Goodbye and Thank You ❤️❤️❤️

Blog ကိုတစ်ခါမှမတင်ဖူးဘူး၊ ဒါပေမယ့်လည်း ဘယ်နေရာမှာမှ ကြားညှပ်သွင်းကြည့်လို့မရတဲ့ အကြောင်းအရာမို့ ဒီမှာသတ်သတ် blog လုပ်ပြီးပဲ တင်လိုက်တော့တယ်၊ အစက နွံအခုနောက်ဆုံးအပိုင်းရဲ့ A/N မှာညှပ်သွင်းကြည့်ဖို့လုပ်သေးတယ်၊ အဲဒီလောက် ပေါ့ပေါ့ပါးပါးနိုင်တဲ့ အကြောင်းလည်းမဟုတ်တာနဲ့။ ဘယ်သူတွေဖတ်လို့ရမယ် မရဘူး၊ ဖတ်ဖြစ်မယ် မဖြစ်ဘူးလည်း မသိပါဘူး၊ အခုတလော စိတ်ထဲကအကြောင်းလေးတွေ ပြောချင်တာနဲ့ပဲ ရေးဖြစ်သွားတယ်။ ဒီလိုပါ။

 

နွံကိုနောက်ဆုံးအပိုင်းစရေးနေပြီ။ ဒါကိုဒီလောက်မြန်မြန် ပြီးချင်နေရတဲ့အကြောင်းအရင်းက နွံကိုအဆုံးသတ်ပြီးရင် Xiuhan fic တွေဆက်မရေးတော့ဘူးလား စဉ်းစားတယ်။ ဘာပဲပြောပြော Xiuhan ဆိုတာကလည်း အတိတ်မှာကျန်ခဲ့ပြီဆိုတော့ ဘယ်လောက်ပဲ fiction လို့ပြောပြောရည်းစားကြီးငုတ်တုတ်နဲ့လူကို ဒီလိုတွေမရေးနေချင်တော့ဘူး။ အမှတ်တရတွေကတော့ ရင်ထဲမှာ အမြဲအလှပဆုံးကျန်ခဲ့မှာပဲ။ ဘယ်သူမှမသိရင်တောင် ကိုယ်သိတယ်။ အဲဒါတွေအတွက်လည်း အမြဲကျေးဇူးတင်နေမှာ။

 

လက်ရှိမှာတော့ ဘယ်လို feeling လဲဆိုတော့ မင်းဆော့ကို ရည်းစားရစေချင်နေတယ် 😂 အမေတစ်ယောက် feeling နဲ့တူတယ်လို့ ပြောရမလား၊ bff တစ်ယောက်ရဲ့ feeling နဲ့တူတယ်လို့ပြောရမလား၊ "ဟိုတစ်ယောက်တောင် တွဲပြနေတာ မခံနဲ့လေ၊ တစ်ယောက်ယောက်နဲ့ ကောက်တွဲပြပစ်လိုက်" ဆိုတဲ့ feeling မျိုး (ပြောသာပြောရတယ် ကိုသုံးနှစ်သားကလည်း ရှိချင်ရှိနေမှာပါ 😂) 

 

ဒီအတောအတွင်း ဘာနောင်တအရဆုံးလဲဆိုရင်၊ ဟိုးအရင်တည်းက wattpad မှာ xiuhan အကြောင်းနဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်သတ်သတ်ရေးဖို့ စိတ်ကူးခဲ့ဖူးတယ်။ ဟိုးအရင်တည်းက။ ဒါမျိုးတွေ ဖြစ်လာမယ်ဆိုတာသိလို့။ ဘယ်သူ့ ဘယ်သူမှ dating တွေမထွက်သေးခင်၊ တစ်နေ့နေ့တော့ ပြန်ဖတ်ရင်း ဒီလိုအမှတ်တရတွေရှိခဲ့ပါလားလို့ ပြန်အောက်မေ့နိုင်မယ့် သူတို့အမှတ်တရတွေကို နေ့အလိုက်၊ အဖြစ်အပျက်တွေအလိုက်၊ စာစီချရေးဖို့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ wattpad မှာဆိုတော့ xiuhan ဆိုရင် အမြင်ကတ်နေကြတဲ့လူကများတာနဲ့ fiction တောင်ဒီလောက်ဖြစ်နေကြတာ၊ real life event တွေ စာစီရေးချပြရရင် ပြဿနာတွေတက်မှာပဲဆိုပြီး မရေးဖြစ်ခဲ့ဘူး။ အခုတော့ ဖွင့်မကြည့်ဖြစ်တော့တဲ့ ဓာတ်ပုံတွေရယ် ဗီဒီယိုတွေရယ်ပဲ ကျန်ရစ်ခဲ့တယ်။ စိတ်ထဲက သူတို့နဲ့ပတ်သက်ပြီး ခံစားချက်တွေအများကြီးပဲ။ ship တယ်ဆိုတာထက်ပိုတဲ့၊ သူတို့ကြားက သံယောဇဉ်၊ ခင်မင်မှု၊ မှီတွယ်မှုတွေ၊ ခုတောင် မြင်ယောင်မိရင် မျက်ဝါးထင်ထင် မြင်လာတုန်းပဲ။ တွေ့လား။ ခုတောင် မပြောတော့ဘူးလုပ်ထားပြီး စကားကရှည်မိပြန်ပြီ။ အမှန်တော့ ဒီ post ကိုလည်း ဟိုတနေ့ valentine day ထဲက ရေးမယ်စိတ်ကူးထားတာ ခုမှတင်ဖြစ်တယ်။

 

Xiuhan ကတော့ ရင်ထဲမှာအမြဲရှိနေမှာပါ၊ ကိုယ်က တမင်ရွေးချယ်ပြီး သူတို့နှစ်ယောက်ကို ချစ်မိခဲ့တာ မဟုတ်ဘူး၊ သိလိုက်တဲ့အချိန်မှာ ရင်ထဲရောက်နေပြီ၊ အဲဒါကြောင့်မို့ တမင်ရင်ထဲကထုတ်ဖို့လည်း ကြိုးစားဖြစ်မှာမဟုတ်ဘူး။ အမှတ်တရတွေက ပြန်တွေးမိတိုင်း ရင်ထဲနွေးလာတဲ့အထိ အရမ်းလှခဲ့တာမို့။ ဒါပေမယ့်လည်း ကိုယ့်ရင်ထဲမှာပဲ ထားဖို့ဆုံးဖြတ်မိတယ်။ သူများတွေအမြင်မှာ (ဘယ်လိုပဲ fiction ပြောပြော) ရည်းစားရှိတဲ့လူနဲ့ အတင်းပေးစားနေတယ် အထင်မခံနိုင်ဘူးလေ။ 

 

အဲဒီတော့ အခုကစပြီး Xiumin နဲ့ Luhan ဆိုတဲ့ လူသားနှစ်ယောက်အနေနဲ့ပဲ။ နှုတ်ဆက်ခဲ့တယ်ကွယ်။ ကျင်လည်ရာဘဝကိုယ်စီမှာ နှစ်ယောက်လုံး ပျော်ရွှင်နိုင်ပါစေ။ တကယ်ဆုတောင်းတာပါ။ ကိုယ့်အတွက်တော့ သိပ်ကို ကျေးဇူးတင်ရတဲ့ လူနှစ်ယောက်ဖြစ်ခဲ့တာမို့။ ဘဝမှာ ဘယ်နှစ်ယောက်မှမရှိတဲ့ ကိုယ့်ကိုစိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့ လူအရေအတွက်ထဲမှာ သူတို့နှစ်ယောက် ပါခဲ့တာမို့၊ ပါနေဆဲမို့။

 

သိပ်မဝေးတဲ့အချိန်တစ်ခုကိုရောက်ရင်တော့ အတူရိုက်ထားတဲ့ ဓာတ်ပုံမှုန်ဝါးဝါးလေးတစ်ခုပဲဖြစ်ဖြစ် ထောင့်တစ်နေရာရာက တက်လာမယ်ဆိုရင်တော့ လူတွေလွယ်လွယ်ပြောကြတဲ့ ခင်မင်မှုဆိုတဲ့ စကားလုံးကို ပြန်ပြီးယုံကြည်လာနိုင်လိမ့်မယ်ထင်တယ်။ အမြဲကျေးဇူးတင်နေမှာတော့ သိစေချင်ပါတယ်။

 

22.02.2018

Comments

You must be logged in to comment
scarlettpcy
#1
ငိုချင်လာ အင်း အမပြောတာလည်း ဟုတ်ပါတယ်လေ သိပ်အားကျရတဲ့ Relationship လေး သိပ်လှတဲ့ Moments လေးတွေက အမြဲ ရင်ထဲ ရှိနေမှာပါ :'( အမတို့ အန်နာတို့နဲ့ တွေ့ပြီး ခင်မင်မှုတွေဖြစ်လာစေခဲ့တဲ့ သူတို့ နှစ်ယောက်ကို အမြဲ ကျေးဇူးတင်နေမှာပါ :'( ချစ်တယ်
Baozikglay
#2
ဒီလိုပဲ လက်လွှတ်လိုက်တော့တယ်
ကိုလဲ xiuhan ficတွေဖတ်တယ် အရင်လို feelလှချညိရဲ့မဟုတ်တော့ဖူး luhan က တကယ်သူ့ကို ချစ်တာပါလားလို့မတွေးတော့ဖူး ဒီတိုင်းလေးပဲ ဝတ္ထုထဲကဇာတ်ကောင်အနေနဲ့ပဲ ခံစားဖြစ်တော့တယ် တိုက်ဆိုင်တာတွေရှိရင်တောင် လိုက်မတွေးတော့ဖူး
Realလို့မတွေးဖြစ်တော့ဖူး shippinngဆိုပြီးမfeelတော့ဖူး
Tachibana_Mura
#3
မမ ဆုံးဖြတ်​တဲ့အတိုင်းပဲ​ပေါ့... အရင်​ဆုံး နွံ ကိုအပြီးထိ​ရေးပေးခဲ့လို့ တကယ်​ကို ​ကျေးဇူးတင်​မိတာပါပဲ မမ​ရေ~ နှင်းလဲ့ရိပ်​ထင်​​လေးလည်း အပြီးထိ​ရေး​ပေး​စေချင်​​ပေမဲ့ မမကို စိတ်​အ​နှောင့်​အယှက်​လည်း မဖြစ်​​စေချင်​ပြန်​ဘူး။ အမှန်​​ပြောရမယ်​ဆို ညီမက Anti LGBT တစ်​​ယောက်​... Idol​တွေကို အနှီအသိုင်းအဝိုင်းသွင်းပြီး စာအုပ်​ထဲမှာ​ရေးရင်​​တောင်​ စာ​ပေအဆင့်​အတန်းက ထိပ်​တန်းမှာရှိ​နေမှ ဖတ်​တာမျိုး (ကြီးကြီးကျယ်​ကျယ်​ရယ်​ပါ 😅) ဒါ​ပေမဲ့ လုံးဝငြင်းဆန်​မရ​အောင်​ ကြိုက်​သွားမိတဲ့ စာ​ရေးဆရာနှစ်​​ယောက်​ပဲရှိတယ်​။ အဲဒီနှစ်​​ယောက်​ထဲမှာ တစ်​​ယောက်​က မမပဲ။ ​ကျေးဇူးတင်​ပါတယ်​။ သိပ်​ကိုအဆင့်​မြင့်​တဲ့အ​ရေးအသား​တွေနဲ့ idol သိက္ခာမကျ​အောင်​ ဖတ်​လို့​ကောင်းတဲ့စာ​ပေမျိုးဖန်​တီး​ပေးခဲ့တဲ့အတွက်​~ မမစာဆက်​မ​ရေး​တော့ရင်​​တောင်​ အကြိုက်​ဆုံးဖန်​တီးသူ​တွေအ​ကြောင်း​ပြောဖြစ်​တိုင်း မမကိုအမြဲသတိရ​နေမှာပါ။ 💕💕
galaxy612
#4
ကိုယ်လည်း အတ္တတစ်ခုရှိတယ်
အဲ့ဒါ chorong ပြောသလိုပဲ KMS ကို ချစ်သူ ဒါမှမဟုတ် ရည်းစားထားစေချင်တာ
LH တောင်မှ ပျော်နေနိုင်သေးတာပဲ နင်ကဘာလို့မထားသေးတာလဲဆိုပြီး
ပေါက်ကွဲလိုက်ချင်တာ . . . LH နဲ့ ဟိုတယောက်ပုံတွေတက်လာတိုင်း kms ရယ် နင်လည်းချစ်သူရှိရင် မြန်မြန်ထုတ်ပြပါတော့ဆိုပြီး ကိုယ့်မှာအော်နေရတာ
XH ကို ကိုယ်အမြတ်နိုးခဲ့ဆုံး
ဒါပေမယ့်လည်း အခုချိန်မှာ အရင်ကအမှတ်တရတွေအနေနဲ့ပဲ ချန်ထားခဲ့ရတော့မယ် . . . တချိန်ချိန် ဒီလိုတွေဖြစ်လာမယ်ဆိုတာသိပေမယ့်လည်း တကယ်တမ်းဖြစ်လာတော့ ရင်တွေနာတယ်
တန်ဖိုးရှိတဲ့ အမှတ်တရကောင်းလေးတွေ အနေနဲ့ပဲ ရင်ထဲသိမ်းထားလိုက်တော့မယ်
TSWHeart #5
တချို့အမှတ်တရတွေက အမြဲတမ်းအတွက်လှပနေတယ်
ဘယ်သူသိသိမသိသိ ကိုယ်သိတယ်
သူတို့နှစ်ယောက်ကြားကသံယောဇဉ်တချို့ကို unforgettable memory အဖြစ်နဲ့မှတ်ဉာဏ်ထဲမှာမေ့လို့ရမယ်မထင်ဘူး

fic ရေးသည်ဖြစ်စေ မရေးသည်ဖြစ်စေ
မမ chorong ကိုချစ်တာမလို့ I'll respect whatever your choice is <3
Hsupanhtet98
#6
ငိုပီ ငိုပီ :(((
အမြဲ ကျေးဇူးတင်နေမှာ အမရော သူတို့၂ယောက်ရော ဆုအတွက်တော့ အလှပဆုံး အမှတ်တရတွေပဲ ထုတ်လည်းမပြဘူး ရင်ထဲအမြဲ သိမ်းထားမှာ
ဒါနဲ့လေ နွံပြီးရင် မရေးတော့ဘူးဆိုတော့ ဆုbabysitterတို့ ဂျိုကာတို့ မှော်ဝင်ခဲ့သောအချိန်တို့ကရောဟင်?