Chapter - 23

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်
အပိုင်း (23)
ဆူမီရာသည် နောင်တော်အတွက် အသုံးဝင်သောသူဖြစ်ချင်သည်။ ထိုသို့ဖြစ်ရန်လည်း ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ထိုနေ့ညက ချက်ချင်းပင် မယ်မယ်နှင့် ခမည်တော်တို့ထံ ညစာအတူစားပြီးနောက် မိမိ၏ စိတ်ထားကို ပွင့်လင်းစွာပြောလိုက်သည်။

“ခမည်းတော်။ မယ်တော်ဘုရား။ သားတော် အကြံဥာဏ်တောင်းချင်လို့ပါ။”

“ဘာများလဲ သားတော်လေးရယ်။ သားတော်လေး ပြောပုံက ထူးဆန်းလှချည်လား။ ဘယ်လိုအကြံဥာဏ်မျိုးတောင်း ချင်လို့လဲ။ ပြောလေ……..”

ဆူမီရာသည် ခမည်းတော်ကို လေးနက်စွာကြည့်ကာ ပြောလိုက်သည်။

“သားတော် အခုကစပြီး ကလေးလိုမနေတော့ဘူး။ သားတော်ရဲ့ အသက်က ၁၁ နှစ်ပြည့်ပြီးသွားပြီ။ မနက်ဖြန်ကစပြီး သားတော် စစ်ရေးလေ့ကျင့်ရေးကွင်းမှာ သွားပြီးလေ့ကျင့်ပါရစေ။ ပြီးတော့ သားတော် ရှေ့ဆက်ပြီး ပညာရပ်တစ်ခုမှာ ထူးချွန်ပေါက်မြောက်ချင်တယ် ခမည်းတော် ဘုရား။ ”

ငွေတောင်ပြည့်ရှင်မင်းကြီးသည် သားတော်လေး ရုတ်တရက် ဘာကြောင့် ယခုလို တောင်းဆိုလာသည်ကို သိသည်။ သို့သော် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

“ဘာကြောင့်လဲ သားတော်။ သားတော် ရုတ်တရက် ဆုံးဖြတ်လိုက်တာ ဘာကြောင့်လဲ။”

“သားတော် နောင်တော် တင်ဂီရိကို ကူညီနိုင်တဲ့သူဖြစ်ချင်တယ် ခမည်းတော်ဘုရား။ ဒါကြောင့် သားတော်က ယောကျာ်းတစ်ယောက်တတ်သင့်တဲ့ ပညာရပ်တွေကို တတ်ချင်ပါတယ်။ ပြီးတော့ တိုင်းပြည်တစ်ခုကို တည်ထောင်ရာမှာ သားတော်တတ်တဲ့ပညာ တခုခုနဲ့ နောင်တော်ကို ကူညီချင်ပါတယ်။”

“အင်း……….. သားတော်ရဲ့ ရည်ရွယ်ချက် ဘယ်အထိသွားဖို့လဲ။ ငွေတောင်ပြည်အတွက် သားတော် မစဉ်းစားဘူးလား။ ငွေတောင်ပြည်ဆိုတာ သားတော် ဆက်ခံအုပ်ချုပ်ရမယ့် တိုင်းပြည်နော်။ သားတော် ကြိုးစား တာကို ခမည်းတော် ၀မ်းသာတယ်။ ဒါပေမယ့် ငွေတောင်ပြန်အတွက်မဟုတ်ပဲ အာနန်ပြည်အတွက်ဆိုတော့ ခမည်းတော် စိတ်မကောင်းမိဘူး။”

“မဟုတ်ပါဘူး ခမည်းတော်ဘုရား။ သားတော်က ငွေတောင်ပြည်ကို ခေါင်းထဲထည့်ထားပါတယ်။ သားတော် ကို ငွေတောင်ပြည်က ပိုင်ပါတယ် ခမည်းတော်ဘုရား။ သားတော်ဆိုလိုတာက အခုဆို နန်ကျောင်ပြည်လို အင်အားကြီးတဲ့ တိုင်းပြည်က နောင်တော်တို့ တိုင်းပြည်ကို အနိုင်ကျင့်နေပါတယ်။ သားတော် နောင်တော့်ကို တဖက်တလမ်းက အကူညီပေးချင်တာကို ဆိုလိုတာပါ။ ခမည်းတော်ပဲ အမြဲ သားတော်ကို သင်ကြားပေးခဲ့တယ် မဟုတ်လား။ ကိုယ့် မိတ်ဆွေရဲ့ အခက်ခဲကို ကူညီပေးသူက မိတ်ဆွေကောင်းဆို။ သားတော် မိတ်ဆွေကောင်းဖြစ်ချင်ပါတယ်။ ဒါ့အပြင် သားတော်နဲ့ နောင်တော်က ညီအစ်ကိုတွေဆိုတော့ နောင်တော့်ကို ကူညီပေးချင်လို့ပါ ခမည်းတော်နဲ့ မယ်မယ်ဘုရား”

မိဖုရား ဆင်းဝတ်ကြည်သည် ငယ်ရွယ်သော်လည်းစကားအရာ တတ်သိလိမ္မာသည့် သားတော်လေးကို ငေးကြည့်ကာ ကလေးအရွယ်ပေမယ့် သူတကယ့်ကို သံယောဇဉ်တွယ်သူအတွက် လူကြီးလေးလို အစစအရာရာ အလေးထားစဉ်းစား ပေးနေသည်ကို ကြည့်ကာ ကြိုတင်နိမိတ်များ တကယ်ကို တားဆီးမရဖြစ်ပေါ်လာသည်ကို သိလို်က်သည်။ ထို့ကြောင့် သားတော်လေး ဆူမီရာ၏ အနာဂါတ်သည် နဂါးညီနောင်ကြားတွင် ဆူးကြားမှ ဗူးခါးပမာ ဖြစ်ရမည်ကိုတွေးကာ ရင်မောသွားမိသည်။

“မောင်မောင်… သားတော်လေး ပြောတာလည်း ဟုတ်ပါတယ်။ ကံတရားကို နှမတော်တို့ ဘယ်လိုမှ ရှောင်လွဲလို့မရတော့ဘူးလေ။ ဒါကြောင့် သားတော်လေးဖြစ်ချင်တာကို နှမတော်တို့ အထောက်ပံ့ အကူညီပေးရုံပေါ့။”

“အင်း…….. ”

ငွေတောင်ပြည့်ရှင်မင်းကြီးသည် မိဖုရားပြောသည်ကိုနားလည်လိုက်သည်။ ထို့ကြောင့် ချစ်စရာကောင်းလွန်းလှသည့် သားတော်လေးကို ကြင်နာစွာကြည့်ကာ ငြိမ်ပြီးစဉ်းစားနေလိုက်သည်။ သားတော်လေး၏ ပင်ကိုယ်စိတ်အရ သူခင်တွယ်သည့် သူ အခက်ကြုံနေသည်ကို ဘယ်လိုမှ ထိုင်ကြည့်နေမည်မဟုတ်သည့်အပြင် ဆက်နွယ်နေသည့် အတိတ်သဘောင်များအရ သားတော်သည် သွေးချောင်းစီး တိုက်ပွဲကို တားဆီးကယ်တင်နိုင်မည့်သူ ဆိုတော့ ………

ဆူမီရာသည် ခမည်းတော် ငြိမ်ပြီး စဉ်းစားနေသည်ကို ရင်တမမနှင့် စောင့်နေမိသည်။ ခမည်းတော်သာ တားဆီးလာလျှင် မိမိအတော့်ကို အခက်ကြုံရတော့မည်ကို သိနေသည်။ ဘုရားမလို့ ခမည်းတော် သဘောတူပါစေဟု ဘုရားတွင် ကြိတ်ပြီး ဆုတောင်းနေမိသည်။

“အင်း…… သားတော်လေး ဘယ်လိုပညာကို သင်ယူရမယ်ဆိုတာ ထန်ဖိုးဖိုးနှင့် ခမည်းတော်တို့ တိုင်ပင်လိုက်ပါ့မယ်။ ပြီးရင် သားတော်ကိုပြောမယ်။”

ဆူမီရာသည် ခမည်းတော်၏ ခွင့်ပြုမိန့်ကြောင့် အရမ်းကို ပျော်သွားပြီး အရိုသေပေးကာ အပြင်ကို သွားဖို့ခွင့်တောင်းလိုက်သည်။ မိမိခမည်းတော်နှင့် မယ်တော်ထံမှ ခွင့်ပြုမိန့်ရလိုက်သည်ကို ချူလူလူနှင့် ဟီဒယ်ကို ပြောပြလိုက်ချင်သည်။

ငွေတောင်မင်းကြီးနှင့် မိဖုရားသည် ပျော်ရွှင်ကာ ပြေးထွက်သွားသည့် သားတော်လေး ဆူမီရာကို ငေးကြည့်ကာ သက်ပြင်းချမိသည်။

“ဒီလောက် ချစ်စရာကောင်းတဲ့ သားတော်လေးက နှဂါးနှစ်ကောင်ကြား ညှပ်ပြီး ထိခိုက်နစ်နာမှာကို စိုး၇ိမ်လိုက်တာ မောင်မောင်ရယ်။”

“အဲ့လောက်လည်း မပုပါနဲ့ နှမတော်လေးရယ်။ တင်ဂီရိက သားတော်လေးကို စောင့်ရှောက်မှာပါ။”

“နှမတော်လည်း အဲ့လို ဆုတောင်းပါတယ်ရှင်။ ဒါပေမယ့် နဂါးဖြူလေးရဲ့ အစွမ်းကိုလည်း လျော့ တွက်လို့မရဘူးနော်။ သူလေးက သားတော်ကို မတွယ်ငြိပါစေနဲ့လို့ ဆုတောင်းမိပါရဲ့…”

“သားတော်လေးက သူတို့နှစ်ယောက်ကို အကောင်းဆုံးကိုင်တွယ်နိုင်မှာပါ။ မောင်တော်တို့ ဖိုးဖိုးနဲ့သေချာတိုင်ပင်ဖို့ မနက်ဖြန် တောင်ပေါ်သွားသင့်နေပြီ။”

ငွေတောင်ပြည့်ရှင်မင်းတို့ စိတ်မောနေချိန်တွင် ဆူမီရာသည် သူငယ်ချင်းများထံသို့ ခဏထွက်လာပြီး သတင်းကောင်းကိုပါးသည်။ ဟီဒယ်က ဆူမီရာပြောသည်ကိုနားထောင်ပြီး ထောက်ခံသည်။

“ကောင်းတယ်။ နင်လုပ်တာ မှန်တယ် ဆူမီရာ။ ငါလည်း ကြိုးစားရမယ်။ အဖော်ရတာပေါ့။ ငါလည်း ဘာသာရပ်တခုခုကို ကျွမ်းကျင်တတ်မြောက်ရမယ်။ ”

“နင်က ဘယ်ဘာသာ သင်ချင်တာလဲ ဟီဒယ် ”

“ငါလား။ ငါက တိုင်းပြည်ကို တိုးတက်အောင်လုပ်ချင်တယ်။ ငါ့တိုင်းပြည်၊ ငါ့လူမျိုးကို တိုးတက်အောင်လုပ်ပေးမယ်။ အေးချမ်းတဲ့ တိုင်းပြည်ကိုထူထောင်ရမယ်။ ဒါကြောင့် ငါကနိုင်ငံတခုကိုစီမံအုပ်ချုပ်မယ့် ပညာနဲ့ သံတမန်ရေးရာပညာကို သင်ယူမယ်။ ဓါးခုတ်၊ လှံထိုးကတော့ လိုအပ်လို့ရော၊ ၀ါသနာကြောင့်ရော သင်မယ်။ ”

“ကောင်းလိုက်တာ။ ငါနဲ့အဖော်ရတာပေါ့။ မင်းကော။ ချူလူလူ။ မင်းက ဘာကိုသင်ချင်တာလဲ။”

“ငါလား။ ငါလည်း နိုင်ငံအုပ်ချုပ်ရေးကို သင်ခွင့်မရှိဘူး ဆူမီရာ။ ငါ့ကို ကုန်သွယ်ရေးပိုင်းကို သင်ဖို့လွှတ်လိုက်တာ။ နိုင်ငံအုပ်ချုပ်တဲ့ပညာဆိုတာ တိုင်းပြည်ကို ဆက်ခံမယ့်သူတွေပဲသင်ခွင့်ရတာလေ။ ငါက နောင်တော်တွေရဲ့လက်အောက် တိုင်းပြည်အတွက် ငွေရှာပေးနိုင်တဲ့ ပညာကိုသင်ရမယ်။ ပြီတော့် ငါ့ဝါသနာအရ ဂီတ ပညာကိုသင်မယ်။ ငါ ဂီတ နတ်ဘုရားဖြစ်ချင်တယ် ဆူမီရာ။”

“ငါက ပညာနတ်ဘုရားဖြစ်ချင်တယ် ချူလူလူ။ ငါ တိုင်းသူပြည်သားတွေကို ရိုးအခြင်း နွံကနေ ကယ်တင်ချင်တယ်။ အစွဲလန်း၊ ရိုးရာယုံကြည်မှုတွေနဲ့ အသိမြင်ခေါင်းပါးတာကို ငါကယ်တင်ချင်တယ်။ ဒီလိုသာဆိုရင် အခြားလူမျိုးစုတွေ မျိုတာကိုခံရတော့မယ်။ ငါ့လူမျိုးတွေ လွတ်လပ်တဲ့လူမျိုးအဖြစ်ရပ်တည်နိုင်ဖို့ အသိမြင်လည်းရှိရမယ်။ ပြီးတော့ ထက်မြက်မှုလည်းရှိရမယ်။ အခုတော့ သူတို့က ပျော့ပျောင်းလွန်းတယ်။”

“နင်တို့က နောင်တော် ထန်လိုခိတို့နဲ့အတူတူပဲမဟုတ်လား။”

“မျိုးနွယ်က တူတယ်။ ဒါပေမယ့် အကိုတော် ထန်လိုခိတို့ ခမည်းတော်ဘက်က ကြမ်းတမ်းတယ်။ အရီးတော်လည်း ထက်မြက်တယ်။ ဒါကြောင့် သူတို့လက်အောက်မှာ ရှိတဲ့ ငါတို့မျိုးနွယ်တွေက ထက်မြက်တယ်။ စစ်တိုက်ဖို့ တက်ကြွတယ်။ ငါ့ လူမျိုးတွေကို အဲ့လိုဖြစ်စေချင်တယ်။”

“နင်တို့ကလည်း နှစ်တိုင်းပြည်ပေါင်းလိုက်ရင်ပြီးတာပဲကို…”

ဆူမီရာပြောလိုက်မိသည့် စကားကိုကြားသော် ဟီဒယ် ငြိမ်သက်သွားခဲ့သည်။ ပြီးမှ တိုးတိုးပြောသည်။

“သူတို့က ပေါင်းချင်တာပေါ့။ ဒါပေမယ့် ပေါင်းလိုက်ရင် ငါ့ခမည်းတော်ရဲ့ အနေထားကသူတို့လက်အောက်ကို ကျသွားမယ်လေ။ ဒါက ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။ အကောင်းဆုံးအနေထားနဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် ကောင်းတာပေါ့။ ”

“နင်တို့ပေါင်းမယ်ဆိုရင် တမျိုးပဲရှိတယ်။ နင်က လက်ခံနိုင်လို့လားး။”

ချုလူလူက ၀င်မေးလိုက်တော့ ဟီဒယ်က ခေါင်းယမ်းလိုက်သည်။

“အဲ့လို အနေထားကို ငါလက်မခံနိုင်ဘူး။ ဒါကြောင့် ငါတို့လူမျိုးစုကို ကိုယ့်ဖာသာပဲ ပြောင်းလဲဖို့ကြိုးပမ်းရမှာပဲ ။ ငါက မိဖုရားဖြစ်ချင်တဲ့သူ မဟုတ်ဘူး ချူလူလူ။”

“အေးလေ။ ဒါဆို နင် ပင်ပန်းလိမ့်မယ်။ နင် ဓါးကိုင်ရလိမ့်မယ်။”

“ကိုင်ဖို့ဆုံးဖြတ်ပြီးသားပါ။”

ဆူမီရာက သူတို့ကို တလှည့်စီကြည့်ကာ မေးလိုက်သည်။

“နင်တို့ဘာပြောနေတာလဲ။ ငါနားမလည်ဘူး။”

ချူလူလူက ရယ်လိုက်ကာ ပြောလိုက်သည်။

“ငါက နောင်တော် ထန်လိုခိနဲ့ ဟီဒယ်ကို လက်ဆက်ဖို့ပြောနေတာ။”

“ဟာ ဘယ်ဖြစ်မလဲ။ ငါသဘောမတူနိုင်ဘူး။ နောင်တော် ထန်လိုခိက ဒီလောက်ပွေရှုပ်ပြီး အချစ်ကိုမှ တန်ဖိုးမထားတတ်တာ။ လက်ဆက်ပြီးရင် မိဖုရားတွေအများကြီးထားပြီး ဟီဒယ်ပဲ စိတ်ဆင်းရဲရလိမ့်မယ်။”

“အေးပါဟာ။ ငါကလည်း လက်မခံပါဘူး။ ကဲ မနက်ဖြန် ငါတို့ မြင်းစီးလေ့ကျင့်ရေးကွင်းသွားမယ်။ ချူလူလူ နင်လည်းလိုက်ရမယ်။”

“ဟာ……မလိုက်ချင်ဘူး။ ငါ အစောကြီးမထနိုင်ဘူး။”

“မရဘူး။ ငါတို့က သုံးယောက်အုပ်စု။ သေမှခွဲမယ်။ မလိုက်ရင် ငါနဲ့တွေ့မယ် ချူလူလူ … နင်နေရဲရင်နေကြည့်….”

ချူလူလူက မျက်နှာရှုံ့မဲ့သွားတော့သည်။ ဟီဒယ်တကယ်ပြောနေသည်ကိုသိတော့ ချန်မနေရဲတော့ပေ။ ဒါကြောင့် လိုက်ခဲ့မည်ဟု ကတိပေးလိုက်တော့သည်။ ဆူမီရာသည် သူငယ်ချင်းနှစ်ဦးကိုကြည့်ကာ အမြန်ဆုံးအသက်ကြီး ချင်လှပြိ။
----------------------------------

ယွမ်ချူးခန်သည် နန်းတော်ကိုပြန်ရောက်ပြီးနောက် မယ်မယ်နှင့် ခမည်းတော် အကြောင်းကိုအလေးထား စဉ်းစားသည်။ ခမည်းတော်ကို မယ်မယ် မချစ်ဟု ပိုသိလာခဲ့သည်။ ခမည်းတော်သာ မယ်မယ့်ကို ပျာယာခတ်အောင်ချစ်သော်လည်း မယ်မယ်က အမြဲတွေဝေငေးမောက အတိတ်တွင် နစ်မြှုပ်နေခဲ့သည်။ ထို့ကြောင့် ထိုအခြေနေကိုပြောင်းလဲပစ်ချင်သည်။ မည်သို့ပြောင်းလဲရမည်ကိုတွေးနေသည်။

တားဂေါတိုင်းသည် မင်းသားလေး ယွမ်ချူးခန်၏ အခြေနေကို အကဲခတ်နေရာမှ မင်းသားလေး ထူးခြားသည်ကို
သတိပြုမိကာ မင်းသား၏ အဆောင်ကို လာခဲ့သည်။ ယွမ်ချူးခန်သည် ယခင်လို မီးတောက်အောင် ဆော့ကစားခြင်းမရှိတော့ပဲ ငြိမ်သက်နေသည်။ အသက် ၁၁ နှစ်အရွယ်ကလေးနှင့်မမျှ တစုံတခုကို မြိုသိပ်ထားသလိုပင်။ သူ့မျက်ဝန်းက ခါတိုင်းထက် လေးနက်ကာ ခက်ထန်နေသည်။ ဘာပဲပြောပြော ယွမ်ချူးခန်ကို ကြည့်ပြီး တားဂေါတိုင်းက ကာလိုခန်မင်းကြီးထက် အားရကျေနပ်မိသည်။

ကာလိုခန်မင်းကြီးသည် ယခင် ခန်မင်းကြီး၏ ထက်မြက်မှုများကို နည်းနည်မှ မပါလာခဲ့ပေ။ ဒါကြောင့် ထက်မြက်သည့် မိဖုရားဟော်သွန်း၏ လွှမ်းမိုးမှုကိုခံရခြင်းဖြစ်သည်။ ယွမ်ချူးခန်ကတော့ ဘိုးတော် ခန်မင်းကြီး၏ သွေးပြန်ထွန်းပုံရသည်။ ဒါ့အပြင်ဟော်သွန်း၏ ထက်မြက်အကင်းပါးမှုမျိုးကိုလည်း ယွမ်ချူးခန် တွင်တွေ့ရတော့ တားဂေါတိုင်း အကြံရလိုက်သည်။

ကျောက်ခဲရေညစ်သလိုဖြစ်နေသည့် ကာလိုခန်ကို ပြောနေမည့်အစား ယွမ်ချူးခန်ကို မိမိပုံသွင်းနိုင်လျှင်….. အာနန်ပြည်ကို တိုက်ခိုက်ဖို့ ယွမ်ချူးခန်ကို အခုကတည်းက နားချနိုင်လျှင်…..

ထိုအတွေးကြောင့် တားဂေါတိုင်း ပြုံးသွားမိသည်။ ထို့ကြောင့် မင်းသားငယ်လေးနားကို သွားကာ အစီစဉ်ကိုအကောင်ထည်ဖော်ရန် ကြိုးစားတော့သည်။ ပမာဏအနေဖြင့် သူ့ခမည်းတော် ကာလိုခန် မင်းကြီးက မယ်တော် ဟော်သွန်းကို မည်မျှချစ်သည့်အကြောင်း၊ ဟော်သွန်းအတွက် နန်းတွင်းအစဉ်အလာကို ဆန့်ကျင်ခဲ့ကြောင်း၊ ပြီးတော့ မည်မျှ ကြိုးစားပါစေ ဟော်သွန်း၏ အချစ်ကို လုံးဝမရသည့် အကြောင်း မင်းသားလေး သိချိန်တန်ပြီဟု တွက်လိုက်သည်။

“အရှင့်သား အမှန်တရားကို သိချိန်တန်ပါပြီ………”

“ဘာကိုဆိုလိုတာလဲ ဘိုးဘိုးအမတ်ချုပ်ကြီး…..”

“အရှင့်သား သိချင်တာ အားလုံးကို ကျွန်တော်မျိုးဖြေကြားဖို့ အသင့်ပါ အရှင့်သား”

“ကျွန်တော် သိချင်တာ အားလုံး ဘိုးဘိုးပြောပြမှာလား။”

“မှန်ပါ…”

“ခမည်းတော် တားမြစ်ထားတဲ့ အကြောင်းရာအားလုံးလည်းပါသလား။”

“ပါပါတယ် အရှင့်သား”

“ဘိုးဘိုးက ဘာကြောင့် ပြောပြဖို့ ဆုံးဖြတ်လိုက်တာလဲ။”

“အရှင့်သားက နန်ကျောင်ပြည်ရဲ့ အိမ်ရှေ့မင်းသားဖြစ်လို့။ အားလုံးသိသင့်ပြီ ထင်လို့ပါ။”

“တကယ်လို့ ခမည်းတော် သိလို့ ဘိုးဘိုးကိုအပြစ်ပေးမှာ မကြောက်ဘူးလား။”

“ကျွန်တော်မျိုးနောက်မှ အရှင့်သားတစ်ယောက်လုံးရှိရင် မင်းကြီး အပြစ်မပေးပါဘူး။”

ယွမ်ချူးခန်သည် နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် ယွမ်ချူးခန်က အားပါးတရ ပြုံးလိုက်ကာ ဘိုးဘိုးကို ထူမပေးပြီး ပြောလိုက်သည်။

“ကျွန်တော့်ကို ထောက်ပံ့ကူညီပေးပါ ဘိုးဘိုး။ နန်ကျောင်ပြည်ရဲ့ အရည်ချင်းရှိတဲ့ မင်းသားတစ်ပါးဖြစ် အောင်ကူညီပေးပါ ဘိုးဘိုး။”

“စိတ်ချပါ။ အရှင့်သားရဲ့ အင်ပါယာကိုတြိုပုင်နိုင်သူ မပေါ်အောင် ကျွန်တော်မျိုးအစွမ်းကုန်ကြိုးစားပါ့မယ်။”

နှစ်ယောက်သား သဘောတူညီမှုတစ်ခုကိုရလိုက်ကာ အားပါးတရပြုံးလိုက်ကြသည်။
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet