သူနဲ့ ကျွန်တော့်ရဲ့ ....

Beautiful [[ XiuHan/LuMin ]]
Please Subscribe to read the full chapter

" Hey !.. ဟို ဘောကိုင်ထားတဲ့ကောင် ဒီကို လာခဲ့စမ်းး " 

Luhan လျှောက်နေရင်းနဲ့ ကိုယ့်လက်ထဲက ဘောလုံးကို ပြန်ငုံ့ကြည့်ရင်းး တွန့်ခနဲ ဖြစ်သွားသည် 

ခေါ်လိုက်တဲ့ ပုံက ယဉ်ယဉ်ကျေးကျေး ... ကြက်သီးထစရာ 

ဘယ်သူခေါ်တာလဲ ဆိုပြီး လှည့်ကြည့်လိုက်တော့ ... နှစ်ယောက်မရှိတဲ့ သူ့ရဲ့ အချစ်ဆုံး ရန်သူတော်ကြီးး Kim Xiumin 

ခုနက သူ အိမ်ထဲက ထွက်လာတုန်းကတောင် အရိပ်အယောင် မမြင်ရသေးတဲ့ ကောင်က အခု သူတို့ ခြံတံခါးပေါက်မှာ တံခါးကို ခပ်နွဲ့နွဲ့ မှီရပ်ရင်းး လက်ညှိုးတစ်ချောင်းကို ကွေးချည်ဆန့်ချည်နှင့် လာခဲ့ဆိုသည့် ပုံမျိုး လုပ်ပြနေသည် 

ဒါလားး ကျွန်တော့်ကို ချစ်တယ်ဆိုပြီး ဝန်ခံထားတဲ့ကောင်ရဲ့ ပုံစံ 

တစ်စက်ကလေးမှ ချစ်ချင်စရာ မရှိဘူးးး ... မြင်လိုက်တာနဲ့ ဖြတ်ရိုက်ချင်စရာ 

ဒါပေမယ့် သူ့အပေါ် ဘယ်လို ခံစားချက် ရှိတယ်ဆိုတာ ကျွန်တော်ကလွဲရင် ဘယ်သူမှ မသိ 

ဘယ်တော့မှလည်း သိလာအောင် ဝန်ခံမှာမဟုတ် ... ဘာလို့လဲ ဆိုတော့ ကျွန်တော်က ယောက်ျားတစ်ယောက်ဖြစ်နေလို့ပဲ 

ကျွန်တော် သူ့ပုံစံကို ခေါင်းအစ ခြေအဆုံး ရှပ်တိုက်ကြည့်၍ သူ မြင်အောင် နှုတ်ခမ်းကို မဲ့ပစ်လိုက်သည် 

အဲဒီကောင် ပုံစံကိုလည်း ကြည့်ဦးး ကျောင်းဝတ်စုံမှာ နက်ကတိုင်ကို သေချာမစည်းဘဲ လျော့ရဲရဲနှင့် ... အောက်ခံ ရှပ်အင်္ကျီကလည်း အပေါ်ကြယ်သီးနှစ်လုံးလောက်က ပြုတ်နေသေးသည် 

နောက် လက်တစ်ဖက်မှာ စီးကရက်တစ်လိပ်ကို လက်နှစ်ချောင်းနှင့် ညှပ်ထားပြီးး ကျောပိုးအိတ်က ပုခုံးတစ်ဖက်မှာ ဖေးတင်နေသည့် ပုံစံနှင့် 

ကျွန်တော် Xiumin ရပ်နေရာကို ချက်ချင်း ပြန်လျှောက်သွားပြီးး လက်ထဲက စီးကရက်ကို ဆွဲယူကာ ခြေထောက်နှင့် နင်းပစ်လိုက်သည် 

" သေချင်လို့ အဲဒီ ဆေးလိပ်ကို လက်ကြားညှပ်ထားပြန်တာလားး ? "

Xiumin က Luhan နင်းပစ်လိုက်သည့် ဆေးလိပ်ကို လိုက်ကြည့်နေရင်းး 

" လက်ကြားမညှပ်လို့ ငါက နားရွက်ကြားညှပ်ထားရမှာလားး ? "

အဲဒီ စကားကြောင့် Luhan ရဲ့ အကြည့်စူးစူးက Xiumin မျက်နှာထက် စိုက်ဝင်သွားသည် 

" မင်းကို ဆေးလိပ်တွေ မသောက်ပါနဲ့လို့ ဘယ်နခါ ပြောရမလဲ "

" ဘယ်နခါ ပြောချင်လဲ ? ... ကြိုက်သလောက်ပြောလို့ ရတယ် ... ငါက မင်းအသံလေး ကြားချင်လို့ "

ရယ်ကျဲကျဲနှင့် ပြောလိုက်သည့် စကားအဆုံးးမှာ Luhan လက်ထဲက ဘောလုံးက ပျံထွက်သွားကာ ... Xiumin ရပ်နေရာကို တည့်တည့်ပြေးသွားပြီးနောက် ... 

" Yaaaaaa !.. Kim Xiumin !!!! .. အဲဒီမှာ ရပ်နေစမ်းးး အခု .. "

" မိသွားရင် အရိုက်ခံရမှာ သိသိကြီးနဲ့ ရပ်နေရအောင် ငါက အရူးမို့လို့လားးး " 

" မိလို့ကတော့ မင်းကို အသေသတ်ပစ်မယ် "

" စကားအပိုတွေ ပြောမနေဘဲ ငါ့ကိုပဲ မီအောင် လိုက်စမ်းပါဦးး " 

ဟုတ်ကဲ့ ... အဲဒါကတော့ သူနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးပါ ... ကျွန်တော့်ကို ချစ်ပါတယ်လို့ ဝန်ခံထားတဲ့ သူ့ဘက်ကလည်း အလျှော့ပေးရိုး ထုံးစံမရှိသလို ကျွန်တော့် ဘက်ကလည်းး နူးညံ့တာမျိုး မရှိဘူးလေ 

Xiumin ရဲ့ နာမည်က Kim Min Seok ... သူက ကိုရီးယား လူမျိုးပါပဲ ... Luhan ကတော့ တရုတ်ပေါ့ ... 

Luhan အဖေ ဆုံးသွားပြီးတော့ Luhan ရဲ့ အမေက ကိုရီးယား လူမျိုးတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်လေ 

အဲဒါနဲ့ Luhan လည်း ကိုရီးယားမှာ အခြေချနေ နေရတာပဲ ... အဲဒီအချိန်ကတည်းက ခင်လာခဲ့တာဆိုတော့ ကျွန်တော်တို့ သိတာ ဆယ်နှစ်လောက်တောင် ရှိနေပြီ ... အခင်ဆုံး သူငယ်ချင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ချိုးဖောက်ပြီးး သူ ကျွန်တော့်ကို ဝန်ခံလာပေမယ့် ... ကျွန်တော် သူ့ကို ငြင်းခဲ့ပေမယ့် ခပ်စိမ်းစိမ်း ဖြစ်သွားတာမျိုးတော့ မရှိဘူးး 

သူကလည်း အရင်ကလို စနောက်ဆဲပဲ ... ကျွန်တော်ကလည်း အရင်ကလို အနိုင်ယူဆဲပဲ ...

Xiumin ဆိုတဲ့ နာမည်က ကျွန်တော် နဲ့ ခင်ပြီးမှ သူ့ကိုယ်သူ ပေးလိုက်တဲ့ နာမည် 

ဘာလို့လဲ ဆိုတော့ Luhan က တရုတ်နာမည်မို့လို့ သူလည်း တရုတ်နာမည်ရှိရမယ်ဆိုပြီးး သတ်မှတ်လိုက်လို့လေ 

ဘယ်သူမှ သတ်မှတ်တာ မဟုတ်ဘူးး ... Kim Min Seok ဆိုတဲ့ အဲဒီကောင် ကိုယ်တိုင် သတ်မှတ်တာ 

ကြည့်လိုက်ရင် ကလေးမသာရုပ်နဲ့ ... ဒါပေမယ့် ဆေးလိပ်ကို လက်က မချ ... မထင်ရင် မထင်သလို ရန်က ထဖြစ်တတ်သေးတယ် ... အပြောအဆိုကလည်း ညက်သလားမမေးနဲ့ ... သူ့ စရိုက်မသိရင် တကယ် ရိုက်ပေါက် ... 

ကျွန်တော့်ကို ချစ်တယ်ဆိုပြီးး ကျွန်တော် မကြိုက်တာ မှန်သမျှ အကုန်လုပ်တဲ့ ကျွန်တော့်ရဲ့ အချစ်ဆုံး Kim Min Seok လေ ...

%%%%%%%%%%%%%%%%%%%%%%%%%%%%%%

" Luhan မင်းကို ဆရာ Suho ခေါ်နေတယ် " 

" အော် !.. အေးး ငါ အခုသွားလိုက်မယ် " 

Assignment တင်ဖို့ အတွက် စာကြည့်တိုက်မှာ အချက်အလက်တွေ ရှာနေရင်းက သူငယ်ချင်းတစ်ယောက် လာပြောတာမို့ Luhan စာအုပ်တွေ သိမ်းပြီး ရုံးခန်းဘက်ထွက်လာခဲ့သည် 

အခန်းတံခါးလက်ကိုင်ဘုလေးပေါ်ကို လက်တင်ရုံ ရှိသေး ... လက်မောင်းကနေ ဆွဲလှည့်ခံလိုက်ရတာမို့ ... 

ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ ... ကမ္ဘာ့ရန်သူ 

" Yaa !!.. ဘာလုပ်တာလဲ "

" မင်းကိုပါ ခေါ်ထားတာလားး ? "

" အဲဒါ မင်းနဲ့ ဘာဆိုင်လဲ " 

" ငါ မေးနေတာကို ဖြေစမ်းပါ "

" မင်း အပူပါလားးး ? " 

ကျွန်တော်တို့ ရန်ဖြစ်နေတဲ့ အချိန်မှာ အခန်းထဲက ဆရာ Suho ထွက်လာပြီးးး 

" မင်းတို့ကောင်တွေ ... ရောက်နေရင် ဝင်လာခဲ့ပါလားး ?.. ဘာကိစ္စနဲ့ အပြင်မှာ ကိုက်နေကြတာလဲ ? "

" ဆရာနဲ့ ဆိုင်လို့လားး ? "

" Xiumin ! "

အဲဒီလို ဆရာလို့ ခေါ်လိုက်တာကိုက ရွဲ့လိုက်တာ ဆိုတာ သိနေတာမို့ ... 

Xiumin လက်မောင်းကို ဖမ်းကိုင်ရင်းး ခေါ်လိုက်တော့ Xiumin က တစ်ချက်လှည့်ကြည့်သည် 

ပြီးတော့ သူ့လက်ကို တွန်းချပြီးး အခန်းထဲ ဝင်သွားကာ ဆရာ့ ထိုင်ခုံမှာ အခန့်သား ဝင်ထိုင်ကာ ခြေထောက်နှစ်ဖက်ကို စားပွဲပေါ်မှာ ချိတ်တင်ထားသည် 

Luhan ဆရာ့ကို အားနာစွာနှင့် ရယ်ပြလိုက်ပြီးး အခန်းထဲ လိုက်ဝင်လာခဲ့သည် 

" Xiumin ... အဲဒါ ဆရာ့နေရာလေ ... အခုထ "

" တံဆိပ်ကပ်ထားလို့လားး ? "

" Yaaaa !! "

Luhan အော်လိုက်တော့ Suho က သူတို့ နှစ်ယောက်ကို ကြည့်ရင်း ခေါင်းယမ်းသည် 

" ထားလိုက် Luhan ပြောမနေနဲ့ " 

" ဟုတ် "

Luhan ခေါင်းညိတ်ပြပြီး ခုံမှာ ဝင်ထိုင်လိုက်တော့ Xiumin က ရယ်သည် 

" လိမ္မာချင်ယောင်ဆောင်နေတယ်ပေါ့ " 

" Kim Min Seok ... မင်း မလိမ္မာတိုင်း သူများကို လိုက်ရိမနေနဲ့ "

" ဦးလေးး အသာနေစမ်းပါဗျာ ... ဒါ ဒီကောင်နဲ့ ကျွန်တော့် သမိုင်းး "

Xiumin စကားးအဆုံးမှာ Suho က စားပွဲပေါ်မှာ ရှိတဲ့ စာ

Please Subscribe to read the full chapter
Like this story? Give it an Upvote!
Thank you!

Comments

You must be logged in to comment
No comments yet