်းမဲ့စွာဖြင့် ငိုနေသည်ကိုကြည့်ကာ စိတ်ညစ်သွားသည်။

 

“ငါ့ကို မင်းအထင်သေးချင်သေးလို့ရတယ် ချူးခန်… ငါက ယောကျာ်းတစ်ယောက်ပါ။ ငါ့ကိုယ်ကို အခြားလူ ထင်သလို လုပ်တယ် ဆိုပြီး မင်းဝမ်းမနည်းပါနဲ့။ ငါ့အသက်ထက်ချစ်ရတဲ့ သူက တန်ဖိုးထားပြီးနမ်းတာကို ငါလက်ခံခဲ့ရုံပဲရှိတယ်။ သူ့ကို ငါချစ်တာထက် ပိုတယ် ချူးခန်။ ငါ မင်းကိုပြောခဲ့သလို ငါ ဒီလိုတော်တဲ့သမားတော် တစ်ယောက်ဖြစ်လာတာ သူ့ကို ကူညီချင်တဲ့ စိတ်ကြောင့်ပါ။ သူက ငါ့ ခန္ဓာကိုယ်တင်မကဘူး ငါ့ စိတ်ကိုလည်း ပိုင်တယ်… သူက ငါ့ကိုလိုအပ်တယ်လို့ ပြောရင် ဘာမဆို ငါလိုက်လျောမိမှာပဲ…”

 

ထိုစကားကိုကြားသော် ယွမ်ချူးခန် စကားတစ်ခွန်းမှ မပြောပဲလှည့်ထွက်ခဲ့သည်။ ယွမ်ချူးခန် ပြေးသည်။ ခပ်မြန်မြန် ပြေးထွက်ခဲ့သည်။ မိမိလမ်းကြောင်းတစ်လျှောက်မှ လူများကို တိုက်ကာ မမြင်မကန်း ပြေးခဲ့သည်။ နောက်ဆုံး တစ်နေရာရောက်သော် ယွမ်ချူးခန်လဲကျသွားတော့သည်။ မိမိရောက်သည့်နေရာ ဘယ်နေရာမှန်းမသိတော့။ ယွမ်ချူးခန်၏ ခေါင်းထဲတွင် ဆူမီရာ၏ စကားလုံးတို့ဖြင့်ပြည့်ကြပ်နေခဲ့သည်။ ချစ်သောသူကို မပိုင်ဆိုင်ရသေးခင် ဆုံးရှုံးနှင့်ပြီဆိုသည့် ခံစားချက်ကို မကြုံဖူးလျှင် မည်သူမှ နားလည်နိုင်မည်မဟုတ်သည့် တစ်ဆို့နာကျင်ခြင်း။ ထိုဝေဒနာကြောင့်ယွမ်ချူးခန်၏ စိတ်နှလုံးညှိုးချုံးကာ လဲကျသွားတော့သည်။
 

“သားတော်လေး… ချူးခန်… လာကြပါဦး…”
 

“မယ်…မယ်…”

 

မယ်မယ့် အသံကိုနောက်ဆုံးကြားလိုက်ပြီးနောက် ယွမ်ချူးခန်၏ အသိလုံးဝအမှောင်ဖုံးသွားတော့သည်။

ဆူမီရာသည် ယွမ်ချူးခန် စိတ်ထိခိုက်စွာဖြင့် ပြေးထွက်သွားသည်ကိုကြည့်ပြီး စိတ်ညစ်ညူးသွားတော့သည်။ မိမိကို နမ်းလိုက်သည့်သူက သူမုန်းသည့် နောင်တော်ဖြစ်နေသည်က သူ့ကို အထိနာသွားစေပုံရသည်။ ဆူမီရာသည် ယွမ်ချူးခန်ကို စိတ်လိုက်မာန်ပါ ပြောလိုက်မိပြီးမှ နောင်တရသွားခဲ့သည်။ သူ မိမိကို စော်ကားသည့် စကားလုံးများအပြင် ၊ နောင်တော့်ကို စော်ကားသည့် စကားလုံးများကြောင့် မိမိလည်း စိတ်လွတ်သွားပြီး သူ့ကို အမှန်တရားကို ပြောလိုက်မိသည်။ ဆူမီရာ သက်ပြင်းရှိုက်ပြီး အ၀တ်ဝတ်လိုက်စဉ် အရီးတော်ထံမှလွတ်လိုက်သည့် အပါးတော်မြဲကြီးရောက်လာပြီး အိမ်ရှေ့မင်းသား သတိလစ် သွားသဖြင့် အမြန်လိုက်လာရန် မိဖုရားခေါင်ကြီးအခေါ်လွှတ်ကြောင်းကိုကြားသော် ဆေးအိတ်ကိုဆွဲပြီး အမြန်ပြေး လိုက်ခဲ့သည်။

 

အဆောင်သို့ရောက်သော် ဆူမီရာ သွေးကြောစမ်းပြီး သွေးလှည့်ပတ်မှုမှန်စေရန် အပ်စိုက်လိုက်စဉ် ယွမ်ချူးခန် သတိရလာခဲ့သည်။ ဟော်သွန်းသည် သားတော် သတိရလာမှ စိတ်အေးသွားပြီးသားတော်၏ လက်ကို ဆုပ်ကိုင်ကာ မျက်ရည်ကျရင်းပြောသည်။
 

“သားလေးရယ်… ဘာဖြစ်ခဲ့လို့လဲ… မယ်မယ့်ကိုပြောပါ… ”
 

“မယ်မယ်….”

 

ယွမ်ချူးခန်သည် မယ်မယ့်ရင်ခွင်ထဲတိုးဝင်ကာ ကလေးလို မျက်ရည်ကျနေမိသည်။ ဆူမီရာသည် ယွမ်ချူးခန်တို့ သားအမိကို ထားရစ်ကာ အဆောင်ပြင်ကိုထွက်လာခဲ့သည်။ ယွမ်ချူးခန်ကို မိမိဒုက္ခပေးမိပြီဟုတွေးကာ စိတ်မချမ်းမသာ ဖြစ်နေမိသည်။ အရီးတော်ကို နောင်တော် ကယ်ထုတ်သွားပြီးလျှင် မိမိလည်း ထွက်သွားလို့ရပြီ။ ယွမ်ချူးခန်လည်း မိမိကို လွတ်လွတ် လပ်လပ် မုန်းလို့ရပြီဟု တွေးနေမိသည်။ နန်ကျောင်နန်းတွင်းမှာ ယွမ်ချူးခန်နှင့် ကာလိုခန်မင်းကြီးတို့သားအဖ နှစ်ယောက် ဘယ်လိုများနေရစ်ခဲ့မည်နည်းဟု တွေးနေမိသည်။

 

ဦးရီးတော်ယေစုကိုင်းနှင့် နောင်တော်တင်ဂီရိသည် အရီးတော်ကို လွမ်းဆွတ်တမ်းတစွာဖြင့် တစ်ဘ၀လုံး စိတ်အား၊ လူအားစိုက်ကာ ကြိုးစားခဲ့သည်။ ကြုံရသည့် အခက်ခဲများကို မိသားစုပြန်ဆုံစည်းရန်ဆိုသည့် မျှော်လင့်ချက်ဖြင့် ရင်ဆိုင်ကျော်လွှားခဲ့သည်။ နောင်တော့်ရင်ထဲမှ နာကျင်မှုကို ကြီးလာမှရိပ်မိသော်လည်း ဘယ်သောအခါမှ ထုတ်ပြောသည်ကို မကြားဖူးခဲ့ပေ။ ယခုလို အနီးကပ်ဝင်ထွက်နေသည့်တိုင် အရီးတော်ကို ကယ်ထုတ်ရန်ဆိုသည့် အကြောင်းကလွဲပြီး ကာလိုခန်မင်းကြီးနှင့် ယွမ်ချူးခန်ကို မုန်းတီးသည့် စကားများ ပြောဆိုသည်ကို မကြားဖူးခဲ့ပေ။ နောင်တော့်မြိုသိပ်နိုင်စွမ်းက အရမ်းကိုမြင့်မားလွန်းနေလို့ မိမိမသိနိုင်ခြင်းဖြစ်ပါလိမ့်မည်။ မိမိသာ နောင်တော့်နေရာမှ ဆိုလျှင် ဒီလောက်တည်ငြိမ်နေနိုင်ပါ့မလား။ တွေးနေရင်း နောင်တော့်ကို တွေ့ချင်စိတ်ပြင်းပြလာခဲ့သည်။ နောင်တော်နှင့် တွေ့လျှင် ညက မိမိအဖြစ်ကို ပြန်တွေးပြီး ဘယ်လိုမျက်နှာချင်းဆိုင်ရမှန်းမသိတော့ပေ။ ဒါပေမယ့် အခုချိန် ဆူမီရာ နောင်တော့်ရင်ခွင်ထဲ တိုးဝင်ကာ ဖက်ထားချင်မိတော့သည်။

 

---------------------------------

Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet