လှပသော ကမ္ဘာငယ်

Beautiful [[ XiuHan/LuMin ]]
Please Subscribe to read the full chapter

Final Part 
°°°°°°°°°°°

        ဘယ်ကို ရောက်သွားပြန်တာလဲ ဒီ သတ္တဝါက ... ညနေက အိမ်ပြန်ဖို့ ကားစောင့်နေတုန်းး ဖုန်းတစ်ခု ဝင်လာပြီးး ပြေးထွက်သွားတာပဲ 

        စောင့်နေရတာကို အမုန်းဆုံးပါဆိုတာကို အခု ကားမှတ်တိုင်မှာ ' ခဏစောင့် ' ဆိုကာ  ထားခဲ့ပြီးး ထွက်သွားတာ တစ်နာရီလောက်ရှိတဲ့ အထိ ပြန်မလာတော့ စိတ်ပူတာရော စိတ်တိုတာရောနဲ့ လူက ငိုချင်ရယ်ချင်ဖြစ်လာသည် 

       Asih !!.. ဖုန်းလည်း မဆက်ဘူးး ... ဖုန်းဆက်တော့လည်း ပိတ်ထားသည် ... ဒါပေမယ့် နေလိုက်တော့ Luhan ... ဂရုစိုက်မနေနဲ့ .. သူ ကလေးမဟုတ်ဘူးး ... သူ့ကိုယ်သူ ဂရုစိုက်နိုင်တယ် 

         မင်း ဂရုမစိုက်နဲ့ ... ကိုယ့်ကိုယ်ကိုယ် စိတ်တင်းရင်း အိမ်ပြန်လာခဲ့သည် 

       ဒါပေမယ့်  တကယ် လုံးဝ မကျေနပ်ဘူးးး ... အခုချိန်ထိ ဖုန်းမဆက်ဘူးဆိုတာ တော်တော်ကြီးကို လွန်သွားပြီ ... သူ ဘယ်လောက် စိတ်ပူတတ်လဲ မသိဘူးလားး 

       အဲဒါကို တစ်ချက်လေးတောင် အကြောင်းမကြား ဘာမကြားးး 

      Luhan တော်တော်ပေါက်ကွဲနေပြီ ... ဖုန်းကို ဖွင့်ကြည့်တော့လည်းး missed call တစ်ခုတစ်လေတောင် ရှိမနေ ... 

      " သေနာကြီးး .. မသာကြီးး .. ဒေါင်းစားကြီးး "

       ပါးစပ်ထဲ ရှိရာစကားလုံး အကုန် ရေရွတ်ရင်းး စောင်ကို ခေါင်းမြီးခြုံကာ အိပ်ပစ်လိုက်သည် ... ဟိုလှိမ့် ဒီလှိမ့်နှင့် တော်တော်နဲ့ အိပ်မပျော် ... 

      ဖုန်းစောင့်နေရင်း တော်တော်ကြီး ညနက်မှ မှေးခနဲ အိပ်ပျော်သွားသည် 

       ဆူဆူညံညံ အသံတွေကြောင့် Luhan လန့်နိုးလာသည် .. နာရီ ကြည့်လိုက်တော့ ည တစ်နာရီ 

         " ဘာတွေလဲ ? "

     မျက်မှောင်ကျုံ့ကာ အိပ်ချင်မူးတူးနဲ့ ထထိုင်ပြီးမှ သူ့ အခန်းတံခါးကို တဒုန်းဒုန်း လာထုနေတယ်ဆိုတာ သိလိုက်ရတာ 

        " Luhan .. Luhan "

        ဟမ် !.. ဒါ Xiumin အသံမဟုတ်ဘူးလားးး ?.. 

         Luhan တံခါးကို အလျင်အမြန်ဖွင့်လိုက်တော့ တကယ်ပဲ Xiumin ရယ် ... 

      " ဘာဖြစ်လာတာလဲ မင်းးး ! .. ဟင် !.. ဒါ ဘာတွေလဲ ? "

       မျက်နှာက ဒဏ်ရာဒဏ်ချက်တွေကို မြင်ပြီးး Luhan မေးလိုက်တော့ Xiumin က ရယ်၍ .. 

     " ဒဏ်ရာတွေလေ "

     " အေးလေ .. အဲဒါကိုပဲ မေးနေတာ .. ဘာဖြစ်လာတာလဲလို့ "

     " ရန်ဖြစ်လာတာ "

    " ရန်ဖြစ်လာတာတော့ ငါလည်း သိတာပေါ့ ... ဘယ်သူနဲ့ ဖြစ်လာတာလဲ .. ဘာဖြစ်လို့ ဖြစ်လာတာလဲ လို့ မေးနေတာ .. ပြီးတော့ ဒီအချိန်ကြီး မင်းအိမ် မင်းမပြန်ဘဲ ငါ့ အိမ် ဘာလာလုပ်တာလဲ ... ပြီးတော့ အိမ်တံခါး ဘယ်သူဖွင့်ပေးတာလဲ ? " 

       " မင်းအမေလေ "

       " ဟ !.. မင်းက ငါတို့ကို အိပ်ရေးပျက်အောင် လာလုပ်နေတာပဲ ... ပြန်တော့ သွားးး " 

        Luhan စကားကြောင့် Xiumin မျက်နှာ ရှုံ့မဲ့သွားသည် 

       " မင်းကလဲလေ ... ငါ့ကိုဆို အမြဲ အဲဒီလိုပဲ ... ဘာလဲ .. ငါက မင်းအိမ်ကို လာလို့ မရဘူးလားး ? "

         Xiumin က ခုတင်ပေါ်မှာ ဝင်ထိုင်ရင်းး Luhan ဘက်လှည့်ကာ မေးသည် 

       လာလို့ မရတာ မဟုတ်ဘူးဟေ့ ... မင်း အဲဒီလိုတွေ ဖြစ်လာတိုင်းး ရင်တုန်ရလွန်းလို့ $ကောင်ရေ ... 

       စိတ်ထဲက အကြောင်း မျက်နှာမှာ မပေါ်စေဘဲ Xiumin ရှေ့က ခုံမှာဝင်ထိုင်လိုက်ပြီးးး 

        " ငါ ပြောတာ အဲဒီလိုမဟုတ်ဘူးလေ ... ကဲ !.. ရှင်းစမ်းပါဦးး .. ညနေက ဘယ်က ဖုန်းလဲ ? "

     " အဲဒါ Chanyeol တို့ ဆက်တာ "

     " ဘာလို့ ဆက်တာလဲ ? "

     " Saek Byul အထက်တန်းကျောင်းက ကောင်တွေနဲ့ တစ်ခါ ငြိထားဖူးတာ ရှိတယ် .. အဲဒါ ဟိုဘက်က အဖွဲ့လိုက်မို့လို့ ငါ့ကိုပါ လှမ်းခေါ်တာ "

       " ဘာာာ !.. ရန်ဖြစ်ဖို့ကို မင်းကို လှမ်းခေါ်တယ် ဟုတ်လားးး ??. အဲဒီ Chanyeol ဆိုတဲ့ သတ္တဝါ ငါနဲ့ တွေ့တော့မယ် " 

        Saek Byul အထက်တန်းကျောင်းက သူတို့ ကျောင်းလို ယောက်ျားလေး သီးသန့်ကျောင်းတော့ မဟုတ် ... ပြီးတော့ လူဆိုး လူမိုက်တွေ ပေါတယ်လို့ ကြားထားတာကို အဲဒီကျောင်းက ကောင်တွေနဲ့ ငြိခဲ့တယ် ဟုတ်လားးး 

       " မင်းကလဲကွာ ... Chanyeol က ... "

      " ပါးစပ်ပိတ်ထားး .. ငါ မင်းကို ကြည်နေတာ မဟုတ်ဘူးနော် ... အဲဒါ အခုချိန်ထိ ရန်ဖြစ်နေတာလားး ?... ပြီးတော့ ငါ့ကို ကားမှတ်တိုင်မှာ ထားခဲ့တာ ... ပြန်မလာဘူးဆိုရင်လည်း နည်းနည်းပါးပါး ဖုန်းဆက်ပါလားး ?.. ငါ အကြာကြီးစောင့်နေရရင် ဘယ်လိုလုပ်မလဲ ?.. စာနာစိတ်ကို မရှိဘူးးး ... ငါ ဖုန်းဆက်တော့ရော ဘာကိစ္စဖုန်းက ပိတ်ထားတာလဲ ? "

