NOSTALGIA

Description

(Zawgyi and Unicode Included)

 

Nostalgia ဆိုတာ အတိတ်ကို တမ်းတလွမ်းဆွတ်ခြင်းတဲ့ ~!

 

ပြန့်ကြဲနေတဲ့ အတွေးတွေကို ပုံဖော်ထားတာမို့

စိတ်ဝင်စားစရာ ကောင်းချင်မှ ကောင်းလိမ့်မည်..။ 

ကြည်နူးဆွတ်ပျံ့စရာဖြစ်နိုင်သလို

မွန်းကြပ်ဖွယ်ရာလဲ ဖြစ်နိုင်သည်..။ 

 

Nostalgia ဆိုတာ အတိတ္ကို တမ္းတလြမ္းဆြတ္ျခင္းတဲ့ ~!

 

ျပန႔္ၾကဲေနတဲ့ အေတြးေတြကို ပုံေဖာ္ထားတာမို႔

စိတ္ဝင္စားစရာ ေကာင္းခ်င္မွ ေကာင္းလိမ့္မည္..။ 

ၾကည္ႏူးဆြတ္ပ်ံ႕စရာျဖစ္နိုင္သလို

မြန္းၾကပ္ဖြယ္ရာလဲ ျဖစ္နိုင္သည္..။

Foreword

မနက်ခင်းနေရောင်ခြည်..  မြူနှင်းတွေကြားကနေ လမ်းမပေါ် ဖောက်ထွက်နေပုံက ကောင်းကင်က တစ်ယောက်ယောက်များ ဆင်းလာတော့မလို့ လမ်းခင်းပေးထားသလိုမျိုး။ 

 

ကျောင်း အဝင်လမ်းမက လူအရမ်းမရှုပ်သေးပေမယ့် လမ်းလျှောက်နေတဲ့သူတွေကတော့ ဟိုတစ်ယောက် ဒီတစ်ယောက် ရှိနေပြီ။ 

 

မျက်နှာကိုတိုးလာတဲ့လေက လတ်ဆတ်ပေမယ့် အေးစိမ့်နေတယ်။ စက်ဘီးနင်းနေရင်း လက်ကိုတိုးလာတဲ့ လေအေးတွေကြောင့် လက်တွေက တအားထုံလာနေပြီ။  ဒီလောက်မအေးဘူးထင်လို့ လက်အိတ် စွပ်မလာခဲ့မိတာ အတန်းထဲမြန်မြန်ရောက်မှ အအေးသက်သာမှာမို့ လက်ကိုင်ကို တင်းကိုင်မိလိုက်ရင်း စက်ဘီးကို အရှိန်မြှင့်နင်းလိုက်တယ်။ 

 

စာသင်ဆောင်ဖက်ကိုသွားတဲ့ လမ်းချိုးအကွေ့မှာ သစ်ပင်တွေကွယ်နေတတ်လို့ တစ်ဖက်မှာ လူလာနေလား မသိနိုင်တာကြောင့် အရှိန်လျှော့ဖို့ ဘရိတ်ကို ဖြေးဖြေးဆွဲလိုက်ပေမယ့် ကံဆိုးစွာပဲ အကွေ့မှာ ထွက်လာတဲ့ တစ်ယောက်ကြောင့် စက်ဘီးလက်ကိုင်လေးဟာ ကမောက်ကမ....  

 

တစ်ဖက်ကောင်လေးကလဲ လန့်သွားပုံပဲ။ လက်ထဲက စာအုပ်တွေ အကုန်လွတ်ကျကုန်ပြီ။ 

 

" တောင်းပန်ပါတယ်..  တောင်းပန်ပါတယ်... 

ဘယ်နားထိခိုက်မိသွားသေးလဲ မသိဘူး... " 

 

" ရပါတယ်..  တကယ်ဆို ဒီအပင်တွေဘေးက

ကပ်မလျှောက်သင့်တာကို.. "

 

စာအုပ်တွေကို ကူကောက်ပေးရင်း မေးကြည့်ပေမယ့် 

အကြည့်တွေကတော့ စာအုပ်တွေကို လိုက်ကောက်နေတဲ့ ကောင်လေးရဲ့ နီရဲနေတဲ့ နားရွက်ဖျားလေးနဲ့၊ စာအုပ်အဖုံး

ပေါ်ပြေးလွှားနေတဲ့ လက်ချောင်းသွယ်သွယ်တွေဆီကနေ မလွှဲနိုင်ခဲ့ဘူး... 

 

နောက်ဆုံးစာအုပ်ကို လှမ်းကောက်မိတော့ ထိမိသွားတဲ့ လက်ဖျားထိပ်ကလေးတွေက....  မထင်မှတ်ထားလောက်အောင် နွေးနေတယ်...  

 

" လက်ဖျားတွေက အေးနေတာပဲ... "

 

တိုးဖွဖွ အသံနဲ့အတူ မော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေနဲ့ ဆုံတဲ့အခါ အလိုလို အသက်အောင့်မိလျှက်သား။ ခေါင်းထဲမှာ ဗလာကျင်းပြီး တစ်ယောက်တည်း ကမ္ဘာ့အပြင်ဖက်ရောက်သွားသလိုမျိုး။ 

 

ကြည်ကြည်စင်စင်မျက်နှာလေးကိုငေးရင် နှလုံးသွေးတွေ တဒိတ်ဒိတ် ခုန်နေတာကို ဒီတိုင်းနေရင်းတောင် ခံစားလို့ရနေတယ်။ တစ်ကိုယ်လုံးက သွေးကြောတွေများ ပြောင်းပြန်စီးကုန်ပြီလား ထင်ရလောက်အောင်..  သွေးကြောတွေ တဖျစ်ဖျစ် မြည်ကုန်ပြီလားလို့တောင် ခံစားလိုက်ရတဲ့ ခံစားမှု.... 

 

​" အဆင်ပြေရဲ့လား.... " 

" ဒီမှာ.... " 

 

​မျက်နှာရှေ့ကို လက်ကလေးကာလာမှ အလန့်တကြား 

 

" ဟင်..  အင်း လက်..  လက်က လေတိုက်လို့... "

 

ဟော..  သူပြုံးပြပြီ ။ နေရောင်နုနုအောက်မှာ ပါးလေးတွေ မို့တက်လာတာက ပန်းကလေးတစ်ပွင့် အစွမ်းကုန် ပွင့်လာသလိုမျိုး။ 

 

အဟား...  ဒါကဘယ်လိုခံစားချက်မျိုးလဲ... 

မြင်မြင်ချင်းအချစ်တဲ့လား...  ရင်ခုန်မှအချစ်ဆိုရင်

အခု ကိုယ့်ကိုယ်ကိုယ် ရင်ခုန်လား မခုန်လား မသိနိုင်တဲ့

အခြေအနေဖြစ်နေပြီ...  ရူးသွားတာလား...  ဒါမှမဟုတ် 

သေသွားလို့ တခြားကမ္ဘာရောက်သွားတာလား.. 

 

" စက်ဘီး ဘာဖြစ်သွားသေးလဲ.... " 

 

ဆည်းလည်းသံလိုမျိုးလေး.... 

 

" ဘာမှ မဖြစ်ပါဘူး...  ဒီဖက်ကရော 

ထိခိုက်သွားတာရှိသေးလား " 

 

" ဟင့်အင်း.... "

 

ရင်ထဲ တသိမ့်သိမ့် စီးဝင်လာတဲ့ စမ်းချောင်းငယ်လိုမျိုး

 

" အတန်းထဲသွားမှာလား... "

 

" အင်း..... "

 

" ဘယ် အတန်း ကလဲ.... "

 

" စီးပွားရေး တတိယနှစ်.... " 

 

" အတူတူပဲရော်.. 

အရင်က မမြင်ဖူးဘူးနော်... "

 

" ကျောင်းပြောင်းလေ.... "

 

" နာမည်က..... "

 

" ဘတ်ဟျွန်း.... "

 

ရင်ခုန်တယ်... 

 

" ကိုယ်က ချန်းယောလ် ......

ချန်းလို့ခေါ်....  "

 

စကားသံအဆုံး ဒီကောင်လေး ပြုံးပြီး မျက်နှာလေး ငုံ့သွားတယ်။ ဟင့်အင်း စိတ်ထင်တာနေမှာပါ....  အခုမှ စတွေ့တာကို.... 

 

ဒါပေမယ့် လက်ဖျားလေးတွေနွေးနေတာကို 

သဘောကျတယ်...

 

ဆုပ်ကိုင်ထားရရင် ကိုယ်လဲနွေးမယ်ထင်ပါရဲ့.... 

 

 

 

---- NOSTALGIA ----

 

 

 

'  မှတ်တိုင်လေးမှာ စောင့်နေနော်... '

 

မနက်တိုင်း ဝင်လာနေကျဖြစ်တဲ့ msg လေးကြောင့် ဘတ်ဟျွန်း ပြုံးလိုက်ရင်း ဖုန်းလေးကို ကုတ်အင်္ကျီထဲ ထိုးထည့်လိုက်တယ်။

 

ကားမှတ်တိုင်က ခုံလေးမှာ ထိုင်ရင်း နားထဲနားကြပ်လေး

ထည့်ပြီး သီချင်းတစ်ပုဒ်ကို ဖွင့်နားထောင်လိုက်တယ်....  

 

ခနနေရင် စက်ဘီး ဘရိတ်သံကြားရလိမ့်မယ်.. 

ပြီးရင် ဘာစားခဲ့လဲလို့ မေးလိမ့်မယ်... 

ပြီးရင် လက်ထဲက စာအုပ်တွေကို စက်ဘီးခြင်းထဲ 

ပြောင်းထည့်လိမ့်မယ်... 

 

ပြီးရင် သူ့စက်ဘီးနောက်မှာ ထိုင်စီးရင်း 

ကျောင်းထဲကို အတူတူသွားလိမ့်မယ်.....

ပြီးရင် သူမြန်မြန်နင်းမှာမို့လို့ ပြုတ်မကျအောင် 

သူ့ကို သေချာ ကိုင်ထားဖို့ သတိပေးလိမ့်မယ်...

 

တစ်... 

နှစ်......... 

သုံး........... 

 

' ကျွီ.... '  သူရောက်လာပြီ.. 

 

" ချန်း.... " 

 

" ဘာစားခဲ့လဲ... "

 

" ကော်ဖီနဲ့ပေါင်မုန့်.. "

 

လက်ထဲကစာအုပ်တွေကို လွှဲပြောင်းယူရင်း 

စက်ဘီးခြင်းထဲ ထည့်နေပြီ.... 

 

" တက်.... " 

 

".........."

 

" သေချာကိုင်ထားနော်...  ငါမြန်မြန်နင်းမှာ.... " 

 

သူ့ခါးကို တိုးဖက်လိုက်တော့ သူက ချောင်းတစ်ချက်ဟန့်တယ်.. 

 

" အဟမ်း... ကဲ....  ဒါဆို သွားမယ်..... "

 

သစ်ရွက်တွေကြွေတဲ့ လမ်းပေါ်မှာ စက်ဘီးလေးက 

တလိမ့်လိမ့်...  နှင်းတွေဝေနေတယ်...  

နေရောင်နုနုလေးကလဲ လှလှပပ ဖြာကျနေတယ်...  

နှလုံးသားလေးတွေရော ရှက်သွေးဖြာနေဦးမလား...

 

" Baekhyun-na.... "

 

" ဟင်.... "

 

" ဘာသီချင်းနားထောင်နေတာလဲ.... "

 

" Me after you..... " 

 

 

 

 

 

သစ်ရွက်ကြွေလေးတွေကို ဖိနပ်ထိပ်နဲ့ ထိုးမွှေရင်း 

ရပ်စောင့်နေတဲ့ ကောင်လေးကို ခပ်ဝေးဝေးက မြင်ရနေတယ်..

 

မြန်မြန်ပိုပြီး နီးကပ်ချင်လို့ စက်ဘီးကိုပိုပြီး ခပ်သွက်သွက်လေး

နင်းလိုက်တယ်...  သူ့ရှေ့မှာ ထိုးရပ်လိုက်တော့ ပြုံးပြလာတဲ့

အသည်းပုံ လေးထောင့်လေး...  

 

စာအုပ်တွေ လှမ်းယူတော့ ထိမိတဲ့ လက်ဖျားလေးတွေက

အရင်လို နွေးနေဆဲပဲ....  

 

" ချန်း...  မင်းလက်တွေက အေးလိုက်တာ...."

 

" အင်း..  အမြဲအဲ့လိုပဲ.... " 

 

စက်ဘီးနောက်ခုံက သိမ့်ခနဲခံစားမှု၊ ပြီးတော့ 

ပြောစရာမလိုတော့ပဲ ခါးကို တိုးဖက်လာတဲ့ 

လက်သွယ်သွယ်တစ်စုံ.....

 

စက်ဘီးကို လှိမ့်ထွက်လိုက်တာနဲ့ နောက်ကျောမှာ 

လာကပ်တဲ့ မျက်နှာနုနု..... 

 

အလိုလိုပြီးပြည့်စုံတဲ့ နေ့တစ်နေ့ဆိုတာ ဘတ်ဟျွန်းကို 

မြင်ရတဲ့ နေ့တွေလို့ပဲ ချန်းယောလ်ထင်တယ်..

 

" Baekhyun-na...  "

 

" ဟင်.... "

 

" ငါလက်တွေ အေးမနေချင်ဘူးသိလား..... "

 

 

 

---- NOSTALGIA  ----

 

 

စောင့်နေကျနေရာလေးမှာပဲ သူစောင့်နေတယ်

ဒီမနက်မှ နေရောင်ခြည်ကပိုပြီး လင်းနေသလို

ပတ်ဝန်းကျင်ကပိုပြီး တိတ်ဆိတ်နေသလို... 

 

ပြေးမလာရပဲ မောလိုက်တာ.... 

ရင်ခုန်ရတာ မောလိုက်တာ..  ဘတ်ဟျွန်းရေ..  

 

" Baekhyun-na...... " 

 

" စက်ဘီးမပါဘူးလား ချန်း.... " 

 

မော့ကြည့်လာတဲ့မျက်ဝန်းငယ်တွေထဲ တစ်သက်လုံး 

ပျောက်ဆုံးပစ်လိုက်ရရင်တောင် ကျေနပ်နိုင်တဲ့အထိ 

ချန်းယောလ် ရူးနေပြီ။ 

 

" အင်း...  ငါ့လက်တွေ တအားအေးနေလို့.... " 

 

" ဟင်.... "

 

ဘာမှမသိရှာတဲ့အရူးလေးက လက်ကို ရုတ်တရက်

ဆွဲကိုင်လာတယ်... သူ့လက်လေးတွေထက်စာရင် 

ကျွန်တော့လက်တွေက ပိုကြီးပြီး ကျယ်ပြန့်တယ်.. 

ဒါပေမယ့် သူ့လက်ဖဝါးလေးတွေက ပိုပြီး နူးညံ့နွေးထွေးတယ်..

 

" အင်းနော်...စက်ဘီးနင်းမလာတာတောင် အေးနေတုံးပဲ...

နွေးသွားအောင်.. ကော်ဖီပူပူလေးဝယ်တိုက်မယ်... "

 

ကျွန်တော့်လက်ကို သူလွှတ်ချတော့မယ်... 

ပြီးရင် သူလမ်းစလျှောက်တော့မယ်...  

အဲ့အခါ ကျွန်တော့လက်တွေ ပြန်အေးသွားလိမ့်မယ်... 

ဒီထက်ပိုပြီး မအေးချင်တော့ဘူး... 

 

" Baekhyun-na " 

 

လွတ်ထွက်ခါနီး သူ့လက်ဖဝါးတွေကို ခပ်တင်းတင်း

ဆွဲဆုပ်ရင်း ခေါ်တော့ လှည့်ကြည့်လာတယ်...  

 

" မင်းလက်တွေက အမြဲ နွေးနေတာပဲနော်"

 

"............... "

 

" စတွေ့ကတည်းကပဲ....  အခုထိ..... "

 

".................  " 

 

" ငါ့လက်တွေ အေးမနေချင်တော့ဘူး.... " 

 

စက္ကန့်ပိုင်းလောက် သူငြိမ်သက်သွားတယ်... 

 

" အင်းလေ...  ငါကော်ဖီဝယ်တိုက်မယ်လို့... 

လက်ကို လွှတ်ဦး..  ပိုက်ဆံအိတ်ထုတ်မလို့... " 

 

မလွှတ်ပဲ ဆောင့်ဆွဲလိုက်တော့ အနားကို စွေ့ခနဲ 

ပြန်ရောက်လာပြီး ကြောင်ကလေးလို အလန့်တကြား 

မော့ကြည့်လေတယ်... 

 

" ချန်း...... "

 

" ငါပြောတာ..  ကော်ဖီ သောက်ချင်လို့ မဟုတ်ဘူး... " 

 

တဆတ်ဆတ်တုန်ရီနေတဲ့ နှုတ်ခမ်းတွေက 

ရာသီဥတုအေးလို့ မဟုတ်တာ သေချာတယ်.. 

 

တဖျတ်ဖျတ်ခတ်နေတဲ့ မျက်တောင်လေးတွေက နှလုံးသားကို

လေဟပ်သလိုပဲ... မောလိုက်တာ ဘတ်ဟျွန်းရေ.... 

 

" ငါ..  ငါ မင်းလက်ကို အမြဲဆုပ်ကိုင်ထားချင်တယ်..."

 

"........   " 

 

" ခနတာအတွက် ဆုပ်ကိုင်ထားချင်တာ မဟုတ်ဘူး

တစ်သက်လုံးအတွက် လက်တွဲထားချင်တာ..  " 

 

နားထောင် ဘတ်ဟျွန်း... 

နှလုံးသားက ကြားရတဲ့အထိသေချာနားထောင်.. 

 

" ငါ့လက်တွေ..  ငါ့လက်တွေက အေးနေလို့ နွေးထွေးတဲ့

မင်းရဲ့လက်ကိုဆုပ်ကိုင်ချင်ရုံ သက်သက်မဟုတ်ပဲ.... " 

" မင်းရဲ့လက်တွေ အေးစက်လာသည့်တိုင် 

အေးစက်သွားတဲ့ အချိန်ထိ မင်းလက်ကို တွဲထားချင်တာ.. "

" ငါပြောတာ သိလား... " 

 

" ငါ့လက်တွေ အေးမနေချင်ဘူးဆိုတာ 

အကြောင်းပြချက် သက်သက်ပဲ...  

မင်းလက်ကနွေးလို့ ဆုပ်ကိုင်ထားချင်တယ်ဆိုတာလဲ

အကြောင်းပြချက်တစ်ခုပဲ... "

 

" ငါပြောချင်တာက....  ငါပြောချင်တာ က.. " 

 

ဘယ်သူနဲ့မှ လုမပြောရပါပဲ မောလိုက်တာ.. 

 

" မနက်ခင်းတိုင်း ပထမဆုံး မြင်ချင်တဲ့သူက မင်းဖြစ်ပြီး

ညအိပ်ယာဝင်တိုင်း နောက်ဆုံး မြင်ချင်တဲ့သူက 

မင်းပဲဖြစ်တယ် ဘတ်ဟျွန်း..  ဗြောင်... " 

 

အချိန်တွေ ရပ်တန့်ကုန်သလိုပဲ...  ပတ်ဝန်းကျင်တစ်ခုလုံး

တိတ်ဆိတ်ပြီး ဘယ်သူမှ မရှိတော့ပဲ တစ်လောကလုံးမှာ

နှစ်ယောက်တည်း အသက်ဝင်နေသလိုမျိုး... 

 

ကားသံတွေ မကြားတော့ဘူး... 

ကလေးတွေ ဆူဆူညံညံ ဆော့ကစားရင်း

ကျောင်းသွားကြတဲ့ အသံတွေလဲ မကြားရဘူး.... 

စက္ကန့်တွေ တရွေ့ရွေ့ကုန်သွားတယ်... 

 

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း

အသက်ရှူဖို့ပါ မေ့နေသယောင်.... 

 

ဒီစကားတွေပြောရတာ မီတာ တစ်သောင်း မာရသွန်

ဝင်ပြိုင်ရင်တောင် ဒီလောက်မောမှာ မဟုတ်ဘူး... 

 

အခုချိန်ထိ ဆုပ်ကိုင်ထားတဲ့ လက်ကို မလွှတ်ရသေးဘူး...

သူကလဲ မော့ကြည့်ဆဲ...  အနီးကပ်မြင်နေရတဲ့ မျက်နှာလေးက

​ကိုယ့်လောဘကို အဆုံးအစွန်ထိ တွန်းပို့နေတာပဲ... 

 

တကယ်ကို မင်းကို ဘယ်လိုမှ လက်လွှတ် ဆုံးရှူံးမခံနိုင်ဘူး 

ဘတ်ဟျွန်းရေ.. သေချာတယ်...  

မင်းဟာ ကိုယ့်အပိုင်ပဲဖြစ်ရမယ်... 

 

​ရှေ့မှာ ရပ်နေတဲ့ ကိုယ့်ထက် ခေါင်းတစ်လုံးနီးပါးနိမ့်တဲ့

ကောင်လေးကို ဆွဲဖက်တော့ ရင်ခွင်ထဲ ကွက်တိဝင်လာတယ်။ 

 

ရုန်းကန်ခြင်းမရှိ...  

ငြင်းဆန်ခြင်းမရှိ.... 

ဒီတိုင်း ငြိမ်ငြိမ်လေး....  

 

ခေါင်းလုံးလုံးလေးကို အုပ်ကိုင်ရင်း..  ကိုယ်လုံး

သေးသေးအိအိလေးကို ထွေးဖက်ရင်း... 

 

" ငါမင်းကို ချစ်တယ်...  ဘတ်ဟျွန်း... " 

 

ဆံသားနုနုတို့ကို တဖွဖွ ပွတ်သပ်ရင်း...  

လွတ်ထွက်သွားမှာစိုးလို့ အကြိမ်ကြိမ်တိုးဖက်ရင်း

တဖွဖွ ပြောနေမိတယ်...  

 

" စတွေ့ကတည်းကပဲ...... "

 

"............... " 

 

" ဘာကြောင့်မှန်းမသိဘူး...  ငါပြောခဲ့သလိုပဲ... 

မင်းလက်တွေနွေးလို့ဆိုတာ အကြောင်းပြချက်တစ်ခုပဲ.. "

 

".......... "

 

"  မင်းရဲ့ အရာအားလုံးပေါ့... " 

 

ထိုအချိန် ခါးပေါ်ရောက်လာတဲ့ လက်ကလေးကြောင့်

အလိုလို အသက်ရှူအောင့်လိုက်မိတယ်... 

 

အခု သူကျွန်တော့်ကို ပြန်ဖက်လိုက်တာလား... 

ဘုရားရေ..  ကျွန်တော် အိပ်မက်မက်နေတာလား... 

 

" ဆက်ပြောလေ ချန်းရဲ့...  ငါနားထောင်နေတယ်.. "

 

" ဘတ်...  ဘတ်ဟျွန်းန...." 

 

ခါးကို အပြည့် သိုင်းဖက်လာတဲ့ လက်ကလေး...  

ရင်ခွင်ထဲ အပြည့်အသိပ် တိုးဝင်လာတဲ့ နူးညံ့မှုလေး...

 

မယုံကြည်နိုင်စွာ..  ပုခုံးကနေ ဆုပ်ကိုင်လို့

မျက်နှာတော်လေးအား ဖူးမြော်ခွင့်တောင်းတော့ 

ပေကပ်ကပ်နဲ့ ရင်ခွင်မှာ ကပ်နေပြန်တယ်... 

 

" အဟား...  ဘတ်ဟျွန်းနား.... " 

 

ပိုပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ရင်း ဆံသားနုနုထဲ

အကြိမ်ကြိမ် နမ်းရှိုက်မိပြန်တယ်...  

 

" ချန်း....  မင်းလက်တွေ အမြဲတမ်းနွေးမယ်ဆို

ငါ့လက်ကို တစ်သက်လုံးမလွှတ်လဲရတယ်...  " 

 

 

 

 

---- NOSTALGIA ----

 

 

 

 

 

Plot လုံးဝမရှိပါဘူး။ 

ဒီတိုင်း စိတ်ကူးရှိတဲ့အတိုင်း ပုံဖော်သွားမှာပါ။ 

ဟီးဟီး 

5.2.2020 (Wed) 

 

 

 

 

 

 

>> Zawgyi Ver <<

 

 

 

 

 

မနက္ခင္းေနေရာင္ျခည္..  ျမဴႏွင္းေတြၾကားကေန လမ္းမေပၚ ေဖာက္ထြက္ေနပုံက ေကာင္းကင္က တစ္ေယာက္ေယာက္မ်ား ဆင္းလာေတာ့မလို႔ လမ္းခင္းေပးထားသလိုမ်ိဳး။ 

 

ေက်ာင္း အဝင္လမ္းမက လူအရမ္းမရွုပ္ေသးေပမယ့္ လမ္းေလၽွာက္ေနတဲ့သူေတြကေတာ့ ဟိုတစ္ေယာက္ ဒီတစ္ေယာက္ ရွိေနၿပီ။ 

 

မ်က္ႏွာကိုတိုးလာတဲ့ေလက လတ္ဆတ္ေပမယ့္ ေအးစိမ့္ေနတယ္။ စက္ဘီးနင္းေနရင္း လက္ကိုတိုးလာတဲ့ ေလေအးေတြေၾကာင့္ လက္ေတြက တအားထုံလာေနၿပီ။  ဒီေလာက္မေအးဘူးထင္လို႔ လက္အိတ္ စြပ္မလာခဲ့မိတာ အတန္းထဲျမန္ျမန္ေရာက္မွ အေအးသက္သာမွာမို႔ လက္ကိုင္ကို တင္းကိုင္မိလိုက္ရင္း စက္ဘီးကို အရွိန္ျမႇင့္နင္းလိုက္တယ္။ 

 

စာသင္ေဆာင္ဖက္ကိုသြားတဲ့ လမ္းခ်ိဳးအေကြ႕မွာ သစ္ပင္ေတြကြယ္ေနတတ္လို႔ တစ္ဖက္မွာ လူလာေနလား မသိနိုင္တာေၾကာင့္ အရွိန္ေလၽွာ့ဖို႔ ဘရိတ္ကို ေျဖးေျဖးဆြဲလိုက္ေပမယ့္ ကံဆိုးစြာပဲ အေကြ႕မွာ ထြက္လာတဲ့ တစ္ေယာက္ေၾကာင့္ စက္ဘီးလက္ကိုင္ေလးဟာ ကေမာက္ကမ....  

 

တစ္ဖက္ေကာင္ေလးကလဲ လန႔္သြားပုံပဲ။ လက္ထဲက စာအုပ္ေတြ အကုန္လြတ္က်ကုန္ၿပီ။ 

 

" ေတာင္းပန္ပါတယ္..  ေတာင္းပန္ပါတယ္... 

ဘယ္နားထိခိုက္မိသြားေသးလဲ မသိဘူး... " 

 

" ရပါတယ္..  တကယ္ဆို ဒီအပင္ေတြေဘးက

ကပ္မေလၽွာက္သင့္တာကို.. "

 

စာအုပ္ေတြကို ကူေကာက္ေပးရင္း ေမးၾကည့္ေပမယ့္ 

အၾကည့္ေတြကေတာ့ စာအုပ္ေတြကို လိုက္ေကာက္ေနတဲ့ ေကာင္ေလးရဲ့ နီရဲေနတဲ့ နားရြက္ဖ်ားေလးနဲ႔၊ စာအုပ္အဖုံး

ေပၚေျပးလႊားေနတဲ့ လက္ေခ်ာင္းသြယ္သြယ္ေတြဆီကေန မလႊဲနိုင္ခဲ့ဘူး... 

 

ေနာက္ဆုံးစာအုပ္ကို လွမ္းေကာက္မိေတာ့ ထိမိသြားတဲ့ လက္ဖ်ားထိပ္ကေလးေတြက....  မထင္မွတ္ထားေလာက္ေအာင္ ေႏြးေနတယ္...  

 

" လက္ဖ်ားေတြက ေအးေနတာပဲ... "

 

တိုးဖြဖြ အသံနဲ႔အတူ ေမာ့ၾကည့္လာတဲ့ မ်က္ဝန္းေလးေတြနဲ႔ ဆုံတဲ့အခါ အလိုလို အသက္ေအာင့္မိလၽွက္သား။ ေခါင္းထဲမွာ ဗလာက်င္းၿပီး တစ္ေယာက္တည္း ကမၻာ့အျပင္ဖက္ေရာက္သြားသလိုမ်ိဳး။ 

 

ၾကည္ၾကည္စင္စင္မ်က္ႏွာေလးကိုေငးရင္ ႏွလုံးေသြးေတြ တဒိတ္ဒိတ္ ခုန္ေနတာကို ဒီတိုင္းေနရင္းေတာင္ ခံစားလို႔ရေနတယ္။ တစ္ကိုယ္လုံးက ေသြးေၾကာေတြမ်ား ေျပာင္းျပန္စီးကုန္ၿပီလား ထင္ရေလာက္ေအာင္..  ေသြးေၾကာေတြ တဖ်စ္ဖ်စ္ ျမည္ကုန္ၿပီလားလို႔ေတာင္ ခံစားလိုက္ရတဲ့ ခံစားမွု.... 

 

​" အဆင္ေျပရဲ့လား.... " 

" ဒီမွာ.... " 

 

​မ်က္ႏွာေရွ႕ကို လက္ကေလးကာလာမွ အလန႔္တၾကား 

 

" ဟင္..  အင္း လက္..  လက္က ေလတိုက္လို႔... "

 

ေဟာ..  သူျပဳံးျပၿပီ ။ ေနေရာင္ႏုႏုေအာက္မွာ ပါးေလးေတြ မို႔တက္လာတာက ပန္းကေလးတစ္ပြင့္ အစြမ္းကုန္ ပြင့္လာသလိုမ်ိဳး။ 

 

အဟား...  ဒါကဘယ္လိုခံစားခ်က္မ်ိဳးလဲ... 

ျမင္ျမင္ခ်င္းအခ်စ္တဲ့လား...  ရင္ခုန္မွအခ်စ္ဆိုရင္

အခု ကိုယ့္ကိုယ္ကိုယ္ ရင္ခုန္လား မခုန္လား မသိနိုင္တဲ့

အေျခအေနျဖစ္ေနၿပီ...  ႐ူးသြားတာလား...  ဒါမွမဟုတ္ 

ေသသြားလို႔ တျခားကမၻာေရာက္သြားတာလား.. 

 

" စက္ဘီး ဘာျဖစ္သြားေသးလဲ.... " 

 

ဆည္းလည္းသံလိုမ်ိဳးေလး.... 

 

" ဘာမွ မျဖစ္ပါဘူး...  ဒီဖက္ကေရာ 

ထိခိုက္သြားတာရွိေသးလား " 

 

" ဟင့္အင္း.... "

 

ရင္ထဲ တသိမ့္သိမ့္ စီးဝင္လာတဲ့ စမ္းေခ်ာင္းငယ္လိုမ်ိဳး

 

" အတန္းထဲသြားမွာလား... "

 

" အင္း..... "

 

" ဘယ္ အတန္း ကလဲ.... "

 

" စီးပြားေရး တတိယႏွစ္.... " 

 

" အတူတူပဲေရာ္.. 

အရင္က မျမင္ဖူးဘူးေနာ္... "

 

" ေက်ာင္းေျပာင္းေလ.... "

 

" နာမည္က..... "

 

" ဘတ္ဟၽြန္း.... "

 

ရင္ခုန္တယ္... 

 

" ကိုယ္က ခ်န္းေယာလ္ ......

ခ်န္းလို႔ေခၚ....  "

 

စကားသံအဆုံး ဒီေကာင္ေလး ျပဳံးၿပီး မ်က္ႏွာေလး ငုံ႔သြားတယ္။ ဟင့္အင္း စိတ္ထင္တာေနမွာပါ....  အခုမွ စေတြ႕တာကို.... 

 

ဒါေပမယ့္ လက္ဖ်ားေလးေတြေႏြးေနတာကို သေဘာက်တယ္...

ဆုပ္ကိုင္ထားရရင္ ကိုယ္လဲေႏြးမယ္ထင္ပါရဲ့.... 

 

 

 

 

---- NOSTALGIA ----

 

 

 

 

'  မွတ္တိုင္ေလးမွာ ေစာင့္ေနေနာ္... '

 

မနက္တိုင္း ဝင္လာေနက်ျဖစ္တဲ့ msg ေလးေၾကာင့္ ဘတ္ဟၽြန္း ျပဳံးလိုက္ရင္း ဖုန္းေလးကို ကုတ္အကႌ်ထဲ ထိုးထည့္လိုက္တယ္။

 

ကားမွတ္တိုင္က ခုံေလးမွာ ထိုင္ရင္း နားထဲနားၾကပ္ေလး

ထည့္ၿပီး သီခ်င္းတစ္ပုဒ္ကို ဖြင့္နားေထာင္လိုက္တယ္....  

 

ခနေနရင္ စက္ဘီး ဘရိတ္သံၾကားရလိမ့္မယ္.. 

ၿပီးရင္ ဘာစားခဲ့လဲလို႔ ေမးလိမ့္မယ္... 

ၿပီးရင္ လက္ထဲက စာအုပ္ေတြကို စက္ဘီးျခင္းထဲ 

ေျပာင္းထည့္လိမ့္မယ္... 

 

ၿပီးရင္ သူ႔စက္ဘီးေနာက္မွာ ထိုင္စီးရင္း 

ေက်ာင္းထဲကို အတူတူသြားလိမ့္မယ္.....

ၿပီးရင္ သူျမန္ျမန္နင္းမွာမို႔လို႔ ျပဳတ္မက်ေအာင္ 

သူ႔ကို ေသခ်ာ ကိုင္ထားဖို႔ သတိေပးလိမ့္မယ္...

 

တစ္... 

ႏွစ္......... 

သုံး........... 

 

' ကၽြီ.... '  သူေရာက္လာၿပီ.. 

 

" ခ်န္း.... " 

 

" ဘာစားခဲ့လဲ... "

 

" ေကာ္ဖီနဲ႔ေပါင္မုန႔္.. "

 

လက္ထဲကစာအုပ္ေတြကို လႊဲေျပာင္းယူရင္း 

စက္ဘီးျခင္းထဲ ထည့္ေနၿပီ.... 

 

" တက္.... " 

 

".........."

 

" ေသခ်ာကိုင္ထားေနာ္...  ငါျမန္ျမန္နင္းမွာ.... " 

 

သူ႔ခါးကို တိုးဖက္လိုက္ေတာ့ သူက ေခ်ာင္းတစ္ခ်က္ဟန႔္တယ္.. 

 

" အဟမ္း... ကဲ....  ဒါဆို သြားမယ္..... "

 

သစ္ရြက္ေတြေႂကြတဲ့ လမ္းေပၚမွာ စက္ဘီးေလးက 

တလိမ့္လိမ့္...  ႏွင္းေတြေဝေနတယ္...  

ေနေရာင္ႏုႏုေလးကလဲ လွလွပပ ျဖာက်ေနတယ္...  

ႏွလုံးသားေလးေတြေရာ ရွက္ေသြးျဖာေနဦးမလား...

 

" Baekhyun-na.... "

 

" ဟင္.... "

 

" ဘာသီခ်င္းနားေထာင္ေနတာလဲ.... "

 

" Me after you..... " 

 

 

 

 

 

သစ္ရြက္ေႂကြေလးေတြကို ဖိနပ္ထိပ္နဲ႔ ထိုးေမႊရင္း 

ရပ္ေစာင့္ေနတဲ့ ေကာင္ေလးကို ခပ္ေဝးေဝးက ျမင္ရေနတယ္..

 

ျမန္ျမန္ပိုၿပီး နီးကပ္ခ်င္လို႔ စက္ဘီးကိုပိုၿပီး ခပ္သြက္သြက္ေလး

နင္းလိုက္တယ္...  သူ႔ေရွ႕မွာ ထိုးရပ္လိုက္ေတာ့ ျပဳံးျပလာတဲ့

အသည္းပုံ ေလးေထာင့္ေလး...  

 

စာအုပ္ေတြ လွမ္းယူေတာ့ ထိမိတဲ့ လက္ဖ်ားေလးေတြက

အရင္လို ေႏြးေနဆဲပဲ....  

 

" ခ်န္း...  မင္းလက္ေတြက ေအးလိုက္တာ...."

 

" အင္း..  အျမဲအဲ့လိုပဲ.... " 

 

စက္ဘီးေနာက္ခုံက သိမ့္ခနဲခံစားမွု၊ ၿပီးေတာ့ 

ေျပာစရာမလိုေတာ့ပဲ ခါးကို တိုးဖက္လာတဲ့ 

လက္သြယ္သြယ္တစ္စုံ.....

 

စက္ဘီးကို လွိမ့္ထြက္လိုက္တာနဲ႔ ေနာက္ေက်ာမွာ 

လာကပ္တဲ့ မ်က္ႏွာႏုႏု..... 

 

အလိုလိုၿပီးျပည့္စုံတဲ့ ေန႔တစ္ေန႔ဆိုတာ ဘတ္ဟၽြန္းကို 

ျမင္ရတဲ့ ေန႔ေတြလို႔ပဲ ခ်န္းေယာလ္ထင္တယ္..

 

" Baekhyun-na...  "

 

" ဟင္.... "

 

" ငါလက္ေတြ ေအးမေနခ်င္ဘူးသိလား..... "

 

 

 

---- NOSTALGIA  ----

 

 

 

ေစာင့္ေနက်ေနရာေလးမွာပဲ သူေစာင့္ေနတယ္

ဒီမနက္မွ ေနေရာင္ျခည္ကပိုၿပီး လင္းေနသလို

ပတ္ဝန္းက်င္ကပိုၿပီး တိတ္ဆိတ္ေနသလို... 

 

ေျပးမလာရပဲ ေမာလိုက္တာ.... 

ရင္ခုန္ရတာ ေမာလိုက္တာ..  ဘတ္ဟၽြန္းေရ..  

 

" Baekhyun-na...... " 

 

" စက္ဘီးမပါဘူးလား ခ်န္း.... " 

 

ေမာ့ၾကည့္လာတဲ့မ်က္ဝန္းငယ္ေတြထဲ တစ္သက္လုံး 

ေပ်ာက္ဆုံးပစ္လိုက္ရရင္ေတာင္ ေက်နပ္နိုင္တဲ့အထိ 

ခ်န္းေယာလ္ ႐ူးေနၿပီ။ 

 

" အင္း...  ငါ့လက္ေတြ တအားေအးေနလို႔.... " 

 

" ဟင္.... "

 

ဘာမွမသိရွာတဲ့အ႐ူးေလးက လက္ကို ႐ုတ္တရက္

ဆြဲကိုင္လာတယ္... သူ႔လက္ေလးေတြထက္စာရင္ 

ကၽြန္ေတာ့လက္ေတြက ပိုႀကီးၿပီး က်ယ္ျပန႔္တယ္.. 

ဒါေပမယ့္ သူ႔လက္ဖဝါးေလးေတြက ပိုၿပီး ႏူးညံ့ေႏြးေထြးတယ္..

 

" အင္းေနာ္...စက္ဘီးနင္းမလာတာေတာင္ ေအးေနတုံးပဲ...

ေႏြးသြားေအာင္.. ေကာ္ဖီပူပူေလးဝယ္တိုက္မယ္... "

 

ကၽြန္ေတာ့္လက္ကို သူလႊတ္ခ်ေတာ့မယ္... 

ၿပီးရင္ သူလမ္းစေလၽွာက္ေတာ့မယ္...  

အဲ့အခါ ကၽြန္ေတာ့လက္ေတြ ျပန္ေအးသြားလိမ့္မယ္... 

ဒီထက္ပိုၿပီး မေအးခ်င္ေတာ့ဘူး... 

 

" Baekhyun-na " 

 

လြတ္ထြက္ခါနီး သူ႔လက္ဖဝါးေတြကို ခပ္တင္းတင္း

ဆြဲဆုပ္ရင္း ေခၚေတာ့ လွည့္ၾကည့္လာတယ္...  

 

" မင္းလက္ေတြက အျမဲ ေႏြးေနတာပဲေနာ္"

 

"............... "

 

" စေတြ႕ကတည္းကပဲ....  အခုထိ..... "

 

".................  " 

 

" ငါ့လက္ေတြ ေအးမေနခ်င္ေတာ့ဘူး.... " 

 

စကၠန႔္ပိုင္းေလာက္ သူၿငိမ္သက္သြားတယ္... 

 

" အင္းေလ...  ငါေကာ္ဖီဝယ္တိုက္မယ္လို႔... 

လက္ကို လႊတ္ဦး..  ပိုက္ဆံအိတ္ထုတ္မလို႔... " 

 

မလႊတ္ပဲ ေဆာင့္ဆြဲလိုက္ေတာ့ အနားကို ေစြ႕ခနဲ 

ျပန္ေရာက္လာၿပီး ေၾကာင္ကေလးလို အလန႔္တၾကား 

ေမာ့ၾကည့္ေလတယ္... 

 

" ခ်န္း...... "

 

" ငါေျပာတာ..  ေကာ္ဖီ ေသာက္ခ်င္လို႔ မဟုတ္ဘူး... " 

 

တဆတ္ဆတ္တုန္ရီေနတဲ့ ႏွုတ္ခမ္းေတြက 

ရာသီဥတုေအးလို႔ မဟုတ္တာ ေသခ်ာတယ္.. 

 

တဖ်တ္ဖ်တ္ခတ္ေနတဲ့ မ်က္ေတာင္ေလးေတြက ႏွလုံးသားကို

ေလဟပ္သလိုပဲ... ေမာလိုက္တာ ဘတ္ဟၽြန္းေရ.... 

 

" ငါ..  ငါ မင္းလက္ကို အျမဲဆုပ္ကိုင္ထားခ်င္တယ္..."

 

".........  " 

 

" ခနတာအတြက္ ဆုပ္ကိုင္ထားခ်င္တာ မဟုတ္ဘူး

တစ္သက္လုံးအတြက္ လက္တြဲထားခ်င္တာ..  " 

 

နားေထာင္ ဘတ္ဟၽြန္း... 

ႏွလုံးသားက ၾကားရတဲ့အထိေသခ်ာနားေထာင္.. 

 

" ငါ့လက္ေတြ..  ငါ့လက္ေတြက ေအးေနလို႔ ေႏြးေထြးတဲ႔ 

မင္းရဲ့လက္ကိုဆုပ္ကိုင္ခ်င္႐ုံ သက္သက္မဟုတ္ပဲ.... " 

" မင္းရဲ့လက္ေတြ ေအးစက္လာသည့္တိုင္ 

ေအးစက္သြားတဲ့ အခ်ိန္ထိ မင္းလက္ကို တြဲထားခ်င္တာ.. "

" ငါေျပာတာ သိလား... " 

 

" ငါ့လက္ေတြ ေအးမေနခ်င္ဘူးဆိုတာ 

အေၾကာင္းျပခ်က္ သက္သက္ပဲ...  

မင္းလက္ကေႏြးလို႔ ဆုပ္ကိုင္ထားခ်င္တယ္ဆိုတာလဲ

အေၾကာင္းျပခ်က္တစ္ခုပဲ... "

 

" ငါေျပာခ်င္တာက....  ငါေျပာခ်င္တာ က.. " 

 

ဘယ္သူနဲ႔မွ လုမေျပာရပါပဲ ေမာလိုက္တာ...

 

" မနက္ခင္းတိုင္း ပထမဆုံး ျမင္ခ်င္တဲ့သူက မင္းျဖစ္ၿပီး

ညအိပ္ယာဝင္တိုင္း ေနာက္ဆုံး ျမင္ခ်င္တဲ့သူက 

မင္းပဲျဖစ္တယ္ ဘတ္ဟၽြန္း..  ေျဗာင္... " 

 

အခ်ိန္ေတြ ရပ္တန႔္ကုန္သလိုပဲ...  ပတ္ဝန္းက်င္တစ္ခုလုံး

တိတ္ဆိတ္ၿပီး ဘယ္သူမွ မရွိေတာ့ပဲ တစ္ေလာကလုံးမွာ

ႏွစ္ေယာက္တည္း အသက္ဝင္ေနသလိုမ်ိဳး... 

 

ကားသံေတြ မၾကားေတာ့ဘူး... 

ကေလးေတြ ဆူဆူညံညံ ေဆာ့ကစားရင္း

ေက်ာင္းသြားၾကတဲ့ အသံေတြလဲ မၾကားရဘူး.... 

စကၠန႔္ေတြ တေရြ႕ေရြ႕ကုန္သြားတယ္... 

 

တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း

အသက္ရွူဖို႔ပါ ေမ့ေနသေယာင္.... 

 

ဒီစကားေတြေျပာရတာ မီတာ တစ္ေသာင္း မာရသြန္

ဝင္ၿပိဳင္ရင္ေတာင္ ဒီေလာက္ေမာမွာ မဟုတ္ဘူး... 

 

အခုခ်ိန္ထိ ဆုပ္ကိုင္ထားတဲ့ လက္ကို မလႊတ္ရေသးဘူး...

သူကလဲ ေမာ့ၾကည့္ဆဲ...  အနီးကပ္ျမင္ေနရတဲ့ မ်က္ႏွာေလးက

​ကိုယ့္ေလာဘကို အဆုံးအစြန္ထိ တြန္းပို႔ေနတာပဲ... 

 

တကယ္ကို မင္းကို ဘယ္လိုမွ လက္လႊတ္ ဆုံးရွူံးမခံနိုင္ဘူး 

ဘတ္ဟၽြန္းေရ.. ေသခ်ာတယ္...  

မင္းဟာ ကိုယ့္အပိုင္ပဲျဖစ္ရမယ္... 

 

​ေရွ႕မွာ ရပ္ေနတဲ့ ကိုယ့္ထက္ ေခါင္းတစ္လုံးနီးပါးနိမ့္တဲ့

ေကာင္ေလးကို ဆြဲဖက္ေတာ့ ရင္ခြင္ထဲ ကြက္တိဝင္လာတယ္။ 

 

႐ုန္းကန္ျခင္းမရွိ...  

ျငင္းဆန္ျခင္းမရွိ.... 

ဒီတိုင္း ၿငိမ္ၿငိမ္ေလး....  

 

ေခါင္းလုံးလုံးေလးကို အုပ္ကိုင္ရင္း..  ကိုယ္လုံး

ေသးေသးအိအိေလးကို ေထြးဖက္ရင္း... 

 

" ငါမင္းကို ခ်စ္တယ္...  ဘတ္ဟၽြန္း... " 

 

ဆံသားႏုႏုတို႔ကို တဖြဖြ ပြတ္သပ္ရင္း...  

လြတ္ထြက္သြားမွာစိုးလို႔ အႀကိမ္ႀကိမ္တိုးဖက္ရင္း

တဖြဖြ ေျပာေနမိတယ္...  

 

" စေတြ႕ကတည္းကပဲ...... "

 

"............... " 

 

" ဘာေၾကာင့္မွန္းမသိဘူး...  ငါေျပာခဲ့သလိုပဲ... 

မင္းလက္ေတြေႏြးလို႔ဆိုတာ အေၾကာင္းျပခ်က္တစ္ခုပဲ.. "

 

".......... "

 

"  မင္းရဲ့ အရာအားလုံးေပါ့... " 

 

ထိုအခ်ိန္ ခါးေပၚေရာက္လာတဲ့ လက္ကေလးေၾကာင့္

အလိုလို အသက္ရွူေအာင့္လိုက္မိတယ္... 

 

အခု သူကၽြန္ေတာ့္ကို ျပန္ဖက္လိုက္တာလား... 

ဘုရားေရ..  ကၽြန္ေတာ္ အိပ္မက္မက္ေနတာလား... 

 

" ဆက္ေျပာေလ ခ်န္းရဲ့...  ငါနားေထာင္ေနတယ္.. "

 

" ဘတ္...  ဘတ္ဟၽြန္းန...." 

 

ခါးကို အျပည့္ သိုင္းဖက္လာတဲ့ လက္ကေလး...  

ရင္ခြင္ထဲ အျပည့္အသိပ္ တိုးဝင္လာတဲ့ ႏူးညံ့မွုေလး...

 

မယုံၾကည္နိုင္စြာ..  ပုခုံးကေန ဆုပ္ကိုင္လို႔

မ်က္ႏွာေတာ္ေလးအား ဖူးေျမာ္ခြင့္ေတာင္းေတာ့ 

ေပကပ္ကပ္နဲ႔ ရင္ခြင္မွာ ကပ္ေနျပန္တယ္... 

 

" အဟား...  ဘတ္ဟၽြန္းနား.... " 

 

ပိုၿပီး တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ရင္း ဆံသားႏုႏုထဲ

အႀကိမ္ႀကိမ္ နမ္းရွိုက္မိျပန္တယ္...  

 

" ခ်န္း....  မင္းလက္ေတြ အျမဲတမ္းေႏြးမယ္ဆို

ငါ့လက္ကို တစ္သက္လုံးမလႊတ္လဲရတယ္...  " 

 

 

 

---- NOSTALGIA ----

 

 

 

 

 

 

 

 

 

 

 

 

Plot လုံးဝမရွိပါဘူး။ 

ဒီတိုင္း စိတ္ကူးရွိတဲ့အတိုင္း ပုံေဖာ္သြားမွာပါ။ 

ဟီးဟီး 

5.2.2020 (Wed)

Comments

You must be logged in to comment
No comments yet