You are my bubble tea

Please Subscribe to read further chapters

Description

You are my bubble tea
(My First Time One Shot Fic)

အင်ချွန်းလေဆိပ်မှာ လက်ကြီး နှစ်ဖက်မြှောက်ပြီး အောင်ပွဲခံနေတဲ့
ကောင်မလေးတစ်ယောက်ကို လူတွေ ၀ိုင်းကြည့်နေကြတယ် ။ လူတွေကြည့်နေတာကို သူစိတ်မ၀င်စားအားဘူး ။ အရေးကြီးတာက သူတွေ့ချင်တဲ့သူကို သူတွေ့ခွင့်ရတော့မယ်ဆိုပြီး သူပျော်နေတာ ။ ပါးစပ်ကလဲအော်လိုက်သေးတယ် ။
'ငါကွ....မြန်မာပြည်က ပထမဆုံး SM Company ရဲ့ သန့်ရှင်းရေးလုပ်ဖို့ ရောက်လာတာ ။ ကျေနပ်တယ် ။ ငါ့အသည်းလေးတွေ တွေ့ရတော့မှာ'
သူပြောနေတာကို ဘေးနားက လူတွေလဲ တယောက်မှ နားမလည် ။ သူပြောနေတာက မြန်မာလိုပြောနေတာလေ ။ အားလုံး သူ့ကို ကြောင်တောင်တောင်နဲ့ ကြည့်သွားကြတယ် ။
လေဆိပ်ကနေ SM Company ကိုတန်းသွားလိုက်တယ် ။ Taxi ဌားပြီး သွားတာ ။ သူ့အိမ်ကိုတော့ ကျောင်းသွားတက်မယ် ပြောပြီး ထွက်လာတာ ။ စာရွက်စာတမ်း အတုတွေလုပ် ။ မနည်းလိမ်လည်လှည့်ဖြားပြီး သူထွက်လာတာ ။
----------
Taxi ပေါ်က ဆင်းတော့ SM Company ရှေ့မှာ ကောင်မလေး တအုပ် ရုတ်ရုတ်သဲသဲနဲ့ အသည်းအသန်တိုးဝှေ့နေကြတယ် ။ ကားပေါ်က ဆင်းလာတဲ့ သူ့ကို ၀ိုင်းကြည့်နေကြတယ် ။ နေကာမျက်မှန် all black ကြီးတပ်ပြီး ၀တ်ထားစားထားတာက idol style နဲ့ ။ တိုးဝှေ့နေတဲ့ ကောင်မလေးအုပ်စုထဲက တယောက်က ထပြောလိုက်တယ် ။
'ဟဲ့....အခု ကားပေါ်က ဆင်းလာတဲ့ တယောက်က style အရမ်းမိုက်တယ်နော် ။ SM trainee အသစ်လား ။ ငါတို့လဲ မသိပါလား ။ ဒီလောက် update ဖြစ်တဲ့ ငါတို့တောင် သူ့ကို မသိပါလားဟ'
သူတို့ပြောနေတဲ့ စကားသံကြားပြီး Suki တယောက် ရုပ်ကြီး ဖြီးသွားတယ် ။ စိတ်ထဲမှာတော့ 'ဟဲဟဲ...ငါ့ရုပ်က အဲ့လောက်တောင် သားနားနေတာလား'
အားလုံးသတိထားမိအောင် ဆံပင်ကို ခါပြီး လမ်းလျှောက်လိုက်တယ် ။ ခပ်တည်တည်နဲ့ SM Company ထဲ ၀င်တော့မလို့ အလုပ်မှာ taxi သမားက
'ဟေ့ ကောင်မလေး.....taxi ခ ပေးဦးလေ....ပြီးတော့ အထုပ်တွေ မယူတော့ဘူးလား'
အဲ့ကျမှ သူ သတိရသွားတယ် ။ 'ဟုတ်သားပဲ.....ငါ့အထုပ်တွေ'
အထုပ်တွေကို အသည်းအသန်ကားပေါ်က ချ ။ ခုနက သူ့ကို ကြည့်နေတဲ့ ကောင်မလေးတွေ ပြုံးစိစိဖြစ်ကုန်တယ် ။ Suki တယောက် ဟန်မပျက် အထုပ်ဆွဲပြီး အပေါက်ဝကို လမ်းလျှောက်သွားတယ် ။ မျက်မှန်ကြီး တပ်ပြီး ပဲအပေးလွန်နေတာ security ဦးလေးကြီး တားတာကို သူမမြင်ဘူး ။
'ဟေ့ဟေ့....ဘယ်သူလဲ....တခါမှလဲ မမြင်ဖူးဘူး ။ ဒီထဲကို ၀င်ချင်တိုင်း ၀င်လို့မရဘူး'
အသံကြားတော့မှ သူမျက်မှန်ကောက်ချွတ်လိုက်တယ် ။
'အော်....ဦးလေး....ခဏလေးနော်....သမီးက ၀င်ချင်တိုင်း ၀င်တာ မဟုတ်ဖူး ။ ဒီက တရားဝင်ဝန်ထမ်း ခန့်အပ်စာ ရပြီးမှ လာတာ ။ စာရွက်ပြမယ်'
Suki သူ့ ပိုက်ဆံအိတ်ထဲမှာ သူ print ထုတ်လာတဲ့ စာရွက်ကို အသည်းအသန်ရှာနေတယ် ။ အပြင်က အုပ်စုကလဲ သူ့ကို စိတ်ဝင်တစားကြည့်နေကြတယ် ။ ရှာနေရင်းနဲ့ သူတွေ့သွားတယ် ။
'ရော့....ဒီမှာ...ဖတ်ကြည့်'
Security ဦးလေးကြီး သူပေးတဲ့စာကို ဖတ်လိုက်တယ် ။
'အော်....သန့်ရှင်းရေး ၀န်ထမ်းအသစ်လား '
အပြင်ဘက်က ကောင်မလေးတွေ ၀ိုင်းရီလိုက်ကြတယ် ။
'ဟားဟား.....trainee အသစ်လားလို့....သန့်ရှင်းရေးဝန်ထမ်းတဲ့ဟ.... ၀တ်ထားတာကလဲ စင်ပေါ်တက်ပြီး သီချင်းဆိုတော့မယ့် style နဲ့'
Suki မျက်နှာပူလို့ ကုပ်ချောင်းကုပ်ချောင်းနဲ့ ၀င်သွားတယ် ။ Company ကို ရောက်ကြောင်း အရင်တင်ပြပြီးတော့ သူ့ဖို့ အဆောင်စီစဉ်ပေးထားတဲ့ Company နောက်က အဆောင်လေးမှာ သူအထုပ်သွားထားလိုက်တယ် ။
သန့်ရှင်းရေး ၀န်ထမ်းတွေလဲ အများကြီးရှိတယ် ။ အကုန်လုံးက အသက်ကြီးနေပြီ ။ သူပဲ ငယ်နေတော့ တခြားမိန်းမကြီးတွေ သူ့ကို စကားလာပြောကြတယ် ။
'သမီးက ငယ်ငယ်လေး....တခြားနေရာတွေမှာ အလုပ်မရှာပဲ ဘာလို့ ဒီသန့်ရှင်းရေးအလုပ်လာလုပ်ရတာလဲ'

Suki ပြန်ပြောတယ် ။
'သမီးအိပ်မက်ရှိလို့ပါ....ဒီ SM company ကိုဝင်ချင်လွန်းလို့'
'အောင်မလေး...အိပ်မက်က ကြီးမားလိုက်တာ...SM ရဲ့သန့်ရှင်းရေး ဖြစ်ချင်တာလား'
မိန်းမကြီးတယောက် ၀င်ပြောလိုက်ခြင်းဖြစ်တယ်။

Suki မျက်မှောင်ကြီး ကြုံ့ပြီး ပြန်ပြောလိုက်တယ် ။
'တခြားအိပ်မက်ပေါ့.....ဒီ သန့်ရှင်းရေးဖြစ်ဖို့တော့ အိပ်မက်မက်စရာလား ajumma ကလဲ....ဒါနဲ့လေ...မေးစရာရှိတယ်....EXO member တွေ ဘယ်အခန်းမှာလေ့ကျင့်တာလဲဟင်'

'ယောင်လို့တောင် သူတို့နားမသွားနဲ့နော်....ဥက္ကဌကြီးက မှာထားတယ်... သူတို့စိတ်ရှုပ်အောင် မလုပ်နဲ့တဲ့...တခြားလူတွေထက် သူတို့ကို အရမ်းအရေးပေးတာ.....စိတ်အနှောင့်အယှက်ဖြစ်အောင် သွားလုပ်လို့မရဘူး'
အသက်အကြီးဆုံးလို့ ထင်ရတဲ့ မိန်းမကြီးတယောက် ပြောလိုက်ခြင်းဖြစ်တယ်။

'ဟုတ်လား....အင်းပါ.....သူတို့ မရှိတဲ့ အချိန်တော့ သူတို့ ဘယ်မှာ ဘာတွေလုပ်လဲ သွားကြည့်လို့ရတယ် မဟုတ်လား'

'ရတယ်လေ......လာ...လိုက်ခဲ့....ajumma လိုက်ပြပေးမယ်....ajumma နာမည်က Kim....သမီးနာမည်ကော'

'သမီးက Suki ပါ....'
---------------------
Kim Ajumma ကျေးဇူးနဲ့ သူ အကကျင့်တဲ့အခန်းလေးကို ၀မ်းသာအားရ သန့်ရှင်းရေးလုပ်နေတယ် ။ အဲ့ဒီအချိန်မှာ...
'သမီးရေ....မြန်မြန်လုပ်....သူတို့တွေ ရောက်လာပြီ'
Suki အသည်းအသန် ကြမ်းတိုက်ပြီးတော့ ထွက်လာတော့ အပြင်မှာ Jong Dae နဲ့တန်းတိုးတယ် ။ မျက်လုံးကြီး D.O လောက်ပြူးထွက်သွားပြီးတော့
ကြောင်ကြည့်နေတယ် ။ Jong Dae သူ့ကို စကားလှမ်းပြောတယ် ။
'Ajumma....နည်းနည်းလောက် ဖယ်ပေးလို့ရမလား'
Suki တယောက် Jong Dae စကားပြောလို့ အပျော်တွေလွန်ပြီး ခေါင်းကို တရစပ်ငြိမ့်လိုက်တယ်။ သူ့အချစ်ဦး....exo member တွေမှာ သူအရမ်းကို အရူးအမူးကြိုက်ခဲ့ရတဲ့ Jong Dae နဲ့ သူတန်းတိုးတာ....အသက်ရှုတွေတောင် ရပ်သွားတယ်လို့ သူခံစားလိုက်ရတယ် ။ ပြီးတော့ သူ့ကို ပြုံးပြီး ပြောနေတဲ့ မျက်နှာ...
သူမေ့လဲ ချင်စိတ်ပေါက်သွားတယ် ။
သူသာ ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်နေတာ Jong Dae က အခန်းထဲ ၀င်သွားပြီ ။ တခြားလူတွေ မပါလာသေးဘူး ။ တခြားနေရာ သန့်ရှင်းရေး လုပ်ဖို့သွားတော့မှ သူပြန်စဉ်းစားလိုက်တယ် ။
'ဘာ....Kim Jong Dae....နင်တော့ သေတော့မယ် ။ ငါ့ကိုများ ajumma တဲ့ ။ အင်းပေါ့လေ.....ငါက သန့်ရှင်းရေးလာလုပ်တာကိုး '

အမှိုက်ပစ်မလို့ အမှိုက်ထုပ်ကြီးကိုင်ပြီး အမှိုက်ပုံးနားသွားတော့ အမှိုက်ပုံးနားလေးမှာ ငုတ်တုတ်လေးထိုင်ပြီး ဖုန်းပြောနေတဲ့ Sehun ကို သူတွေ့လိုက်ရတယ် ။ လုံးဝ shock ရသွားတယ် ။ သူအတွေ့ချင်ဆုံးလူကို သူပထမဆုံးအကြိမ် တွေ့လိုက်ရပြီ ။ လုံးဝ မထိန်းနိုင်ပဲ မျက်ရည်တွေ အတောင့်လိုက်ကျလာတယ် ။ ဟိုက သူ့ကိုတောင်မတွေ့ ။ Suki လဲ စပ်စုပြီး ဘယ်သူနဲ့ ဖုန်းပြောလဲ နားထောင်လိုက်တယ် ။ သူ့သူငယ်ချင်း Daeun ဆိုတဲ့ တယောက်နဲ့ ဖုန်းပြောနေတာ ။ Suki စိတ်ထဲမှာ တွေးလိုက်တယ် ။
'ထင်ပါတယ်.....အခုလိုပဲ အမြဲဖုန်းပြောနေမယ်ဆိုတာ....'
Daeun နဲ့ဖုန်းပြောနေရင်းနဲ့ Sehun ရုပ်ကြီး ပြုံးဖြီးနေတာမြင်ပြီး Suki အရမ်းစိတ်ထိခိုက်သွားတယ် ။ တိတ်တိတ်လေး Sehun မသိအောင် ပြန်ထွက်သွားလိုက်တယ် ။
---------------
အခုဆို Suki ကိုးရီးယားရောက်တာ တလလောက်ရှိသွားပြီ ။ ဒီ တလအတွင်းမှာ Sehun ကို သူနေ့တိုင်းမြင်ရပေမယ့် ထိပ်တိုက်တခါမှ မတွေ့ရသေးဘူး ။ တွေ့ခွင့်လဲ မရှိဘူးလေ ။ ဒါပေမယ့် သူ အကကျင့်တဲ့ အခန်းလေးမှာ Sehun သောက်ဖို့ bubble tea လေး အမြဲသွားထားပေးထားတယ် ။ သူတို့လာခါနီးကျရင် ။ Sehun ကတော့ fan တွေ ပေးတယ်ပဲ ထင်တာပေါ့ ။ Sehun ပြန်သွားရင် အဲ့ဒီ bubble tea အမှိုက်ခွံလေးကို သွားသိမ်းပြီးတော့ Suki တယောက် ပြုံးပျော်နေတတ်တယ် ။
သူဝယ်ပေးတာ သောက်လို့ပျော်နေတာ ။
---------------
အိမ်နဲ့ဖုန်းပြောပြီး ပထမဆုံးအကြိမ် Suki စိတ်ဓာတ်တွေကျနေတယ် ။ သူထင်ထားတာက ဒီ SM company မှာ ဘယ်နေရာအလုပ်ရရ သူတွေ့ချင်တဲ့ သူကို တွေ့ရမယ် ။ ပြီးရင် ခင်အောင်ကြိုးစားမယ် ။ သူ့ကိုလဲ ပြန်ကြိုက်မယ်ထင်ထားတာ ။ တကယ်တမ်းလက်တွေ့မှာက အဲ့လိုဖြစ်မလာဘူး ။ အဆောင်ကျဉ်းကျဉ်းလေးမှာ သူနေရတယ် ။ အိမ်ကလူတွေကတော့ သူ့ကို ကျောင်းတက်တယ်ပဲ ထင်နေတာ ။ ပြီးတော့ သူတွေ့ချင်တဲ့ သူတွေကိုလဲ အဝေးကနေပဲ...နောက်ကွယ်ကနေပဲ ကြည့်ခွင့်ရှိတယ် ။ သူ့အမေ မျက်နှာမြင်ယောင်ပြီး ၀မ်းနည်းသွားတယ် ။
'အမေ....သမီးတောင်းပန်ပါတယ် ။ Sehun နဲ့ တခါလောက်စကားပြောပြီးရင်တော့ ဒီနေရာကနေ ရုန်းထွက်ပြီး တခြားနေရာမှာ သမီးဘ၀အတွက် တိုးတက်အောင် ကြိုးစားပါ့မယ်'
သူအကြိမ်ကြိမ်လဲ ကြိုးစားပါတယ် ။စကားပြောခွင့်ရဖို့အတွက် ။ ဒါပေမယ့် တခါမှ အခွင့်အရေးမရခဲ့ဘူး ။ ဟိုကလဲ သူရှိနေမှန်းတောင်မသိဘူး ။
----------------
SM ရောက်တာ ၂လပြည့်သွားပြီ ။ Exo အဖွဲ့ဝင်တွေ ခရီးထွက်နေရတယ် ။ သူလဲ ဆုံးဖြတ်လိုက်ပြီ ။ တခြားနေရာမှာပဲ အလုပ်လုပ်ဖို့ ။ သူ့စိတ်ကူးအိပ်မက်တွေ ပျက်သုန်းသွားသလိုခံစားလိုက်ရတယ် ။ ဒီမှာနေနေတော့လဲ ဘာမှမထူးဘူးလေ ။ နေ့တိုင်းသူသန့်ရှင်းရေးလုပ်တယ် ။ ပြီးရင် Sehun မျက်နှာကို သွားသွားချောင်းကြည့်ပြီး သူပြုံးတယ်။ ဆက်အလုပ်လုပ်တယ် ။ အလုပ်ထွက်စာတင်ပြီး အထုပ်လေးဆွဲပြီး ထွက်လာတယ် ။
သူ့ကိုလူတယောက်လှမ်းခေါ်လိုက်တယ် ။
'သမီးက ဘယ်ကလဲ....'

Security ဦးလေးကြီးသူ့နားကပ်ပြီးပြောလိုက်တယ် ။ 'အဲ့ဒါ..SM ဥက္ကဌကြီး'
အဲ့တော့မှ Suki ပျာပျာသလဲနဲ့
'ဟုတ်ကဲ့ရှင့်....သမီး သန့်ရှင်းရေးအလုပ်လုပ်တာပါ....ဒီနေ့မှ ထွက်စာတင်ထားတာ'

'ဒီကောင်မလေးရဲ့biography စာရွက်စာတမ်းအပြည့်အစုံယူလာပြီး ငါ့ရုံးခန်းကို လာပို့ပေးပါ....သမီးလဲ လိုက်ခဲ့ပါ ရုံးခန်းကို...ခဏလောက်'
-------------
ရုံးခန်းထဲမှာ Suki ရဲ့biography ကိုဖတ်နေတယ် ။ အရမ်းအံ့သြသွားတဲ့ ရုပ်နဲ့ပြန်ပြောတယ်
'ဘယ်လိုဖြစ်လို့များ သန့်ရှင်းရေးအလုပ်ကို ၀င်လျှောက်ရတာလဲ....ကိုးရီးယား ဘာသာစကားလဲ ကျွမ်းကျင်ရဲ့သားနဲ့.....ပြီးတော့ ဘွဲ့လဲ ရပြီးပြီ.....သီချင်းဆိုတာလဲ ၀ါသနာပါတယ်....ဟုတ်လား'

'ဟုတ်ကဲ့ရှင့်.....သမီး အရမ်းဝါသနာပါပါတယ်...'

'ဘာလို့ audition ၀င်မဖြေလဲ....၀င်ဖြေကြည့်ပါလား'

'သမီးတခါဝင်ဖြေဖူးတယ်.....form ပယ်ချတာ ခံလိုက်ရလို့....SM က ကိုးရီးယားလူမျိုးမှ လက်ခံတာတဲ့.....အဲ့လိုပြောလို့'

'ဖြေကြည့်လိုက်ပါ.....ထောက်ခံချက်ရေးပေးလိုက်မယ်....မနက်ဖြန်လုပ်မယ့် ပြိုင်ပွဲမှာ ၀င်ပြိုင်ကြည့်လိုက်'

'ကျေးဇူးတင်ပါတယ်ရှင့်'
----------------------------
Suki ဘယ်လိုမှ မထင်ထားတဲ့ အပြောင်းအလဲနဲ့ ကြုံလိုက်ရတယ် ။ ဥက္ကဌနဲ့သွားတွေ့ပြီး သူကံကောင်းသွားတယ် ။ မနက်မြန်မြန်ရောက်ဖို့ပဲ သူဆုတောင်းလိုက်တယ် ။ Kim Ajumma သူ့ဆီကိုဖုန်းဆက်လာတယ် ။
'Suki လား....သမီးရေ...ကံကောင်းလိုက်တာ....ဥက္ကဌနဲ့တန်းတိုးတယ်ဆို'

'ဟုတ်ကဲ့ ajumma....မနက်ဖြန် audition ၀င်ခိုင်းတယ်...သမီးကို'

'အဲ့ဒါကံကောင်းတာပေါ့......သူမျက်စိကျသွားပြီထင်တယ်......သေချာကြိုးစားနော်...
Trainee ဖြစ်ဖို့ သေချာသလောက်ဖြစ်နေပြီ.....စောစောအိပ်တော့....သတင်းကြားလို့ ၀မ်းသာလွန်းလို့ဖုန်းဆက်လိုက်တာ'
------------Kim Ajumma ဖုန်းချသွားတော့ Suki ပါးကို ဆွဲကြည့်လိုက်တယ်။
'ငါအိပ်မက်မက်နေတာ မဟုတ်ဖူးပဲ'
----------------------------------------
Audition ဖြေပြီး သူအပြင်မှာစောင့်နေတယ် ။ သူအတတ်နိုင်ဆုံးအကောင်းဆုံးတော့ လုပ်ခဲ့တာပဲ ။ result ထွက်လာမှာကိုစောင့်နေတယ် ။ သူအရွေးခံလိုက်ရတယ်။ လုံးဝ မယုံကြည်နိုင်ဘူး ။ အရမ်းပျော်နေတယ် ။ နောက်ဆုံး သူ့ရဲ့ အိပ်မက်က အခုမှ တကယ်ကို အကောင်အထည်ပေါ်လာတာ ။ ပြီးတော့ သူ့ကို တကိုယ်တော် အခွေထုတ်ပေးမှာ ။ အကလေ့ကျင့်ဖို့သူ အကအခန်းကိုရောက်လာတယ် ။
ဒီအခန်းလေးကို သူသိတယ်။ Exo member တွေ မလေ့ကျင့်တဲ့ အချိန် အကလေ့ကျင့်ဖို့သူ့ကို ဒီအခန်းကို ပေးထားတယ် ။ အခန်းထဲဝင်ရတဲ့ ခံစားချက်ကိုက မတူညီဘူး ။ အရမ်းခြားနားတယ် ။ အစက သူဒီအခန်းထဲဝင်ရင် ထိတ်တလန့်လန့်နဲ့ ၀င်သန့်ရှင်းရေးလုပ်ရတာ ။ အခုတော့ သူ့အတွက် ကိုယ်ပိုင်အခန်းလေး ဖြစ်သွားပြီ ။
ပြီးတော့ သူနေရတဲ့နေရာလေးလဲ ကွာခြားသွားပြီ ။ သူကျေနပ်တယ် ။

ဘာမှ မစဉ်းစားတော့ပဲ သူအိပ်လိုက်တယ် ။ မနက်ကျရင်လဲ အစောကြီး ထလေ့ကျင့်ရဦးမှာဆိုတော့ ။
အကခန်းကို သူအစောကြီးရောက်သွားတယ် ။ Exo အဖွဲ့သားတွေ အုပ်စုလိုက်ရောက်လာကြတယ် ။ ခရီးကနေ ပြန်ရောက်လာကြပြီလေ ။
Exo Manager က ရှင်းပြလိုက်တယ် ။
'အော်....ဟုတ်တယ်....ငါ့ကို ဖုန်းဆက်ထားတာ...ပြောဖို့မေ့နေတာ....Suki က Trainee အသစ်တဲ့...သူလဲ ဒီအခန်းကို မင်းတို့နဲ့ မျှသုံးမှာ....မင်းတို့ အချိန်ညှိရမှာ...'
Jong Dae သူ့ကို မှတ်မိတယ် ။
'ဟယ်.....ဟိုတခါတွေ့ဖူးတဲ့ တယောက်မှတ်လား...အော်...Trainee အသစ်လား....သန့်ရှင်းရေးလုပ်တာ မဟုတ်လား....ဟိုတခေါက်က'
Suki စိတ်လှုပ်ရှားနေတယ် ။ သူ member အားလုံးနဲ့ ထိပ်တိုက်အခုလိုတွေ့ရတာ..
ပြီးတော့ သူ့ကို trainee အဖြစ်နဲ့ အခုလိုဆက်ဆံတာ......
'ဟုတ်တယ်....သန့်ရှင်းရေးအနေနဲ့ အရင်ရောက်လာတာ...အခုမှ audition ဖြေပြီး trainee ဖြစ်သွားတာ'
ပြောနေရင်းနဲ့သူ့မျက်လုံးက Sehun ဘက်ကို ဝေ့ကြည့်လိုက်တယ် ။ သူ့ကိုပြန်မကြည့်နေဘူး ။ Sehun မျက်လုံးက သူခါတိုင်း ထားနေကျ bubble tea နေရာလေးကို ရောက်နေတာ တွေ့ရတယ် ။ bubble tea ကိုမတွေ့တော့ Sehun နှုတ်ခမ်းလေးစူပြီး အိပ်ငိုက်နေတယ် ။ Suki ကိုသူကြည့်တောင် မကြည့်ဘူး ။ စိတ်လဲ မ၀င်စားဘူးနဲ့တူတယ် ။
Suki လဲ အခုလောက်ဆို Sehun သူ့ကို ပြန်မကြည့်တာ ကျင့်သားရနေပြီလေ ။ ကိစ္စမရှိဘူး ။ Exo Manager က Suki ကို Exo တွေရဲ့ schedule ကို ပေးလိုက်တယ်။

'အဲ့ဒီ အချိန်တွေမှာ သူတို့ ဒီမှာ လေ့ကျင့်လိမ့်မယ်.....သူတို့နဲ့လွတ်တဲ့ အချိန်လာကျင့်လို့ရတယ် ။ အဆင်ပြေတယ်မှတ်လား'
'ဟုတ်ကဲ့....အဲ့ဒါဆို အခုဖယ်ပေးမယ်နော်.....ညနေမှပြန်လာလေ့ကျင့်တော့မယ်'
Suki ထွက်သွားခါနီး Sehun မျက်နှာကို တချက်လှည့်ကြည့်လိုက်တယ် ။ Tao နဲ့ စကားတွေများပြီး ဆော့နေတယ် ။ သူ့ကို အသစ်ဆိုတော့ ဘယ်သူမှ သိပ်သတိမထားမိသေးဘူး ။
-------------
နောက်နေ့ကျတော့ Sehun အတွက် ပုံမှန် bubble tea လေးလာထားလိုက်တယ် ။
ပြန်ထွက်မယ် လုပ်တော့ Sehun ၀င်လာတာနဲ့ တိုးလို့ သူလာထားသွားမှန်းသိမှာ စိုးလို့ အနားမှာ ရှိတဲ့ ခုံတွေ ထားတဲ့ ကြားထဲမှာ ၀င်ပုန်းနေလိုက်တယ် ။ သူ ခုံကြားထဲကနေပဲ ချောင်းကြည့်နေလိုက်တယ် ။ Bubble tea မြင်ပြီး Sehun ပြုံးသွားတာ သူမြင်လိုက်တယ် ။ Sehun ဖုန်းကို ထုတ်ကြည့်လိုက်တယ် ။
'ဟားဟား.....ငါ့ကို ဘယ်သူပို့နေတာလဲ မသိဘူး....ဒီ fan တွေထဲကပဲနေမှာပါ....
ဒါနဲ့ ဒီနေရာကို ဘယ်လိုရောက်နေတာလဲ.....ajumma တွေ လာထားပေးတာလားမသိဘူး......တော်ပြီ...ဦးနှောက်ခြောက်တယ်....မစဉ်းစားတော့ဘူး.....ပို့ချင်တဲ့သူ ပို့တော့ ငါသောက်နေရတာပဲ'
ဖုန်းကို ထုတ်ပြီး bubble tea သောက်နေတဲ့ပုံကို instagram မှာ တင်ဖို့ သူပြင်နေတယ်။

Tao ၀င်လာတယ် ။
'အေး.....ကြည့်လဲ သောက်ဦး ။ ဘယ်သူလာလာထားမှန်းလဲ မသိဘူး ။ မင်းကို အဆိပ်ခတ်ထားရင် ဘယ်လိုလုပ်မလဲ'

Sehun မျက်နှာလေး ရှုံ့မဲ့သွားတယ်.....
'မနာလိုလာဖြစ်နေတယ်....သူ့ကို တိုက်မယ့်သူမရှိလို့'

သူတို့ပြောနေတာ နားထောင်ပြီး Suki ရီချင်လို့ တချက်ရီလိုက်မိတယ်.... အသံထွက်သွားတယ်။ ၂ယောက်လုံး Suki ပုန်းနေတဲ့နေရာကို လျှောက်လာကြတယ်။
Suki လဲ အခုမှ ဘာလုပ်ရမလဲမသိ တုန်တုန်ယင်ယင်တွေဖြစ်နေတယ်
Tao ခုံကို ဖယ်လိုက်တော့....
'အော်...ဘယ်သူများလဲလို့.....နင်က ဒီမှာချောင်ထဲမှာ ဘာလုပ်နေတာလဲ....ပြီးတော့ ညနေမှ လေ့ကျင့်ရမှာ မဟုတ်လား'
'သူက ဘယ်သူလဲ' Sehun မေးလိုက်တယ်။
'အာ...မင်းကလဲ....trainee အသစ်လေ....ငါတို့နဲ့ အခန်းမျှသုံးရတဲ့ တယောက်'
'အော်...'
ပြန်သာဖြေလိုက်တာ သူစိတ်ဝင်စားတဲ့ပုံမပေါ် ။ ဖုန်းမှာ noti တွေ တက်လာတော့ သူပျော်ရွှင်နေတယ်။

'ဟုတ်တယ်....ညနေမှ လေ့ကျင့်ရမှာ......ခုနက Senior တို့ ၀င်လာတာနဲ့ ကျွန်မကို မြင်ပြီး စိတ်ရှုပ်သွားမှာစိုးလို့ ၀င်ပုန်းနေလိုက်တာ '

'အဲ့ဒါဆို ငါတို့ မသွားမချင်း နင်က ဒီချောင်ထဲမှာ ပုန်းနေမလို့လား....
ဟူး.....သွားသွား....ထွက်....ဘာမှမဖြစ်ဖူး......ညနေမှ ပြန်လာခဲ့'
Tao ပြောလိုက်တယ်။

'ဟုတ်ကဲ့...သွားပါပြီရှင့်'
-----------------
ကိုးရီးယားရောက်ပြီးကတည်းက တခါမှ Suki မဖျားသေးဘူး....အခု အကကျင့်နေရင်းနဲ့ နေမကောင်းသလိုကြီးဖြစ်ပြီး ချွေးတွေ ပျံလာတယ် ။ နာရီကြည့်လိုက်တော့ မနက် ၈နာရီထိုးနေပြီ ။ သူ မနက် ၅ နာရီကတည်းက လာကျင့်နေတာ ။ Sehun ကို bubble tea ၀ယ်ပေးဦးမယ် ။ သူဆိုင်ကို မရောက်ရောက်အောင်သွားလိုက်တယ် ။ bubble tea ၀ယ်ပြီးကိုင်လာတာကို Chanyeol မြင်လိုက်တယ် ။
'အော်...Suki....လေ့ကျင့်ပြီးပြီလား....နင်လဲ bubble tea ကြိုက်တာပဲလား'

'Senior က ကျွန်မနာမည် မှတ်မိတယ်ပေါ့'

'နင်ကလဲ ဒုက္ခပဲ.....ကိုယ့် junior ပဲ...မှတ်မိတာပေါ့....ငါတို့က မိသားစုတွေလေ'
Chanyeol ပြုံးပြီး ပြောလိုက်တဲ့ စကားကြောင့် အားတက်သွားတယ်။ သူအကြိုက်ဆုံး Exo အဖွဲ့ဝင်ထဲကတယောက်က သူ့ကို အခုလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံတယ် ။ မျက်စိတွေပျာလာပြီး အဲ့နေရာမှာတင် မေ့လဲသွားတယ် ။
------------------
အက လေ့ကျင့်တဲ့နေရာကို Chanyeol နောက်ကျပြီးမှ ရောက်လာတယ် ။
Suho က ' မင်းဘယ်လိုဖြစ်လို့နောက်ကျနေတာလဲ'
'အော်....Suki ကိုသိတယ်မဟုတ်လား'
'အေး...သိတယ်လေ...ဘာဖြစ်လို့လဲ'
'သူနဲ့ company အောက်မှာ တွေ့လိုက်တာ....သူနေမကောင်းဘူး မူးလဲသွားလို့..
ကျွန်တော် ဆေးခန်းသွားပို့လိုက်တာ....ဒါနဲ့လေ....သူလဲ ငါတို့ maknae လိုပဲ bubble tea ကြိုက်တယ်ထင်တယ်....bubble tea ကြီး လက်မှာကိုင်ပြီးတော့ မေ့လဲသွားတာပဲ'

Bubble tea အသံကြားတော့ Sehun ခေါင်းက Chanyeol ဘက်ကိုလှည့်လာတယ်။
Sehun ခေါင်းလှည့်လာတော့ Chanyeol ကပြောလိုက်တယ် ။
'မင်းကလဲ...bubble tea အသံကြားတာနဲ့ အငမ်းမရပဲ'
BaekHyun ၀င်ပြောလိုက်တယ်။
'မဟုတ်ဖူး.....သူ့ကို ခါတိုင်းပို့နေကျ တယောက်က ဒီနေ့ bubble tea မပို့ဘူး....သူခုနက အဲ့ဒါကြောင့် စိတ်ညစ်နေတာ'

'ဟင်....အဲ့ဒါဆို Sehun ကို bubble tea ပို့နေကျသူက Suki ဖြစ်နေမလား' Chanyeol ၀င်ပြောလိုက်တယ်။

Suho ကလဲ ' အေး....ဖြစ်နိုင်တယ်။သူနဲ့ စကားပြောတိုင်း မျက်လုံးက Sehun ဆီပဲ ရောက်နေတာ.....Sehun ရဲ့ fan girl လားမသိဘူး'

အားလုံးတယောက်တပေါက်စီနဲ့ ပြောနေတော့မှ Sehun သူ့ instagram ကို ၀င်လိုက်တယ် ။ Suki နာမည်ကို ရှာကြည့်လိုက်တယ် ။ သူတွေ့သွားတယ်။
Suki instagram ထဲမှာ Sehun နဲ့ ပတ်သတ်တာတွေချည်းပဲ ။ သူ့ကို tag ထားတဲ့ပုံတွေလဲ မနည်းဘူး ။ သူလုံးဝ မသိဘူး ။ သတိလဲ မထားမိခဲ့ဘူး ။
'အမ်.....'
သူစကားစလိုက်တယ် ။

Baekhyun က
'ပြော....ဘာပြောချင်လို့လဲ....အမြဲ အဲ့လို တန်းလန်းကြီး မပြောပါနဲ့ဆို'

'အခုကော အဲ့ဒီတယောက်သက်သာသွားပြီလားလို့ မေးမလို့ပါ'

'အဟမ်းအဟမ်း......ငါတို့ maknae က သူ့ fan girl ဆိုတာနဲ့ ရုတ်တရက်ကြီး ဂရုတွေ ဘာတွေ စိုက်လို့ပါလား' Baekhyun ပြောင်စပ်စပ်နဲ့ပြောလိုက်တယ်။

'မဟုတ်ပါဘူး......နေမကောင်းဘူးဆိုတော့လဲ ကိုယ့် junior ဆိုတော့ လူမှုရေးအရ မေးတာ' Sehun ပြန်ပြောလိုက်တယ် ။

'ငါတော့ အငွေ့အသက် တခုရနေတယ် ။ မကြာမီ....လာမည်.....မျှော်...'
BaekHyun စတာကို သူနားမထောင်တော့ပဲ သူ့ဖုန်းကိုပဲ ပြန်ကြည့်လိုက်တယ် ။ Suki က သူ့ ideal girl ပုံစံပဲ ။ ဘာလို့ သူသတိမထားမိတာလဲပေါ့ ။သူသေချာစဉ်းစားတော့မှ အဲ့ဒါ သူ့အကျင့်ပဲလေ ။ ဘယ်သူ့ကိုမှ ဂရုမစိုက်တာ သူ့ အကျင့်ပဲ ။
---------------------
Suki ထုံးစံမပျက် Bubble tea လေးကိုလာထားတယ် ။ Sehun လည်း သူ့ကို ပို့တဲ့သူကို confirm လုပ်ချင်လို့ Suki လေ့ကျင့်တဲ့အချိန်ကို မှန်းပြီး လာခဲ့တာ ။ ကွက်တိပဲ။ Suki bubble tea ထားနေတုန်း Sehun အနောက်ကနေ
ချောင်းဟန့်လိုက်တယ် ။ Suki လန့်သွားတယ် ။ ဘာလုပ်လို့လုပ်ရမလဲ မသိဘူး ။
'မင်္ဂလာပါ Senior.....ကျွန်မ အချိန်မှားနေလားမသိဘူး'

'မမှားပါဘူး.......နေကောင်းသွားပြီလား....'

'ဟုတ်ကဲ့...သက်သာသွားပါပြီ'

'အော်....တော်သေးတာပေါ့....'
၂ယောက်လုံး ကြောင်တောင်တောင် ဖြစ်နေတာ ။ Suki ကတော့ ရင်တွေ အခုန်လွန်နေတာ ။ သူဒီကိုလာရတဲ့ ရည်ရွယ်ချက်ကလဲ Sehun ကြောင့်ပဲလေ ။
'အဲ့ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်ရှင့်'

Suki ထွက်သွားခါနီးမှာ Sehun က
'bubble tea အတွက် ကျေးဇူးပဲနော်....ကောင်းကောင်းသောက်ပါ့မယ်'

Suki ခေါင်းငြိမ့်ပြပြီး ထွက်သွားလိုက်တယ် ။ အမှန်ကတော့ သူရှက်နေတာ ။ Sehun နဲ့ သူစကားပြောခွင့်ရသွားပြီ ။ ကံအကောင်းဆုံးနေ့ပဲ သူစဉ်းစားလိုက်တယ် ။
---------------------
Sehun နဲ့ သူနဲ့ အခုတော့ တော်တော်ကို စကားပြောဖြစ်လာတယ် ။ နည်းနည်းလဲ ခင်သလိုလိုဖြစ်လာတယ် ။ ကိုးရီးယားစစရောက်ရောက်ချင်းတုန်းက ထက်စာရင် Suki တယောက် တော်တော် အချိုးပြောင်းလာတယ် ။ အစကဆို ထင်တိုင်းကြဲပြီး လုပ်ချင်တာ လုပ်တာ ။ ပေါတောတောနဲ့ ။ အခု ဒီမှာနေပြီး သူအခြေအနေတွေကို နားလည်လာတယ် ။ သူ့ကိုယ်သူလဲ သိလာတယ် ။ idol တွေရဲ့ နေထိုင်မှုပုံစံကိုလဲ သူသဘောပေါက်လာတယ် ။ သူ့ဖုန်းကို message ၀င်လာတယ် ။
'မနက်ဖြန် ခရီးသွားမှာ....bubble tea မ၀ယ်ထားနဲ့နော်....ကောင်းကောင်းနေခဲ့....ဘာ ၀ယ်လာပေးရမလဲ...တရုတ်ပြည်သွားမှာ....OSH'
Suki တယောက် message ကိုဖတ်ပြီး ထခုန်နေတယ် ။ သူ့ကို Sehun message ပို့လာတာ ။ ဘာဝယ်လာရမလဲတောင်မေးထားသေးတယ် ။ အပျော်လွန်လို့သေတော့မယ် ။ အိပ်မက်တွေ တကယ်ဖြစ်လာတယ်လို့ သူခံစားရတယ်။ သူပြန်ပို့လိုက်တယ် ။
'ရပါတယ် ။ မ၀ယ်လာပေးပါနဲ့ ။ Schedule ကြည့်ထားတော့ ခရီးသွားရမယ်ဆိုတာ သိလိုက်တယ် ။ ကောင်းကောင်းသွားပါ ။ Fighting'
---------
Suki ပို့တဲ့ message ကိုဖတ်ပြီး Sehun လဲ ပျော်ရွှင်နေတယ် ။
Suho က 'အင်း.....ငါတို့ထဲမှာတော့ maknae က အရင်စွံတော့မယ်ထင်တယ်....Suki ဆီ message ပို့နေတာ မှတ်လား'
'မဟုတ်ပါဘူး Hyung ကလဲ'
'လိမ်မနေနဲ့....မျက်နှာကြီး ကြည့်တာနဲ့ သိတယ်....ရုပ်ကြီးက ဖြီးနေတာပဲ....
ကိုယ့် member တွေ အကြောင်းမှ ကိုယ်မသိရင် ငါအရမ်းညံ့တဲ့ leader ဖြစ်တော့မှာပေါ့'
-----------------------------------
၁နှစ်ရှိသွားပြီ....Suki trainee ဘ၀နဲ့နေနေတာ......အခု သူမြန်မာနိုင်ငံကို ခဏပြန်ဖို့ ခွင့်ရသွားတယ် ။ ပြန်ရောက်တာနဲ့ သူ့ တကိုယ်တော် အခွေစထွက်တော့မယ် ။ သူ official SM artist ဖြစ်တော့မယ် ။ သွားတုန်းကနဲ့ ပြန်လာတဲ့ အချိန်မှာ သူ့ဘ၀က တခြားစီဖြစ်သွားပြီ ။ အခု သူအိမ်အတွက် ဂုဏ်ယူစရာကောင်းတဲ့ သမီးတယောက် အဖြစ်နေနိုင်သွားပြီ ။အစထဲက စိတ်ကူးမှားသွားတဲ့ အတွက် သူ့ကိုယ်သူ အပြစ်တင်လို့ မဆုံးဘူး ။ သူသာကံကောင်းစွာနဲ့ audition ဖြေခွင့်မရခဲ့ရင် အခုအချိန်မှာ သူဟာ သန့်ရှင်းရေးဘ၀ပဲ ရောက်နေမလား ။ ဘယ်နေရာပဲရောက်နေမလဲ သူမစဉ်းစားတတ်ဖူး ။ မိုက်မဲတဲ့ လုပ်ရပ်အတွက် သူနောင်တတော့ ရမိသွားတယ် ။
--------------------------
Suki တကိုယ်တော် အခွေရောင်းအားက Exo နဲ့တွဲပြီး promotion လုပ်တော့ တော်တော်ပေါက်သွားတယ် ။ အခုဆို သူတို့ world tour အတွက် စီစဉ်တဲ့ထဲမှာ Suki ပါ လိုက်ပါခွင့်ရသွားပြီ ။ Japan ကို အရင်ဆုံးသွားကြမယ် ။
အားလုံးကို တယောက်ချင်းစီ interview ကျတယ် ။ Sehun ကိုမေးတဲ့ အလှည့်မှာ ဘာကိုအကြိုက်ဆုံးလဲ ။ အကြိုက်ဆုံးအရာက ဘာလဲ လို့မေးတယ် ။
'ကျွန်တော် အကြိုက်ဆုံးက Bubble Tea ပါ ။ အစထဲက ကျွန်တော် အရမ်းကြိုက်ပါတယ် ။ ကျွန်တော့် အတွက်လဲ ကံကောင်းခြင်းတွေ ယူဆောင်လာပေးတယ် bubble tea ကတဆင့် ။ ကျွန်တော် တန်ဖိုးအထားရဆုံးကလဲ bubble tea ပါ '
Sehun ရဲ့အဖြေက SNS တွေ အကုန်လုံးမှာ ပွက်လောရိုက်သွားတယ် ။
သူဘာလို့ bubble tea ကတဆင့် ကံကောင်းခြင်းဖြစ်တာလဲဆိုပြီးတော့....
ပိုဆိုးတာက သူ့ရဲ့instagram မှာ တင်လိုက်တယ် ။ bubble tea ပုံလေးနဲ့...
'နင်က ငါ့ရဲ့ bubble tea ' ဆိုပြီးတော့
Suki လဲ အခုဆို သူ့ fan လေးတွေနဲ့ သူရှိလာပြီ ။ အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတော့ SNS တွေတောင် သိပ်မသုံးဖြစ်ဖူး ။
မနက်ဖြန်ဆို သူတို့တွေ Seoul ကို ပြန်ရတော့မယ် ။ အိပ်မလို့ပြင်ဆင်နေတုန်း ဖုန်းဝင်လာတယ် ။ Sehun ဆီက
'Suki.....ငါ့ instagram update ကိုကြည့်ပြီးပြီလား'
'ဟင့်အင်း....ဘာဖြစ်လို့လဲဟင်....အခုကြည့်လိုက်မယ်လေ'
'ok....မနက်ဖြန် ပြန်ရမှာဆိုတော့ စောစော အိပ်နော်'
'ဟုတ်ကဲ့....Senior လဲ စောစောအိပ်ပါ'

Sehun ရဲ့ instagram post ကိုကြည့်ပြီး ပြုံးလိုက်တယ် ။ စာသားလေးကို သူသဘောကျသွားတာ ။
'နင်က ငါ့ရဲ့ bubble tea' တဲ့......................

Comments

You must be logged in to comment
No comments yet