     " မဟုတ်ပါဘူးး ... ဖုန်းက Battery Down သွားလို့ ... ပြီးတော့ မင်းကလည်း ငါ့ကို တကယ် စောင့်နေမှာမှ မဟုတ်တာ ... အဲဒီလောက် စေတနာ မရှိတာ သိပါတယ် "

        Xiumin စကားကြောင့် Luhan မျက်နှာတည်သွားသည် ... သူ့ပုံစံက အဲဒီလို ထင်ရလောက်အောင်တောင် ဖြစ်နေတာလားး ?.. 

        စိတ်ပူတာတွေ ကောင်းစေချင်တာတွေ အတူတူရှိနေချင်တာတွေ ထိုင်ရွတ်ပြနေလို့ မဖြစ်တဲ့နောက် ဒီတိုင်းထင်နေတာပဲ ကောင်းပါတယ် 

      " ဟုတ်တယ် ... မင်းပြောသလိုပဲ .. ငါ နာရီဝက်လောက်ပဲ ထိုင်နေပြီး ပြန်လာတာ ... အခု မင်းက ငါ့အိမ်ကို ဘာလာလုပ်တာလဲ ... ကိုယ့်အိမ်ကိုယ် မပြန်ဘဲနဲ့ " 

     " ငါတို့ နည်းနည်း ကံဆိုးသွားတာ ... အဖမ်းခံလိုက်ရတယ်လေ ... အဖေက အာမခံနဲ့ လိုက်ထုတ်ပေးပေမယ့် ငါ့ကို အိမ်ပြန်မလာနဲ့တဲ့ နှင်ချလိုက်လို့ ငါ မင်းဆီရောက်လာတာ " 

          အော် !.. အော် !.. အိမ်ပေါ်က နှင်ချလိုက်လို့ ဆင်းလာတာ ကောင်းသားပဲ ... တစ်လမ်းကျော်ပဲ ခြားတဲ့ ကျွန်တော့် အိမ်ကို ... ကောင်းတယ်ကွာ .. Kim Xiumin တို့ အဆင်ကို ပြေနေတာပဲ 

       အဆင်မပြေတာက သူ ... ဒီညတော့ သေပြီ ထင်တယ် ... သူ့ အိမ်က နှင်ချထားပါတယ်ဆို ဒီကနေပါ ထပ်မောင်းထုတ်လို့ ဖြစ်ပါ့မလားး ? 

      " ငါ ဒီည ဒီမှာ အိပ်မှာနော် "

     " အပိုတွေ ပြောမနေနဲ့ ... မအိပ်နဲ့လို့ ပြောရင် မင်းမှာ သွားစရာ နေရာရှိလို့လားး ? "

      Luhan ပြောတော့ Xiumin က ရယ်သည် ... 

      " ငါ မင်းနဲ့ အတူ အိပ်မှာနော် " 

       သေပြီ ... အဲဒီမှာ သေတာပဲ ... Luhan တို့ တကယ်သေပြီ ... အရင်ကလည်း အတူတူအိပ်နေကြကို အတင်းမောင်းထုတ်ရင် Mama က တစ်မျိုးထင်ဦးမယ် ... 

     " ဘာစားပြီးပြီလဲ မင်းး "

     " မစားတော့ဘူးး .. အိပ်တော့မယ် " 

       ပြောပြီး Xiumin က သူ့ ခုတင်ပေါ်မှာ အခန့်သားး လှဲချလိုက်သည် 

       Luhan သူ့ ဘီရိုထဲက အရေးပေါ် ဆေးသေတ္တာလေးထုတ်ပြီးးး ဘေးမှာ သွားထိုင်ကာ 

      " ဟေ့ကောင် !.. သေမနေနဲ့ဦးး .. ဆေးထည့်ရဦးမယ် ... ထ "

     " ဒီတိုင်းထည့်ကွာ ... ငါ အိပ်ချင်နေပြီ " 

     Luhan စူပွပွနဲ့ အနာနေရာကို ဖိပစ်လိုက်တော့ အာားးး ခနဲ အော်ရင်းး Xiumin ငုတ်တုတ်ထထိုင်သည် 

      " Yaaaa !!.. မင်း ငါ့ကို သတ်နေတာလားး ? "

      " သေလေ ... မင်းး ဘာလို့ လျှာရှည်ပြီး ရန်ဖြစ်ခဲ့လဲ ? "

     " တစ်ခါတစ်လေလေးကိုကွာ "

    " တစ်ခါတစ်လေလည်း ရန်မဖြစ်နဲ့လို့ ပြောထားတာကို ... ဟမ် !.. မင်း အဖေ မင်းကို အိမ်ပေါ်က ဒီတိုင်း နှင်ချတာ အံ့သြတယ် ... အမှန် အသေသတ်ပစ်ရမှာ " 

     " ဟားးးး စေတနာတွေ ပိုနေပါလားး ... ငါ ဒီည မင်းနဲ့ အိပ်ရမှာတောင် လန့်လာသလိုပဲ ... တော်ကြာ ငါအိပ်နေတုန်းးး လည်ပင်းညှစ်သတ်နေရင် ဘယ်လိုလုပ်မလဲ ? "

      " အိပ်မှမသတ်ဘူးး အခုသတ်မှာ "

      ပြောပြောဆိုဆိုနဲ့ Xiumin ကို တွန်းလှဲပစ်လိုက်ကာ သူ အပေါ်က တက်ခွသည် ... လက်နှစ်ဖက်ကို Xiumin လည်ပင်းပေါ် တင်လိုက်တော့ ... ဟိုတစ်ယောက်က Luhan ကို အောက်ကို ရောက်သွားအောင် တွန်းချလိုက်ပြီးး Luhan လက်တွေကို ချုပ်ထားသည် 

      " ဟေ့ကောင် !.. ဖယ်စမ်းးး "

      " မင်း အရင်စတာလေ " 

     " အဲဒါ ဘာဖြစ်လဲ ... အခုဖယ်နော် " 

      " မဖယ်ဘူး ဆိုရင် ? "

     Xiumin စကားအဆုံးမှာ Luhan ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ ဂွကြားကို ဒူးနဲ့ ပိတ်တိုက်ပစ်လိုက်သည် 

     မွေ့ယာပေါ် မှောက်လျက် လဲကျသွားပြီးး လက်နဲ့ အုပ်ကာ ရှုံ့မဲ့နေသည့် Xiumin ကို မြင်မှ Luhan လန့်သွားပြီးးး 

        " ဟေ့ကောင် !.. မင်း အဆင်ပြေလားး ? "

       Grrrrr !!.. မသာလေးး လုပ်တုန်းက လုပ်ပြီးး အခုမှ အဆင်ပြေလားတဲ့ ... အပြင်မှာတော့ Xiumin အသံမထွက်နိုင် 

       " Luhan " 

         ဆေးထည့်လို့ မပြီးသေးသည့် မျက်နှာက ဒဏ်ရာတွေကို ဆက်ပြီးး ဆေးထည့်ပေးနေတုန်းးး Xiumin ခေါ်လိုက်တော့ ပြော ဆိုသည့် ပုံစံဖြင့် မေးဆတ်ပြလိုက်သည်  

      " ငါ မင်းနဲ့ ရန်ဖြစ်ရတာ ပျော်တယ် "

     " ဟမ် ! "

      အဆုံးအစ မရှိ စကားကြောင့် Luhan ... Xiumin ကို ကြည့်လိုက်မိသည် ... 

      " တကယ်ပြောတာ ... မင်းနဲ့ ရန်ဖြစ်နေရတာကို ငါပျော်တယ် "

      အဲဒီ စကားကြောင့် Luhan ... Xiumin ကို ထပ်ကြည့်လိုက်တာ  ခဏပဲ ဖြစ်ကာ ချက်ချင်း အကြည့်ပြန်လွှဲ၍  ဂွမ်း

Please Subscribe to read the full chapter
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet