အရိပ်ကလေး ဖြစ်ပါရစေ (8)

*အရိပ်ကလေး ဖြစ်ပါရစေ
အရိပ်ကလေး ဖြစ်ပါရစေ (8)

ကျွန်တော် အရမ်းကို စိတ်ရှုပ်ထွေးသွားမိသည်။ ကျွန်တော် စွဲလမ်းချစ်ခင်ထဲ့တဲ့ဆရာဝန်လေးဆိုတာ တကယ်မရှိဘူးလား လေးနက်သလောက် စိတခံစားချက်ကိုထိရှစေတဲ့ စာတွေကို ဘယ်သူရေးခဲ့တာလဲ။ အတွေူးခေါ်ကောင်းသလောက် ရည်မွန်တဲ့ကောင်လေးက ဘယ်သူလဲ။ ပျစ်ျချွဲချွဲပြောတတ်တဲ့ကောင်လေး လုံးဝမ ဟုတ်တာ သေချာသည်။ ဒါကို ကျွန်တော့် နှလုံးသားက သေချာသိသည်။ ဒါဆို သူပြောသလို လေးသိန်းနဲ့ ဌားထားတဲ့ ကျောင်းသားလေးလား။
မဟုတ်ဘူး။ အထင်သေးလို့ပြောတာ မဟုတ်ဘူး။ ဟိုကောင်လေးပြောသလို ကျောင်းသားလေးလည်း မဖြစ်နိုင်ပါ။ ဒါကြောင့် ကျွန်တော် တယောက်ချင်းကို အသေးစိတ် ပြန်စီစစ်နေမိသည်။
ပျစ်ချွဲခွဲနှင့် ကောင်လေးကို ကျွန်တော် ကောင်းကောင်းသိသည်။ သူပဲ စလာရောပြီး ကြူသလို၊ အီသလိုနှင့် သိမ်းသွင်းတတ်သည့် စကားပြောဟန်၊ ကိုယ်ပိုင်အတွေးခေါ်အယူဆ ဘာမှမရျိပဲ တက်ကျမ်းထဲမှလူအထင်ကြီးမည့် စကားလုံးများကို ယူကာ သူ့ကိုယ်ပိုင်စကားလုံးများလို ပြောနေသည့် ကောင်လေးက ကျွန်တော်ချစ်နေတဲံ ကောင်လေးတဲ့လား။ ကျွန်တော် ရယ်ချင်မိသလို ဒေါသလည်းထွက်သွားမိသည်။
သူမို့ရာရာစစ ပြောရက်သည်။ သူက ကျွန်တော်ချစ်တဲ့ကောင်လေးတဲ့လား။ ထိုသို့ပြောလိုက်သည့် စကားလုံးလေးမျှနှင့် ကျွန်တော် ဆတ်ဆတ်ခါ နာမိသည်။ ကျွန်တော်ချစ်တဲ့ ဆရာဝန်လေးကို လပေါင်းများစွာ စကားပြောဖူးလို့ သူ့ကိုယ်ကျင့်တရားကို ကျွန်တော် ကောင်းကောင်းသိသည်။ ပြီးတော့ ပျစ်ချွဲချွဲကောင်လေးနှင့် လည်းကြူဖူးလို့ လေးစားစရာ တကွက်မှ မရှိသည့် ထိုကောင်လေး အကြောင်းကိုလည်း ကျွန်တော်သိသည်။ ခုလို ထင်ယောင်ထင်မှားနှင့် ကျွန်တော် ချစ်ခင်လေးစားသည့် ကလေးလေးလို့ပြောထွက်ရက်သည့် ထိုလူငယ်လေးကို အတော်ကို ရွံသွားမိသည်။
ဒါကြောင့် ကျွန်တော် သူ့ကို အသေးစိတ်လိုက်မေးမိသည်။ သူ့ကို စမ်းသပ်ရမည်။ သူ့ကို ကျွန်တော်ချစ်တဲ့ ကလေးလေး အကောင့်မျာ ဦးလို့ခေါ်ခိုင်းလိုက်သည်။ တဖက်မှ လာမည့် စာကို အသက်အောင့်ကာ စောင့်နေမိသည်။
“ဦး”
ကျွန်တော့်ခေါင်း အစိတ်စိတ်ကွဲသွားသလို ခံစားလိုက်ရသည်။ ကျွန်တော့် ခံစားချက်တွေ၊ ကျွန်တော့ အသိတွေ အားလုံး ကွဲကြေသွားသလိုပင်။ ကလေးလေး အကောင့်ကနေ ဟိုကောင်ခေါ်သလို ဦး လို့ ခေါ်လာခဲ့သည်။
ဘာတွေဖြစ်သွားပြီလဲ။ အနောက်အရပ်ကနေ နေထွက်လာတာလား။ ကျွန်တော် မယုံပါ။ ဟိုကောင့်ကို အချိုသပ်ပြီးမေးရန် စကားဆက်ပြောလိုက်သည်။ ကျွန်တော် ချစ်တဲ့ ကလေးလေး ပြောပြဖူးသည့် အကြောင်းရာများကို တခုချင်းမေးလိုက်သည်။ သူ ဝေ့လည်ကြောင်ပတ်လုပ်ကာ အခြားအကြောင်းရာများကို စကားလွှဲလိုက်သည်။
ကျွန်တော့်ကို ဘယ်လောက် စာနာမိကြောင်း၊ အတိတ်က သူ့ကို ပြုလုပ်ခဲ့သူကို ကလဲ့စားချေမည့်အစီစဉ်တွင် ကျွန်တော့်ကို ထည့်သွင်းမိလို့ သူတောင်းပန်ကြောင်း၊ ဒါတွေအားလုံးက သူ ကလဲ့စားချေဖို့ အကွက်ချထားသည့် ပရို့ဂရမ်တစ်ခုဖြစ်ကြောင်း အင်မတန်ကို အထင်ကြီးလောက်သည့် စကားများနှင့် ကိုယ်ရည်သွေးသွားခဲ့သည်။
လူတင်ပါလို့နွားကျားကိုက်သည့် ဇာတ်လမ်းကို ကြားရပါများလို့ ကျွန်တော် စိတ်ထဲ ဘယ်လိုမှ မခံစားရသော်လည်း သူ ဘာကြောင့် လိမ်လည်နေသည်ကို သေချာသိချင်လို့ သူ့ကို ရေလိုက်ငါးလိုက် စကားဆက်ပြောနေလိုက်သည်။ ကျွန်တော် အခု ပြင်းပြသည့် စိတ်တစ်ခုသာရှိသည်။ ကျွန်တော် အထင်ကြီးလောက်သည့် ဇာတ်လမ်းကို ဖန်ထီးနိုင်သူ အသေးစိတ်ခံစားနည်းလည်တတ်သူ စာရေးသူလေးက ဘယ်သူလဲ။ဒါပဲ ကျွန်တော် သိချင်သည်။
သူပြောသည့် ကလဲ့စားချေရေးတွင် ကျွန်တော့ိကို ထည့်သွင်းမိကာ ရူးသွပ်နေသည့် ကျွန်တော့်ကို သနားမိကာ မနေနိုင်လွန်းလို့ ဖွင့်ပြောနေသည့် ချိုအီအီ ကောင်လေးကို စိတ်မ၀င်စားပါ။ အဝေးသင်တက်နေပြီး ညနက်သန်းခေါင်တိုင်း သူ ကလဲ့စားချေချင်သည့် လူကို ချည်းကပ်ကာ လိုအပ်တာ လုပ်ပေးရင်း အခွင့်ရေးစောင့်နေသည့် လူငယ်လေးကိုလည်းစိတ်မ၀င်စားပါ။
ကျွန်တော်သိချင်တာက ချစ်သူကောင်မလေး ရှိသည်ဆိုသည် ယောကျာ်းလေးစစ်စစ်ဖြစ်ပါသည် ဆိုသည့် သူရိန်ဆိုသည့် လူငယ်လေးက ကျွန်တော်ချစ်သည့် ကောင်လေးဟုတ်မဟုတ်ပဲ သိချင်သည်။ ဒီတစ်ခုလေးပဲ သိချင်မိပါသည်။
သို့သော် ချစ်ဝိုင်ချိုလေးလို့ ကျွန်တော် ခေါ်ခဲ့ဖူးသူ ပျစ်ချွဲချွဲကောင်လေးက ကျွန်တော့်ကို သူ့လက်ခုပ်ထဲက ရေလိုသဘောထားကာ ထပ်မံလှည်စားရင်း ဇာတ်ဆန်ဆန် ကတိတောင်းခဲ့သည်။ Drama ဆန်ဆန်နှင့် မွေးနေ့လက်ဆောင်အဖြစ် အချက် ငါး ချက်ကို ကတိပေးပါတဲ့။
၁။ ဒေါက်တာ သူရိန်ကို စကားသွားမပြောရ။ (မိသော်ဆိုတဲ့ သူ့သူငယ်ချင်းမလေးက ကျွန်တော့်ကြောင့် သူရိန် ဟိုမိုဖြစ်သွားမည်ကို စိုးရိမ်ပြီး သူ့ကို ရန်လာလုပ်နေလို့တဲ့…)

၂။ သူက အထက်တန်းလွှာမှ ကြေးကြိး ပြည့်တန်ဆာဆိုတာ မည်သူ့ကိုမှ မပြောရ။ ( ဘ၀ပေး ကံမကောင်းလို့ အထက်တန်းလွှာ သူဌေးတွေကို သူ့ကိုယ်ခန္ခာကိုယ်နဲ့ အလုပ်ကျွေးပြုနေရင်း တဖက်တလမ်းမှ လူ့အကျိုးပြုစာတွေကို ရေးနေသည့် သနားစရာ၊ လေးစားစရာ သူ့ဇာတ်ရုပ်ကိုဖန်တီးပြီး ကျွန်တော့်ကို သိမ်းသွင်းရန် ကြိုးစားနေတယ်လို့ ကျွန်တော်ယုံကြည်တယ်။)

၃။ကျွန်တော်ရေးဖူးသည့်ဇာတ်လမ်း၊ သူအရမ်းစွဲလမ်းဖူးသည့် ဇာတ်လမ်းကို print ထုတ်ထားသည်။ ဒါကို လက်ဆောင်အဖြစ်ပို့ပေးမည်။ လက်ခံပေးပါရန်။

၎။သူ့ကို ဆက်ချစ်ပေးပါ။

၅။သူလုပ်ခဲ့တဲ့ အပြစ်ကိုမေ့ပစ်ပြီး ကျွန်တော့်ဘ၀ကို ပျော်ရွှင်စွာရှေ့ဆက်ပေးပါ။

သူပြောတာကို ကျွန်တော် နားအေးစေရန် လက်ခံလိုက်ပါသည်။ ပြည့်တန်ဆာပါဆိုပြီး သနားဂရုဏာကို ချူယူသည့် အကွက်မျိုးကို ကျွန်တော် စိတ်မ၀င်စားပါ။ သာမန် ရုံးဝန်ထမ်းလေးကို managing director ဆိုပြီး ပုံဖော်နေလိုက်၊ တော်ကြာ ပြည့်တန်ဆာဖြစ်သွားလိုက်နှင့်သူ့စကားကို ယုံလိုက်လျှင် ကျွန်တော် ရူးသွားမှာပေါ့။

ကျွန်တော် သိချင်တာကို ဆက်ဆက်မေးနေတော့ သူလည်းဖြေရကြပ်လာသည်ထင်သည်။ သူ့လိုဥာဏ်ရည်လေးနှင့် ကျွန်တော့်ကို ရေရှည်လှည့်စားနိုင်ဟန်မတူစွာနှင့်နောက်ပိုင်း အလုပ်ရှုပ်နေသည် ဆိုသည့်အကြောင်းပြချက်နှင့်သူ ကျွန်တော့်ကို စကားပြန်မပြောတော့ပါ။ သူစကားပြန်မပြောတော့ ကျွန်တော် ဒေါက်တာသူရိန်ကို သွားမေးလိုက်သည်။

“အပန်းဖြေခရီးထွက်စဉ် လသာသာမှ ညနက်ထိ နေခဲ့တာ ဘယ်သူလဲ။
အဖေဆုံးတဲ့အကြောင်းပြောပြတာ ဘယ်သူလဲ။
ပြီးတော့် သိပ်တော်တဲ့ လူတစ်ယောက်ကို ချစ်ပြိး သူ့ကို အဝေးကနေကြည့်နေချင်တာ ဘယ်သူလဲ။
နက်ရှိုင်းစွာ ငြိတွယ်မိသော ဇာတ်လမ်းကိုရေးတာ ဘယ်သူလဲ။
နေ့စဉ် ဆရာဝန်ဘ၀ကို ပြောပြနေတာ ဘယ်သူလဲ။
ကျွန်တော့်ကို Album လုပ်နည်းသင်ပေးတာ ဘယ်သူလဲ။
အိုဘယ့်အစိမ်းတို့မြေကို ပြောပြခဲ့တာ ဘယ်သူလဲ။
ဟောင်တတ်တဲ့ခွေးလေးအကြောင်းပြောပြတာ ဘယ်သူလဲ။”

နောက်ဆုံးသူရိန်က သူ့ကိုပြောလိုက်တာထင်သည်။ ပျစ်ချွဲချွဲကောင်လေး ကျွန်တော့်ကို ပြန်လာပြောသည်။

“ဦး အဲ့လိုမဆိုးရဘူးလေ။ သူရိန့်ကို ဆက်ပြီး စကားပြောနေရင် မန်းလေးထိ ကားနဲ့လာပြီးကျုံးထဲကို လူရောကားပါ ထိုးချလိုက်မယ်…” တဲ့

ခြိမ်းခြောက်စကားကိုတောင် အဲ့လို အချေဒီဖိုင်းလေးနှင့် ပြောခဲ့တော့ ကြေးကြီးပြည့်တန်ဆာလုပ်ရင်း ကိုယ်ပိုင်ကားနဲ့ managing director ရာထူးကိုယူထားသည့် အနှီလူငယ်လေးက ကျွန်တော်ချစ်တဲ့ ကောင်လေး လုံးဝမဟုတ်ခဲ့ပါ။

ဒါကြောင့်သူရိန်နောက်ကို ကျွန်တော်ဆက်လိုက်ခဲ့သည်။ ဆက်လိုက်နေရင်း ကျွန်တော်စဉ်းစားမိသည်။
တကယ်လို့ သူရိန်က straight တစ်ယောက်ဖြစ်ခဲ့လျှင်၊ သော်သော်ဆိုသည့် ငယ်ချစ် မိန်းကလေး တစ်ယောက်ရှိခဲ့လျှင်။ သော်သော်ဆိုသည့် မိန်းကလေးက ကျွန်တော့်ကြောင့် စိတ်ညစ်နေရတယ်ဆိုရင်၊ လေးစားစရာ စားကိုရေးခဲ့တဲ့ ဒေါက်တာသူရိန်က ကျွန်တော့်ကြောင့် စိတ်ရော လူရောပင်ပန်းနေခဲ့ရင်……………….

ကျွန်တော့်အချစ်ကြောင့် ကျွန်တော့်ထက် အများကြီးငယ်တဲ့လူငယ်တွေ ထိခိုက်နစ်နာမယ်ဆိုရင် ကျွန်တော့်အချစ်က အပြစ်ဖြစ်သွားပါလိမ့်မည်။

တကယ်ရှိလား မရှိလား မသေချာတဲ့ ကျွန်တော်ချစ်မိတဲ့ ကလေးးကို သနားသွားမိသည်။ အားနာသွားမိသည်။

မြစ်ကမ်းဘေးမှာ ကျွန်တော် အကြာကြီးထိုင်နေပြီး သူနှင့်စတွေ့သည့်အချိန်မှ ယနေ့အထိကို စဉ်းစားနေမိသည်။ ညနက်သည်ထက် နက်လာခဲ့သည်။ အမှောင်က လူ့စိတ်ကို ဒီလောက်အေးချမ်းစေသည်ကို ကျွန်တော်အခုမှသိသည်။

တကယ်လို့ ကျွန်တော်မရှိတဲ့ ကမ္ဘာမှာသူပျော်တယ်ဆိုရင် ကျွန်တော် လက်ဆောင်ပေးနိုင်တာ တစ်ခုပဲရှိတော့သည်။ မြစ်ပြင်က လေအေးများသည် ပူလောင်နေသည့် ကျွန်တော့်နှလုံးသားကိုချော့သိပ်နေသလိုပင်။အေးမြသည့် ရေက ကျွန်တော့်ကို အေးချမ်းသွားစေလိမ့်မည်ဟု ပြောနေသယောင်ပင်။

မြစ်ရေက ကျွန်တော့်ကို ဆွဲငင်နေသည်။ ဖျားယောင်းနေသည်။ ကျွန်တော် နောက်ဆုံးလိုင်းဖွင့်လိုက်သည်။

“မင်းတကယ် သူရိန်ပဲလား…”

ကျွန်တော် မေးလိုက်သည်။ တည်ငြိမ်သည့်နှလုံးသားနှင့်မေးလိုက်သည်။ ဖြစ်လာသည့် အရာအားလုံးကို လက်ခံလိုက်တော့မည်ဟု ဆုံးဖြတ်ပြီး ကျွန်တော့်လက်တွေတည်ငြိမ်နေခဲ့သည်။

“ခင်ဗျား လူစကားနားမလည်ဘူးလား။ အခုထိကို မပြီးနိုင်သေးဘူးလား။ ကျွန်တော် တောင်းပန်ပါရဲ့ဗျာ။ ရှိကြီးခိုးပါရဲ့။ ကျွန်တော့်ကြောင့် ကျွန်တော် ချစ်ရတဲ့ မိသော်လည်း စိတ်ညစ်လှပြီ။ ကျွန်တော်တို့က ခင်ဗျားရဲ့ ညီငယ် အရွယ်ပဲရှိပါသေးတယ်။ ကျွန်တော် ဆေးရုံအလုပ်တွေနဲ့ရော။ ကိုယ်မဆိုင်ပဲ ပါမိတဲ့ အွန်လိုင်းအရှုပ်တွေကြောင့်ရော ပင်ပန်းလှပါပြီ။ ဒါကြောင့် လွှတ်ပေးပါတော့။ကျွန်တော့်ကိုလွှတ်ပေးပါတော့..တောင်းပန်ပါတယ်…”

ထိုစကားလုံးတွေက ကျွန်တော့်ရင်ကို တစ်စစီခွဲပစ်လိုက်သည်။ သို့သော် ဒီတစ်ခါ နာကျင်တာကို မခံစားရပဲ ဘေးလူအနေနဲ့ တစ်စစီဖြစ်သွားတဲ့ နှလုံးသားကို ကျွန်တော် ကြည့်နေမိသည်။ ထုံပေပေနှင့် ကိုယ်နှင့် မဆိုင်သလို နာကျင်ခြင်း အလျဉ်းမရှိပဲ ကျွန်တော် ငြိမ်သက်နေခဲ့သည်။

ကျွန်တော် ချစ်တဲ့သူက အဲ့လောက် တောင်းပန်နေရလျှင် ကျွန်တော့်အချစ်က အချစ်မဟုတ်တော့ပါ။ အပြစ်တစ်ခုဖြစ်သွားလေပြီ။ ကျွန်တော့်အချစ်က အမှိုက်တစ်ခုဖြစ်ခဲ့လေပြီ။ ကျွန်တော့်ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့သည်။

ထို့ကြောင့် မီးလင်းနေသည် ကလေးလေးကို အေးချမ်းစွာကြည့်ပြီး နူတ်ဆက်လိုက်သည်။

Goodbye ချစ်တဲ့ ကလေးလေး

အေးမြတဲ့မြစ်ပြင်က ကျွန်တော့်ကို ၀မ်းသာအားရ ဆီးကြိုပွေ့ထားခဲ့သည်။ နူးညံ့သည့် ရေမွေ့ယာက ကျွန်တော့်ကို ထွေးပွေ့ကာ နာကျင်မှုကိုရေစီးနှင့် မျှောပါသွားစေခဲ့သည်။ တချိန်လုံးပူလောင်နေသည် ကျွန်တော် အေးချမ်းသွားခဲ့သည်။ နာကျင်မှုမှလည်း ကင်းလွတ်သွားခဲ့သည်။

သူရိန်သည် မီးစိမ်းပျောက်သွားသည်ကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ယခုတခါ သူနူတ်ဆက်သွားတာကိုကြည့်ပြီး ရင်ဝယ် တမျိုးခံစားမိလိုက်သည်။ ရင်ထဲ ထင့်နေပြီး တခုခုဖြစ်တော့မယ့် နိမိတ်မျိုးနဲ့ ရင်ထဲ နွမ်းသွားခဲ့သည်။ သူ့ဘက်မှ မီးစိမ်းပျောက်သွားတာ ဒါပထမဆုံးဖြစ်သောကြောင့် ထူးဆန်းနေခဲ့သည်။ ပြီးတော့ မနှစ်သက်ချင်စရာကောင်းအောင် ထိုသူရဲ့ စကားများက တိုတောင်းကာ တည်ငြိမ်လွန်းလှသည်။ မဟုတ်တာ မလုပ်လောက်ဟု တွေးလိုက်မိသည်။ သူရိန် သက်ပြင်းရှိုက်ကာ လိုင်းပေါ်မှ ဆင်းပြီး မျက်လုံးမှိတ်လိုက်စဉ် အိပ်ပျော်သွားတော့သည်။

May King
 
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet