Remember Me
Description
Once upon a time, there was a girl that you had never know even her exist.
Foreword
"good moringပါ ချန်း"
မလဲဖြစ်သေးတဲ့ ဖုန်းမှန် coverကြောင့်
ခြစ်ရာစင်းရာတွေပြည့်နေတဲ့ Screenအောက်က
သူဟာ Dead poolပုံစံနဲ့
တစ်မျိုးတစ်ဖုံကြည့်ကောင်းနေပြန်တယ်
"မနေ့ညက မင်းပျော်ရွှင်စရာHalloweenကို
ဖြတ်သန်းခဲ့မယ်လို့ထင်ပါတယ် "
ကျွန်မရဲ့လက်တွေက ပါးလွှာတဲ့
Ph Screenပေါ်မှာ ခပ်သွက်သွက်လှုပ်ရှားနေတယ်
စိတ်လှုပ်ရှားမှုနဲ့အတူ တုန်ယင်နေတဲ့ လက်ချောင်းတွေကြောင့် စာလုံးတချို့အမှားပါသွားတဲ့အခါ
မျက်ခုံးနှစ်ခုထိကိုစပ်သွားတဲ့အထိ တွန့်ချိုးရင်း
ကျွန်မ မကျေမနပ်စုတ်သပ်လိုက်မိတယ်..
ကျွန်မအနေနဲ့ သူ့ဆီရည်ညွှန်းပြီးပို့ရတဲ့အရာမှန်သမျှ
အပြစ်အနာအဆာကင်းကင်းနဲ့ အမှားမရှိတာမျိုး
ဖြစ်စေချင်တာ..
ကျွန်မနဲ့ပါတ်သတ်ပြီး သူ့အမြင်မှာ ပြစ်ချက်ဆိုတာမျိုး
ရှိမနေစေချင်တာမျိုး
သူ့အနေနဲ့ ကျွန်မဆီက ပို့တဲ့ဘယ်အရာကိုမဆို
ထွေထွေထူးထူး သတိထားမိမှာမဟုတ်ပေမယ့်
တစ်ခါတလေမှာ သူနဲ့ပါတ်သတ်ပြီး
ကျွန်မရဲ့ အရူးထမှုက ဒီဂရီတွေမြင့်ပါတယ်..
ခန်းဆီးစပါးပါးကိုဖြတ်ပြီး အိပ်ခန်းပြတင်းကတဆင့်
မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးက
ကျွန်မရဲ့ ကုတင်ပေါ်က စောင်လွတ်နေတဲ့
ကျွန်မရဲ့ ခြေဖျားလေးတွေပေါ်ကို
ခပ်နွေးနွေးဖြာကျနေတယ်
"ဆယ်နာ.."
အောက်ထပ်မီးဖိုခန်းက မာမားရဲ့အသံကို
ကျွန်မမကြားသလိုလုပ်ရင်း
စောင်ကိုခေါင်းအထိဆွဲခြုံလိုက်တယ်
မနက်ကိုးနာရီရှိနေပြီဆိုပေမယ့်
ဒီနေ့က ကျွန်မရဲ့ကျောင်းပိတ်ရက်လေ
ရှားရှားပါးပါးလေးနားရတဲ့ ရက်ကလေးမှာတော့
ကျွန်မစိတ်တိုင်းကျ နေလို့မရဘူးလား..
အတွေးမဆုံးခင်မှာပဲ
ကျွန်မရဲ့ lockပျက်နေတဲ့အခန်းတံခါးကို
ဒိုင်းခနဲမြည်အောင်တွန်းဖွင့်ရင်း
ဝင်လာတဲ့ခြေသံပြင်းပြင်းကြောင့်
ကျွန်မ စိတ်ပျက်လက်ပျက်နဲ့
မျက်နှာရှုံ့လိုက်မိတယ်..
ဒီသောက်သုံးမကျတဲ့ တံခါးစုတ်ကို
ပြင်သင့်နေပြီ..
ကျွန်မ စောင်ကိုခေါင်းမြီးသာတင်းတင်း
ဆွဲခြုံရင်း တွန့်လိမ်နေမိတယ်
ခပ်ဟဟစေ့ထားတဲ့ ပြတင်းတံခါးကို
ဆယ်ယွန်းက ၀ုန်းဒိုင်းနဲ့ တွန်းဖွင့်ရင်း
လိုက်ကာစကိုပါ ဆတ်ခနဲ ဆွဲဖယ်ပစ်တယ်..
ကြားခံပစ္စည်းတစ်စုံတရာမရှိတော့တဲ့
နေရောင်က ကျွန်မတင်းတင်းဆွဲခြုံထားတဲ့
စောင်ကိုဖောက်ပြီး ကျွန်မတစ်ကိုယ်လုံးကိုပူလောင်ပြီး
ချွေးစေးတွေပြန်လာစေတယ်
တောက်! ဘတ် ဆယ်ယွန်း စိတ်တိုလိုက်တာ...
" အောက်ကိုဆင်းပြီး မနက်စာလာစားတော့
မာမား နင့်ကိုခေါ်နေပြီ"
ကျွန်မတုတ်တုတ်မှမလှုပ်တော့
ဆယ်ယွန်းက ထပ်ပြီးစကားစလာတယ်
"မနက်စာ ကဒီနေ့ ပင်လယ်ခရုဟင်းချို
နင်မသောက်ဘူးဆိုလည်း သဘောပဲ "
"ငါ dietလုပ်နေတာ မစားဘူး"
"အိုး..! ဟုတ်လား ကောင်းပြီလေ
ငါနောက်တစ်ခွက်ပိုသောက်ရတာပေါ့ "
ဆယ်ယွန်းဟာ ကျွန်မကိုမထိတထိနဲ့ အမြင်ကတ်စရာကောင်းလောက်အောင်ချွဲချွဲပျစ်ပျစ်ပြောပြီး
အခန်းကြမ်းခင်းကို တဒုန်းဒုန်းမြည်တဲ့အထိ
ခြေဆောင့်ပြီးထွက်သွားခဲ့တယ်
ကျွန်မဒေါသထွက်လွန်းလို့
အံကိုတင်းတင်းကြိတ်ထားမိတယ်
နေ့တိုင်းနီးပါး အဆာပြေ ပေါင်မုန့်တွေပဲအမြဲလိုလိုစားရတဲ့အထဲ
ခရုဟင်းချိုက ကျွန်မအကြိုက်ဆုံးမနက်စာပဲမလား
ဒါ ကျွန်မရဲ့ မာနနဲ့ ခံနိုင်ရည်စွမ်းကိုစမ်းသပ်နေတာပဲ..
"ဘာလို့ဒီနေ့မှ ခရုဟင်းချိုလဲ ဘာလို့လဲ.."
ကျွန်မငိုမဲ့မဲ့နဲ့ အော်ဟစ်ရေရွတ်ရင်း
ပူလောင်နေတဲ့ စောင်တွေကို ကန်ချရင်း
ကုတင်ပေါ်လူးလိမ့်နေလိုက်တယ်
"မစားဘူးဟာ သွားစမ်း.."
ကျွန်မ အံကြိတ်သံနဲ့ပြောရင်း
ဖုန်းကိုပေါက်ထွက်မတက်ကြည့်နေလိုက်တယ်
Home keyကိုနှိပ်လိုက်ပြီးပေါ်လာတဲ့
Wallpaperပေါ်က ဟန်ပါပါ ပြုံးနေတဲ့
သူဟာ ကျွန်မဖြစ်နေတဲ့ပုံကိုလှောင်ရယ်နေသလိုပဲ
ကျွန်မဘယ်လောက်ပဲတင်းခံထားထား
အောက်ထပ်မီးဖိုချောင်က တချက်တချက်ဆို
ပျံ့ထွက်လာတဲ့ ဟင်းချိုနံ့မွှေးမွှေးဟာ..
ကျွန်မရဲ့ မရှိမဲ့ရှိမဲ့ မာနကိုအရည်ပျော်ကျစေတယ်..
တကျုတ်ကျုတ်မြည်နေတဲ့ကျွန်မရဲ့
ဝမ်းဗိုက်က ကျွန်မနဲ့ဆန့်ကျင်စွာ..
ဆန္ဒတွေပြနေပြန်လေရဲ့...
"ဟာကွာ.... ဘတ်ဆယ်နာသိက္ခာကျတယ်
သိက္ခာကျတယ် "
ကုတင်ပေါ်မှာကျွန်မဟာ မြွေတစ်ကောင်လိုတွန့်လိမ်နေတယ်
ကျွန်မသာဆင်းမစားရင် ဆယ်ယွန်းက ကျွန်မအတွက်
ဝေစုကိုပါ စားပစ်တော့မှာ
မာမားကလည်း သူ့ကိုဘာမှပြောမှာမဟုတ်ဘူး..
ကျွန်မကို ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတဲ့အကြည့်နဲ့ပဲ
စိတ်ပျက်စရာကောင်းလောက်အောင်
ကြည့်နေဦးမှာ..
ကျွန်မတွေးရင်းနဲ့ စိတ်တိုပြီး အာခေါင်တွေပါ
ခြောက်လာတဲ့အထိ ..
"ဘတ် ဆယ်ယွန်း ငါ့ဝေစုပေါ်က နင့်လက်ကိုအခုဖယ်လိုက်"
ကျွန်မလှေကားကို တဒိုင်းဒိုင်းလှုပ်ခါတဲ့အထိ
အဆင့်တွေကျော်ဆင်းရင်း
ဆယ်ယွန်းကို ကမ္ဘာပျက်တော့မယ့်အသံကြီးနဲ့
လှမ်းအော်လိုက်တယ်..
မာမားကတော့ ပြင်းလွန်းတဲ့
ကျွန်မရဲ့ ခြေသံကြောင့် မျက်ထောင့်နီကြီးနဲ့
ကြည့်နေလေရဲ့..
ဒါလည်းကျွန်မဂရုစိုက်တာမှာမဟုတ်တာ
ဟော တွေ့လား သေနာမ ဆယ်ယွန်းက
ကျွန်မ ပန်းကန်ထဲက ဟင်းချိုတွေကို
ယူသောက်နေပြီ..
ကျွန်မ စိတ်တိုတိုနဲ့ ဆယ်ယွန်းကို အမှုန့်ကြိတ်ပစ်ချင်လာတယ်
"နင့်ကို ငါ့ပန်းကန်ကိုမထိပါနဲ့ ငါမပြောလိုက်ဘူးလား!"
အံကြိတ်သံနဲ့ကျွန်မစိတ်ကိုအတတ်နိုင်ဆုံး
လျှော့ထားရင်းပြောလိုက်တယ်..
ကျွန်မ မျက်နှာဟာ ပြိုတော့မဲ့ ကောင်းကင်လို
ရှုံ့တွရင်းပေါ့
ကျွန်မစိတ်တိုနေတာသိပေမယ့်
ဆယ်ယွန်းဟာဂရုမစိုက်သလိုနဲ့
လျှာတစ်ချက်ထုတ်ပြတယ်
"တောက်! ဘတ်ဆယ်ယွန်း နင်"
မာမားသာရှိမနေရင် ကျွန်မသူ့ဆံပင်တွေကို
အထွေးလိုက်ဆွဲနှုတ်ပစ်မှာ
ပြီးတော့ အလှဆီအကောင်းစားတွေလိမ်းထားတဲ့
အဲဒီ့မျက်နှာကိုပါ အမာရွတ်တွေထင်တဲ့အထိ
ကျွန်မလက်သည်းတွေနဲ့
ဆွဲကုတ်ပစ်မှာ
ကျွန်မလက်သီးကိုတင်းတင်းဆုပ်ထားပြီး
အံကိုပဲတင်းတင်းကြိတ်ထားမိတယ်..
နီရဲလာတဲ့မျက်လုံးတွေနဲ့
ကျွန်မကိုယ်ဟာဒေါသကြောင့်တဆတ်ဆတ်တုန်နေတယ်
ဒါတောင် ဆယ်ယွန်းက ကျွန်မပန်းကန်ထဲကတစ်ဇွန်း
ယူသောက်လိုက်သေးတယ်
ကျွန်မသူ့ကိုသတ်ပစ်ချင်လိုက်တာ..
"နင်တို့မတော်ကြသေးဘူးလား"
မာမားက ဂတ်စ်မီးဖိုပေါ်တင်ပြီးနွေးထားတဲ့
ဟင်းချိုအိုးကိုစားပွဲပေါ်ဆောင့်ချလိုက်ရင်း
ဝင်ဟန့်တယ်..
ကျွန်မမျက်နှာဟာ ဒေါသနဲ့ နီရဲနေပြီ..
သိပ်မကြာခင်မှာ ဆယ်ယွန်းဟာ ကျွန်မလက်နဲ့
သေတော့မှာ..
မာမားက ဟင်းချိုအသစ်တစ်ခွက်ထည့်ပေးပြီး
ကျွန်မရှေ့ကိုချပေးတယ်
ပြီးတော့ ဆယ်ယွန်းသောက်နေတဲ့ နောက်တစ်ခွက်
(ပြောရရင် ကျွန်မရဲ့ ပထမဝေစု)ကို ဆွဲယူပြီး
ဘေစင်မှာသွန်ပစ်လိုက်တယ်
"ဟာ မာမား ကလည်း.."
ဆယ်ယွန်းဆီက စိတ်ပျက်လက်ပျက်ညည်းညူသံ
ချွဲချွဲပျစ်ပျစ်ကိုကြားလိုက်ရတယ်..
ကျွန်မ နှုတ်ခမ်းထောင့်ကိုကော့တက်သွားတဲ့အထိ
ခပ်ရွဲ့ရွဲ့ပြုံးလိုက်တယ်
ဒီလိုအချိန်မျိုးမှာဆို မာမားကအရမ်းချစ်စရာကောင်းတာပဲ
မာမားဟာ ကျွန်မတို့နှစ်ယောက်ပေါ်
ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူးဆိုပေမယ့်ပေါ့
"စားပြီးပြီးဆို ပန်းကန်တွေလာဆေး"
မာမားရဲ့တစ်ချက်လွှတ်အမိန့်နဲ့အတူ
ဆယ်ယွန်းဟာ စားပွဲကနေဆောင့်ဆောင့်အောင့်အောင့်ထရင်း
ဘေစင်နားမှာထပ်ထားတဲ့ ပန်းကန်တွေနဲ့
အိုးတွေကို အသံထွက်အောင်တမင်ပွတ်တိုက်ပြီး
ဆေးကြောနေတယ်
ကျွန်မ ဟင်းချိုကို ခပ်မျှင်းမျှင်းသောက်ရင်း
ဆယ်ယွန်းဖြစ်နေတဲ့ပုံကို အရသာခံကြည့်နေလိုက်တယ်
တချက်တချက်ကျွန်မဘက်ကိုလှည့်ပြီးမျက်စောင်းထိုးလာတဲ့
ဆယ်ယွန်းကို ပြောင်ပြရတာဟာ ကျွန်မအတွက်
ကျေနပ်စရာကြီးကိုဖြစ်လို့.
"စားစရာရှိတာကို မြန်မြန်စား
ဝယ်ခိုင်းစရာရှိသေးတယ်"
မာမားလှမ်းဟန့်တော့မှ ကျွန်မ နှုတ်ခမ်းတစ်ချက်ရွဲ့ပြရင်း
နည်းနည်းပဲကျန်တော့တဲ့ ဟင်းချိုကိုမော့သောက်ချလိုက်တယ်
ကျွန်မ နှုတ်ခမ်းကို ၀တ်ထားတဲ့ Hoodieအပါးရဲ့
လက်အဖျားနဲ့ ပွတ်သုတ်ရင်း
မာမားကိုလှမ်းမေးလိုက်တယ်
"ဘာဝယ်ရမှာလဲ "
"ဟင်းခတ်မှုန့်တွေကုန်နေပြီ
ပြီးတော့ ၀က်ပေါင်ခြောက်ရယ်.. "
ဝက်ပေါင်ခြောက်.. အိုး..
ကျွန်မသိပ်ကြိုက်တဲ့အရာ
မာမားစကားမဆုံးခင်လေးတင်
ကျွန်မမျက်နှာဟာကျေနပ်မှုနဲ့ဝင်းပသွားတယ်
"၀က်ပေါင်ခြောက်ရယ် စပျစ်သီးခြောက်နည်းနည်းဝယ်ခဲ့
အမဲသားလည်းတစ်ခါတည်းဝယ်ခဲ့လိုက်"
စားပွဲပေါ်တင်ပေးထားတဲ့
ဈေးဖိုးပိုက်ဆံကို ကျွန်မအင်္ကျီအိတ်ထဲထိုးထည့်လိုက်ရင်း
ဘေစင်နားမှာ ပန်းကန်တွေဆေးနေတဲ့
ဆယ်ယွန်းအနားကို ခပ်နွဲ့နွဲ့လျှောက်သွားလိုက်တယ်
ကျွန်မစားထားတဲ့ ဟင်းချိုပန်းကန်ကို
ဆေးပြီးသားပန်းကန်တွေပေါ်တမင်အစက်တွေကျအောင်
ထပ်ထားပေးလိုက်တော့ဆယ်ယွန်းက ကျွန်မကို နှုတ်ခမ်းကြီးပြတ်ထွက်မတက်ကိုက်ရင်း
ပြူးကြည့်လာတယ်
"နင်စားထားတဲ့ပန်းကန်နင်ဆေးစမ်း ဆယ်နာ"
"အိုး.. စိတ်မကောင်းလိုက်တာ ဆယ်ယွန်းလေးရယ်
ငါက ဈေးသွားဝယ်ရမှာဆိုတော့လေ
နောက်ကျလို့မဖြစ်ဘူးလေ အဟင်းဟင်း..
ဒါဆို ခွင့်ပြုဦးနော် "
ကျွန်မ တမင်လုပ်ပြောထားတဲ့ ချွဲချွဲပျစ်ပျစ်အသံနဲ့
ဆယ်ယွန်းကို အမြင်ကတ်လောက်လောက်
ပြုံးပြရင်း လက်ပြပြီး အပေါ်ထပ်က
ကျွန်မအခန်းဆီကိုတက်လာခဲ့တယ်
ဒေါသထွက်နေတဲ့ ဆယ်ယွန်းမျက်နှာကြီးကို
ကြည့်ရတာ သိပ်အရသာရှိတာပဲ အဟတ်..
ကျွန်မကျေကျေနပ်နပ်ကြီးပြုံးရင်း
ကျွန်မ၀တ်ထားတဲ့ Hoodieအနက်ရောင်ရဲ့
ဇစ်ကိုဆွဲဖွင့်လိုက်ရင်း မှန်ရှေ့မှာကိုယ့်ကိုယ်ကိုရပ်ကြည့်လိုက်တယ်
အောက်ခံတစ်စုံတစ်ရာဝတ်မထားတဲ့
ကျွန်မရဲ့ အတွင်းသားတွေဟာ
ထောပတ်ရည်လေးလို ကြည်လင်ပြီး ချောမွတ်နေတယ်
ကျွန်မဗီရိုထဲက ခရမ်းရောင် အတွင်းခံလှလှလေးကို
ဆွဲထုတ်လိုက်တယ်...
ဖြူဖွေးချောမွတ်နေတဲ့ ကျွန်မရဲ့ ၀မ်းဗိုက်သား
ချပ်ချပ်ရပ်ရပ်လေးကို ကျွန်မဂုဏ်ယူစွာပြုံးလိုက်တယ်
ဆယ်ယွန်းဟာ ဒီလိုခန္ဓာကိုယ်လေးလိုချင်လို့
တစ်နေ့တစ်နေ့ လေ့ကျင့်ခန်းတွေဘယ်လောက်တောင်
လုပ်နေရရှာသလဲ..
ဒါလောက် သူ့ရဲ့ ဗိုက်ပူပူမှာ
အဆီခေါက်တွေနဲ့...
ကျွန်မတစ်ယောက်ထဲ အရူးလိုရယ်လိုက်မိတယ်
အတွင်းခံခရမ်းရောင်အစုံလိုက်လှလှလေးနဲ့
ကျွန်မရဲ့ကိုယ် ဖြူဖြူသွယ်သွယ်လေးဟာ..
ကိုယ်လုံးပေါ်မှန်ထဲမှာ ချစ်စရာကောင်းလွန်းစွာ
ထင်ဟပ်လာခဲ့တယ်
ရင်နေရာထက် သွယ်ပြီးကျဉ်းသွားတဲ့
ကျွန်မရဲ့ခါးသွယ်သွယ်လေးရယ်
ခရမ်းရောင်ခါးတို ဘရာဇီယာအောက်က
နံရိုးရာထင်ရုံလေးဆိုရုံ ပြည့်ပြည့်တင်းတင်း
ဖြစ်နေတာရယ်
နောက်ပြီး ဆံပင်တွေကို ဖြစ်သလိုစီးနှောင်
ထားတဲ့အချိန်မှာတောင် ထင်းနေတဲ့
လည်တိုင်သွယ်သွယ်လေးရယ်ကို
ကျွန်မအရမ်းချစ်တာပဲ..
ဆယ်ယွန်းကတောင်ဒီလိုမဟုတ်ပဲ
လည်တံကျွန်မထက်တိုတယ်..
မာမားဟာကျွန်မကိုပိုလှအောင်မွေးပေးခဲ့တာ
ဗီရိုရဲ့ ဒုတိယ အထပ်က အဝါရောင်
ပန်းအဆုပ်လေးတွေနဲ့ ဂါဝန်လေးကိုဆွဲထုတ်ပြီး
ကျွန်မကိုယ်မှာကပ်ကြည့်လိုက်တယ်
ဒူးကျော်ကျော်အထိရှည်ပြီး
လေတိုက်လိုက်တိုင်း ၀ဲဝဲနေတတ်တဲ့
ဒီဂါဝန်အပျော့လေးကို ကျွန်မ
အရမ်းကြိုက်တယ်..
အရမ်းကြီးဟိုက်နေတာမဟုတ်ပဲနဲ့
Vပုံစံ လည်ပေါက်လေးက
ကျွန်မရဲ့ လှပတဲ့လည်တိုင်သွယ်သွယ်ကို
ထင်းခနဲမြင်သာစေတယ်လေ
နောက်အ၀ါရောင်ပန်းအဆုပ်လေးတွေက
ဖြူဖွေးဝင်းနှစ်နေတဲ့ ကျွန်မရဲ့အသားအရည်နဲ့
လိုက်ဖက်လွန်းစွာ အားလုံးရဲ့အမြင်မှာထင်သာမြင်သာ
ရှိစေတယ်..
ကျွန်မ ဂါဝန်ကိုခက်မြန်မြန်စွပ်ချလိုက်ရင်း
မှန်ရှေ့မှာ တစ်ပါတ်လှည့်ရင်းကြည့်လိုက်တယ်..
ဂါဝန်အနားစပျော့ပျော့လေးတွေက
ကျွန်မနဲ့အတူ ၀ဲခနဲလှုပ်ခါသွားကို သဘောတကျပြုံးလိုက်တယ်
ခေါင်းကိုခပ်သွက်သွက်ဖီးလိုက်ရင်း
မျက်နှာရှေ့နားမှာ ကပိုကယိုကျနေတဲ့ ဆံစတွေကို
သပ်မတင်ပဲ ဒီအတိုင်းခပ်ဖွဖွစည်းနှောင်လိုက်တယ်
ကြည့်စမ်း ကျွန်မသိပ်လှတာပဲ..
ကုတင်ပေါ်Hoodieအဖြူရောင်လေးကို
လက်မှာချိတ်ရင်းကျွန်မအောက်ထပ်ကိုပြေးဆင်းလာခဲ့တယ်
နောက်ဆုံးလက်ကျန်ပန်းကန်တစ်ချက်ကို ပွတ်တိုက်ပြီးဆေးနေတဲ့ ဆယ်ယွန်းရဲ့အကြည့်တွေဟာ
ကျွန်မအပေါ်မနာလိုမှုတွေနဲ့ပြည့်နှက်လို့်..
"မာမား သမီးသွားပြီနော်"
ကျွန်မမာမားကိုအော်ပြောလိုက်ရင်း
Hoodie အဖြူရောင်လေးကို ဆွဲဝတ်လိုက်တယ်
ပြီးတော့ ဟီယွန်းရှေ့ကနေ အမြင်ကတ်လောက်အောက်
ပဲများထားတဲ့ပုံစံနဲ့ ကြွကြွရွရွလေးလျှောက်ပြီးထွက်လာခဲ့တယ်
လိပ်ပြာပုံလေးနဲ့ ကျွန်မရဲ့ ဖိနပ်ပါးလေးဟာ
ချစ်စရာကောင်းလွန်းနေပြန်ရော.
ကျွန်မခပ်သွက်သွက်ပဲလျှောက်ပြီးထွက်လာခဲ့တယ်
မြို့လယ်ကောင်မဟုတ်ပဲ
လုံးချင်းအိမ်လှလှလေးတွေနဲ့ စီရီနေတဲ့ လမ်းလေးမို့
ဘေးတစ်ဖက်တစ်ချက်စီမှာ ပန်းရုံလေးတွေနဲ့
ဆိတ်ငြိမ်တဲ့ လူနေရပ်ကွက်မို့
မနက်ပိုင်း လမ်းထလျှောက်တဲ့လူတွေရယ်
လေ့ကျင့်ခန်းလုပ်တဲ့သူတွေကလွဲရင်
လမ်းပေါ်မှာရှင်းလင်းလို့..
ကြည်လင်နေတဲ့ကောင်းကင်နဲ့
ကျွန်မရဲ့ကျောင်းပိတ်ရက်မနက်ခင်းဟာ
အသက်ဝင်နေပြန်တယ်
ခေါင်းကိုတချက်မော့ရင်းလတ်ဆတ်တဲ့လေကို
တ၀ကြီးရှုသွင်းလိုက်တယ် ..
ဆယ်ယွန်းမပါပဲ တစ်ယောက်တည်းဈေးသွားရတာက
ကျွန်မအတွက် ကျေနပ်စရာအကောင်းဆုံးအလုပ်တစ်ခုပဲ
သူက တလမ်းလုံး ပွစိပွစိနဲ့
တစက်မှငြိမ်ငြိမ်နေတာမဟုတ်
ဈေးဝယ်လို့ပိုတဲ့ပိုက်ဆံကိုလည်း
သူပါလာရင် ကျွန်မ ဘတ်ထားလို့မရဘူးပေါ့..
သူကမာမားကိုမျက်နှာလိုမျက်နှာရပြန်တိုင်တတ်တယ်လေ
ဒါတွေကြောင့်ကျွန်မမုန်းတာ
သူ့ကိုတစ်စက်မှကြည့်မရဘူး..
သူကလည်းကျွန်မကိုဆိုတစ်စက်မှကိုအမြင်မကြည်ဘူး
ကျောင်းကသူတွေဆို သူနဲ့ကျွန်မနဲ့အမွှာဆိုတာ
ဘယ်သူကမှမယုံကြဘူး..
အိမ်မှာသာမတတ်သာလို့ မျက်နှာချင်းဆိုင်ရတာရှိမယ်
ကျောင်းမှာဆို တစ်ယောက်နဲ့တစ်ယောက်ရှိတယ်လို့တောင်
မမှတ်တာကိုး..
ကျွန်မတွေးရင်းတွေးရင်းနဲ့
မျက်နှာကိုရှစ်ခေါက်ချိုးတဲ့အထိ တွန့်ချိုးလိုက်တယ်
ဘတ်ဆယ်ယွန်းကို မုန်းလိုက်တာ ဟွန်း..
"ဟေး.. ဆယ်နာ"
ကျွန်မခြေလှမ်းတွေတုံ့ခနဲ့ရပ်သွားတယ်..
ကျွန်မသိသလောက်ဒီလမ်းထဲမှာကျွန်မနဲ့အသိ
သူငယ်ချင်းမရှိပါဘူး..
ပြီးတော့ကျွန်မ အချေဒီဇိုင်းနဲ့ပဲလှည့်ကြည့်လိုက်တယ်
ဘာလဲဆိုတဲ့အထာနဲ့
မေးတစ်ချက်ဆတ်ပြရင်းပေါ့
"မနက်အစောကြီး ဘယ်သွားမလို့လဲ"
လုံးချင်းအိမ်လှလှလေးနဲ့ ခြံကြီးထဲက လူက
ကျွန်မဆီကို ဟန်ပါပါလျှောက်လာပြီး မေးတယ်
အော်.. သူက ကင်ဂျုံအင်ပဲ
ဒီရပ်ကွက်ထဲကိုပြောင်းလာတာဖြစ်မယ်..
လိုအပ်တာထက်ပိုတယ်လို့ ကျွန်မထင်နေတဲ့
သူ့မျက်နှာကအပြုံးတွေကို ကျွန်မ
မင်္သကာသလိုအကဲခတ်ရင်း တိုတိုတုတ်တုတ်ပဲ
ပြန်ဖြေလိုက်တယ်
"ဒီလိုပါပဲ.. ကုန်တိုက်ကိုသွားမလို့ ၀ယ်စရာရှိလို့"
"ဟုတ်လား ငါကတစ်ယောက်ယောက်နဲ့ချိန်းထားတယ်ထင်တာ"
ခပ်ပြုံးပြုံးသူ့အပြောကြောင့်ကျွန်မကိုယ်ကျွန်မ
ဆတ်ခနဲပြန်ငုံ့ကြည့်လိုက်မိတယ်..
ကျွန်မ၀တ်ထားတာကဘာဖြစ်နေလို့လဲ
overဖြစ်နေလို့လား..
စိုးရိမ်သွားပေမယ့် ကျွန်မ cool girl image
အပျက်မခံပဲခပ်တည်တည်ပဲ လက်ပိုက်ရင်းပြန်မေးလိုက်တယ်
"ဒါပုံမှန်ငါ့စတိုင်ပဲဟာ..
ဘာဖြစ်လို့လဲ.."
"မဟုတ်ပါဘူး ငါ့အမြင်မှာ.."
ကျွန်မအသက်ရှူခဏအောင့်ထားလိုက်မိတယ်
ကျွန်မစိတ်လှုပ်ရှားနေတယ်
သူ့ကြောင့်တော့မဟုတ်ပါဘူး..
သူ့ပြောမယ့် အဖြေအတွက်
"ငါ့အမြင်မှာ နင်ဒီနေ့အရမ်းလှနေသလားလို့"
လည်တိုင်ကိုမလုံမလဲပွတ်ရင်းသူက
ခပ်ပြုံးပြုံးပြောလာတယ်..
သူ့မျက်လုံးတွေထဲ အရောင်တွေတလက်လက်ပြေးလို့..
တခြားမိန်းကလေးတွေဆို
ခပ်ချောချောနဲ့ ဆွဲဆောင်မှုရှိတဲ့သူ့အပြောမှာ
တဖြုတ်ဖြုတ်ကြွေကျကုန်ရောပေါ့
ကျွန်မကတော့ ခပ်ကြွားကြွားလေးပြုံးရင်း
သူ့ကိုပက်ခနဲပြန်ပြောလိုက်တယ်
"ဟုတ်လား ငါထင်တာတော့
ငါကအမြဲတမ်းလှနေပြီးသား..လို့"
သူမျက်လုံးလေးတွေမှေးစင်းသွားတဲ့အထိ
သဘောတကျရယ်တယ်..
ပြီးတော့ခေါင်းတညိမ့်ညိမ့်နဲ့
ကျွန်မကိုထောက်ခံတယ်ဆိုတဲ့သဘောမျိုးပြုံးပြပြန်တယ်
"ငါဒီနေ့မှ ဒီကိုပြောင်းလာတာလေ
ရှေ့လျှောက်သူငယ်ချင်းတွေလိုပဲခင်ရအောင်"
သူငယ်ချင်း..? ကျွန်မ မျက်မှောင်မကျုံ့မိအောင်
သတိထားရင်းတွေးလိုက်တယ်
သူနဲ့ကျွန်မက ကျောင်းမှာလည်းတစ်ခန်းတည်းပဲဟာ..
ထူးထူးဆန်းဆန်းတွေပြောနေစရာလိုလို့လား..
"ကောင်းပြီလေ ကိစ္စမရှိရင်ငါ့ကိုခွင့်ပြုပါဦးလား
ငါနောက်ကျလို့မဖြစ်ဘူး လုပ်စရာတွေရှိသေးတယ်"
ကျွန်မသိပ်ကိုအလုပ်များနေတဲ့ပုံစံနဲ့
ခပ်တည်တည်ပဲ ပြောလိုက်တယ်
ဒီတော့လည်း သူက ခေါင်းညိမ့်ပြပြီး
ရပါတယ် သွားပါဆိုတဲ့ပုံစံနဲ့
ကျွန်မသူ့ကိုခါးတစ်ချက်ညွှတ်ရင်း
နှုတ်ဆက်ပြီးခပ်မြောက်မြောက်လျှောက်ပြီးထွက်လာခဲ့တယ်
ပြီးတော့ တခြားမိန်းကလေးတွေသုံးနေကျအထာတွေလို
သူ့ကိုလှည့်ကြည့်လှည့်ကြည့်လုပ်မနေပါဘူး
ကျွန်မက cool girl ဘတ်ဆယ်နာလေ
ဒီလိုပဲဖြစ်ရမှာပေါ့..
ကျွန်မသူ့အပေါ်စကားပြောခဲ့တဲ့ပုံစံနဲ့ပါတ်သတ်ပြီး
တွေးရင်းကျေကျေနပ်နပ်ကြီးပြုံးလိုက်တယ်
ကျွန်မ ကျောင်းက popular kingကြီး
ကင်ဂျုံအင် ကိုကောင်းကောင်းကြီးချေနိုင်ခဲ့တာပဲ အဟတ်
တွေးရင်းတွေးရင်းနဲ့ ဆယ်ယွန်းကိုတောင်သတိရသွားမိတယ်
သူမတို့ သူငယ်ချင်းအုပ်စုတွေက ဂျုံအင်ကိုတော်ရုံကြိုက်ကြတာလား
ဂျုံအင် fan clubဆိုပြီးတောင်ထောင်ထားသေးတာရယ်
အလကား.. ဘာမှမဟုတ်တာကို လိုက်ဝန်းရံနေကြတာ
ကျွန်မစိတ်ပျက်လက်ပျက်ခေါင်းခါရင်း
ကုန်တိုက်ထဲလှမ်းဝင်လိုက်တယ်
လေအေးပေးစက်ဖွင့်ထားတဲ့အဆောက်အဦးထဲမှာက
အပြင်က နေရောင်နွေးနွေးကိုလည်းမရတာကြောင့်
အပြင်ထက်ပိုအေးနေတယ်
ကျွန်မ ၀တ်ထားတဲ့ Hoodieအဖြူရောင်ကို
လည်ပင်းအထိ ဇစ်ဆွဲပိတ်လိုက်တယ်..
အဖြူရောင်တောက်နေတဲ့ lightingတွေ
အမြောက်အများသုံးထားတဲ့ ကုန်တိုက်ကြီးဟာ
လိုအပ်တာထက်ပိုတောက်ပနေတယ်
အားရက်မို့ ရှုပ်ရှက်ခက်နေတဲ့ လူတွေကိုရှောင်ရင်း
ကျွန်မဓာတ်လှေကားရှိတဲ့ဘက်ကိုလှမ်းလိုက်တယ်
သို့ပေမယ့်.. တစ်နေရာအရောက်မှာ
ကျွန်မအမြင်တွေကိုညို့ယူဖမ်းစားနေတဲ့အရာ
ထိန်းထားလို့မရတဲ့ကျွန်မခြေလှမ်းတွေက
မုန့်ခြောက်တွေအစုံပြထားတဲ့ show roomရှေ့
အ၀င်ဝမှာ ထောင်ထားတဲ့ လူတစ်ကိုယ်စာပုံတူstan
ကြီးရှေ့မှာ စုံရပ်မိလျက်သား..
ပါးချိုင့်လေးခွက်ဝင်အောင်အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတဲ့ သူဟာအစစ်မဟုတ်တာတောင်
ကျွန်မရင်ကိုတုန်လှုပ်အောင် ပြုစားနိုင်လွန်းသူ
peeperoဆိုတဲ့ choco stick boxလေး
ကိုင်ထားတဲ့ သွေးကြောစိမ်းစိမ်းတချို့ထောင်နေတဲ့
သူ့ရဲ့လက်တစ်ဖက်ကို ကျွန်မအယောင်ယောင်အမှားမှား
တို့ထိမိတယ်.. နွေးထွေးနေသလားလို့..
ဘာလို့ တခြားသူတွေကိုပြုံးပြနေတာလဲ arrjushiရဲ့..
ကျွန်မလေသံတိုးတိုးနဲ့ ခပ်ဖွဖွပြောလိုက်ရင်း..
ကျွန်မသိပ်မြတ်နိုးတဲ့ ဘယ်ဘက်ပါးချိုင့်ခွက်လေးကို
တမေ့တမောငေးနေမိတယ်
လူတချို့ကကျွန်မကိုကွက်ကြည့်ကွက်ကြည့်နဲ့
အဒေါ်၀၀ကြီးတချို့က ကြောင်တောင်တောင်ရပ်နေတဲ့
ကျွန်မကို တွန်းတိုက်ပြီးကျော်သွားကြတယ်
ဆိုင်ထဲက အရောင်းစာရေးမလေးတွေကတော့
ကျွန်မကိုအရူးတစ်ယောက်ကို ၀ိုင်းကြည့်နေကြတယ်..
ကျွန်မသတိထားမိပြီး အရှက်ပြေချောင်းတစ်ချက်ဟန့်ရင်း
ခပ်သွက်သွက်ဆိုင်ရှေ့ကထွက်ဖို့ ခြေလှမ်းလိုက်တယ်
သက်မဲ့ ပုံတူ standတစ်ခုမှာ ညို့ငင်တတ်တဲ့
ဓာတ်များရှိနေသလားထင်ရအောင် ကျွန်မ
သူ့ရှေ့ကဒီလိုထွက်မသွားချင်ပြန်ဘူး..
"ချောကလက်ဝယ်မလို့လား.."
ကျွန်မရပ်နေတာကြာလာတော့
ဆိုင်ထဲ အရောင်းစာရေးမလေးတစ်ယောက်က
မနေနိုင်မထိုင်နိုင် ထွက်လာရင်းမေးတယ်
"ဟင်..!"
"ရပ်နေတာကြာပြီဆိုတော့ တစ်ခုခုဝယ်မလားလို့ပါ"
ခပ်လှောင်လှောင်ပြောတာမှန်းသိပေမယ့်
အရောင်းစာရေးမစကားကိုကျွန်မဘယ်လိုမှ
မတုံ့ပြန်မိဘူး
ကျွန်မမှာပိုက်ဆံပါတယ်ဆိုပေမယ့်
ဈေးဖိုးထက်အပိုရယ်လို့ယူမလာမိဘူးမလား..
ကျွန်မကိုယ့်ကိုယ်ကိုစိတ်ပျက်လက်ပျက်
နှုတ်ခမ်းကိုက်မိတယ်
"မဟုတ်ပါဘူး ဒီအတိုင်းလိုချင်တာရှိမလားလို့ပါ..
ခွင့်ပြုပါဦး"
"ကျွန်တော်ဝယ်မလို့ပါ"
အရောင်းစာရေးမလေးရဲ့အကြည့်တွေဟာ
ကျွန်မကိုကျော်ရင်းကျွန်မနောက်ကိုရောက်သွားတယ်
နောက်လှည့်ဖို့ပြင်ရုံလေး
ကျွန်မနောက်ကထွက်လာတဲ့အသံကြောင့်
ကျွန်မကြက်သီးတွေတဖြန်းဖြန်းထတဲ့အထိ
လန့်သွားမိတယ်
"ကင် ဂျုံအင်..!"
"sorry လန့်သွားလား.."
----------------------------------
"နင်ငါ့ကိုဘယ်လိုတွေ့တာလဲ?"
တအံ့တဩကျွန်မအမေးကို
သူကမျက်လုံးလေးတွေမှေးစင်းတဲ့အထိရယ်တယ်
"နင်သွားပြီးမကြာခင်ပဲ ငါလည်း
ဝယ်စရာရှိမလားလို့ နောက်ကလိုက်ခဲ့တာ.."
"အော်.."
"အဲဒီမှာနင်က Peepero standကြီးရှေ့မှာ
အကြာကြီးရပ်ငေးနေတော့ ငါလည်းနောက်ကကြည့်နေတာ
နင်မတ်တပ်များမေ့နေတာလားလို့"
ကျွန်မရှက်ရွံ့စွာ ခေါင်းကုတ်မိတယ်..
အခုတော့ကျွန်မရဲ့ cool girl imageတွေ
ဘယ်ဆီကိုပျောက်သွားပြန်ရောလဲမသိ..
ဆိတ်ငြိမ်ရပ်ကွက်လေးရဲ့လမ်းပေါ်မှာသူနဲ့
ကျွန်မနှစ်ယောက်တည်း
အခုချိန်အထိ ကျွန်မတို့ အိမ်လမ်းမှာ လူရှင်းနေတုန်းပါပဲ
တကိုယ်စာထက်မကပိုရှည်တဲ့ ပုံတူ standကြီးကို
ထမ်းလာပေးတဲ့သူ့ကိုကြည့်ရင်း
ကျွန်မစောစောက ခပ်ချေချေဆက်ဆံခဲ့မိတာတွေအတွက်
အားနာမိသလိုလို
"နင်လေးနေပြီလား ငါကူသယ်ပေးရမလား"
ကျွန်မသူ့ကိုတကယ်ပဲအားနာပါတယ်
ဒီအတွက်ကျသင့်ငွေကိုလည်းသူကပဲ
ရှင်းပေးခဲ့တာမလား..
"ကျွန်တော်တို့ မုန့်ဝယ်မှာမဟုတ်ဘူး..ဒါ "
"ဒါကို ရောင်းမလား.. ရမယ်ဆိုရင်
ကျွန်တော်တို့ဝယ်မလို့"
ချန်းရဲ့ peepero standကြီးကိုလက်ညှိုးထိုးပြတော့
အရောင်းစာရေးမတင်မက ကျွန်မပါ ပါးစပ်အဟောင်းသားနဲ့
သူကတော့ ကျွန်မဘက်ကိုလှည့်ကြည့်ပြီး
မျက်ခုံးတစ်ချက်ပင့်ရင်း အဆင်ပြေတယ်ဆိုတဲ့
ပုံစံနဲ့ လက်မတစ်ချက်ထောင်ပြလာတယ်
ကောင်တာမှာငွေရှင်းပြီး standကြီးကိုထမ်းပြီး
သူက သွားမယ်လေလို့ပြောတာတောင်
ကျွန်မမှာ ကြောင်တောင်တောင်နဲ့
"ရပါတယ် ငါတစ်ယောက်တည်းထမ်းနိုင်ပါတယ်"
ကျွန်မသူ့ကိုပြုံးရုံပဲပြုံးပြနိုင်တော့တယ်
"ဒါနဲ့ နင်သူ့ကိုအဲလောက်တောင်ကြိုက်တာပဲလား"
"ဟမ်..?"
ကျွန်မကြောင်တောင်တောင်နဲ့ပြူးကြည့်တော့
သူက သူထမ်းထားတဲ့ ပုံတူstandကြီးကို
မေးငေါ့ပြတယ်..
"အော်..အင်း"
ကျွန်မခပ်သွက်သွက်ပဲခေါင်းငြိမ့်ပြလိုက်တယ်
ကျွန်မတကယ်ပဲ သူ့ရှေ့မှာဒီအကြောင်းတွေဆက်မပြောပြချင်ဘူး
ကျွန်မကို တော်တော်အရူးထတာပဲလို့ သူ့ကိုမတွေးစေချင်ဘူး
"Fan girlပီသတာပေါ့ အဟား..ဟား.."
သူသဘောတကျရယ်တော့လည်း
ကျွန်မမှာကြောင်တောင်တောင်နဲ့ပေါ့..
ရယ်ရအခက် ငိုရအခက်
အမှန်အတိုင်းပြောရရင်
ကျွန်မတသက်နဲ့တစ်ကိုယ် ဒါမျိုးတစ်ခါမှ
ဝယ်ဖူးတာမဟုတ်ဘူး..
မာမားကြောင့်လည်းပါတာပေါ့
မာမားက ကျွန်မကိုဒီလိုမျိုး အသည်းအသန်ရူးတာမျိုး
မကြိုက်ဘူး albumတွေ photo cardတွေတောင်
ကျောင်းက သူငယ်ချင်းမတွေနဲ့တဆင့် ခိုးမှာပြီး
မာမားမတွေ့အောင်သိမ်းထားရတာရယ်
ဒါ့အပြင် အိမ်က ဆယ်ယွန်းမ ရန်ကလည်းရှိသေးတယ်
သူက ကျွန်မဘာလုပ်လုပ် မာမားကိုပြန်ပြန်တိုင်တာ
ပြီးတော့ ချန်းကိုလည်း မှိုချိုးမြစ်ချိုးနဲ့ ပြောတတ်သေး
ကျွန်မအမြတ်တနိုးသိမ်းထားရတဲ့
photo cardတွေကိုတွေ့သွားရင်လည်း
မာမားကိုသွားပြမယ်ဆိုပြီးငွေညစ်တတ်သေးတယ်
အခုဒီ တကိုယ်စာstandကြီးဆိုရင်ဘယ်လိုလုပ်ရပါ့
"ဘာဖြစ်လို့လဲ.."
စိတ်ပျက်လက်ပျက်နဲ့တွန့်ချိုးနေတဲ့ ကျွန်မမျက်နှာကို
လှည့်ကြည့်ရင်း ဂျုံအင်က မေးတယ်
"အာ.. ဘာမှမဟုတ်ပါဘူး.."
"နင့်အိမ်ကဘယ်လမ်းမှာလဲ ငါအိမ်အထိလိုက်ပို့တာပေါ့"
အခုမှသတိထားမိတယ် ကျွန်မတို့သူ့အိမ်ရှေ့တော့ရောက်နေပြီပဲ
ကျွန်မအတွေးတွေလွန်နေတာနဲ့ မသိလိုက်ဘူး..
"နေပါစေ ဂျုံအင်
ဒီလောက်ကူညီပေးထားတာပဲတော်လှပြီ
ငါပဲသယ်သွားလိုက်တော့မယ်"
"ဖြစ်ပါ့မလား မလေးဘူးလား"
"ရပါတယ် ဒီလောက်ကအသာလေးပါ"
ကျွန်မဂျုံအင်လက်ထဲက standကြီးကို
လွှဲပြောင်းယူလိုက်တယ်
"ငါသွားတော့မယ်နော် ဒီအကြွေးကို
နောက်ကျတော့ ငါသေချာပြန်ဆပ်မှာပါ"
"အင်းပါ ရပါတယ်"
ကျွန်မဂျုံအင်ကိုနှုတ်ဆက်ပြီး ခပ်သွက်သွက်ပဲထွက်လာခဲ့လိုက်တယ်
ကျွန်မနဲ့အတူ ချန်းပါလာတယ်ဆိုတဲ့အတွေးက
ကျွန်မရဲ့ခြေလှမ်းတွေကိုခါတိုင်းထက်ပိုပေါ့ပါးစေတယ်
ကျွန်မကိုအရူးလို့ထင်ရင်လည်းထင်ကြတော့
ကျွန်မ သူ့ရဲ့ပုံတူ Standကိုပိုက်ရင်း
မျက်နှာကလိုတာထက်ပိုပြုံးဖြီးဖြီးနဲ့
အိမ်မှာလောလောဆယ် မာမားရှိမနေပါစေနဲ့လို
အသံတိတ်ဆုတောင်းလိုက်မိတယ်
ဆယ်ယွန်းမကိုတော့ဂရုစိုက်မနေတော့ဘူး..
"ကဲ..arrjushi ရှင့်ကို ဆယ်နာဖမ်းလာပြီနော်
ဘယ်ကိုမှထွက်မပြေးနဲ့တော့"
ကျွန်မသူ့နားရွက်ကားကားတွေအထိခြေဖျားထောက်ရင်း
ခပ်တိုးတိုးကပ်ပြောလိုက်တယ်..
ပြီးမှာ ကိုယ့်ကိုယ်ကို သဘောတွေကျပြီး
တဟားဟားနဲ့..
ဒီလိုပါပဲ
သူနဲ့ပါတ်သတ်တိုင်းကျွန်မအရူးဖြစ်ခဲ့တာကြာပေါ့
---------------------
Comments