My Dear Doctor
Description
" ​သခင်​​လေး.... သခင်​​လေး.... သခင်​​လေး"
အထိန်း​တော်​ကြီး ​အော်​ဟစ်​ပြီး အခန်းထဲကို
အလန့်​တကြား ဝင်​လာတာ​ကြောင့်
ဇိမ်​နဲ့နှပ်​​နေရာမှ လန့်​နိုးလာခဲ့ရသည်
" ဘာတုန်းဗျာ , မနက်​​စော​စောစီးစီး တုံးပိတဲ့
အသံနဲ့ ဘာလို့​အော်​ဟစ်​​နေတာတုန်း "
အိပ်​ချင်​မူးတူးနှင့်​ မျက်​လုံးကို မဖွင့်​​သေးဘဲ
ပိတ်​​ဟောက်​လိုက်​သည်
" ဟာဗျာ...သခင်​​လေး ထ​တော့ဆို,
ဒီ​နေ့ ​တွေ့ဆုံပွဲရှိတယ်​​လေ
ဂေါက်​ အဲ... ​ဂေါ့သခင်​​လေး​တောင်​ ​ရောက်​​နေပြီ"
မျက်​လုံးကိုအတင်းပြူုးပြီး
အထိန်း​တော်​ကြီးရဲ့ စကားကို စဉ်းစားရသည်
တွေ့ဆုံပွဲ....
အင်း... ​တွေ့ဆုံပွဲ 
// မနက်​ဖြန်​ ​တွေ့ဆုံပွဲရှိတယ်​ သားငယ်​ //
ဟူ​သော ပါး၏ စကားကို ကြား​ယောင်​မှ 
အိပ်​ယာ​ပေါ် ငုတ်​တုတ်​ထထိုင်​မိသည်
"အကို​ဂေါက်​...အဲ​လေ အကို​ဂေါ့ထ်​ ကို 
ခဏ​စောင့်​လို့​ပြော​ပေးထား​နော်​ ဦး​လေး"
ဟု ​အထိန်း​တော်​ဦး​လေးကြီးအား မှာကြားကာ
ရေချိုးခန်းသို့ အမြန်​ဝင်​ရသည်
အရပ်​ရှည်​သ​လောက်​ အာပြဲ စိတ်​ကြီး​သော
အကို​တော်​အ​ကြောင်းကို ကိုယ်​သာ
အသိဆုံး မဟုတ်​ပါလား
တစ်​ဦးတည်း​သော ညီ​တော်​​လေး ဆိုပြီး
အလိုလိုက်​အကြိုက်​​ဆောင်​မယ်​ မရှိဘဲ
ကြီးနိုင်​ငယ်​ညှင်းဝါဒကို လက်​ကိုင်​ကျင့်​သုံးလျှက်
ရှိ​သော Thainmianda မျိုးဆက်​၏ သား​တော်​ကြီး Gxxod Thainmianda သည်​ လူရှည်​စိတ်​တို ပင်​ဖြစ်​သည်
ဟူး...ကမန်းကတန်း ​ရေချိုးပြီး​တော့
အဝတ်​လဲ​တော်​တို့က ​ထျန်​မျန်​ဒါ အိမ်​​တော်​၏ 
ရွှေဝါ​ရောင်
ထိုင်းရိုးရာဝတ်​စုံကြီးကို ကျကျနန ဝတ်​​ပေးကြသည်
ကျေ​နာ်​သည်​ Thainmianda ၏
ဒုတိယ​မြောက်​ တစ်​နည်းအားဖြင့်​ သား​တော်​ငယ်
ဖြစ်​​သော​ကြောင့်​ ​ရွှေဝါ​ရောက်​ဝတ်​စုံကို
ဝတ်​ဆင်​ရခြင်းဖြစ်​သည်
အကို​တော်​ Gxxod က​တော့
သားကြီးဖြစ်​၍ အနီ​ရောင်​ ဝတ်​စုံကို
ဝတ်​ဆင်​လိမ့်​မည်
ခမည်း​တော်​က​တော့ ဘာ​​ရောင်​မှန်း
မသိ​သော ဝတ်​ရုံဖားဖားကြီးကို ဝတ်​ဆင်​မှာဖြစ်​ပြီး မယ်​​တော်​က​တော့ ပဒုမ္မာ​ရောင်​ကို ဝတ်​ဆင်​မည်​ဖြစ်​သည်
ကျ​နော်​တို့ ထိုင်းမင်းမျိုးနွယ်​ဝင်​တို့သည်
တော်​ဝင်​​တွေ့ဆုံပွဲများတွင်​ အိမ်​​တော်​အ​လျှောက်
သတ်​မှတ်​​ပေးထား​သော အ​ရောင်​များ
ကိုသာ ဝတ်​ဆင်​ရသည်
ကျ​နော်​တို့ခမည်း​တော်​ Thainmainda သည်​ ​တော်​ဝင်​စံအိမ်​​တော်​၏
ဦးရီး​တော်​ ဝမ်းကွဲဖြစ်​၍ ဝတ်​ရုံအ​ရောင်​မှာ
ကြက်​​သွေး​ရောင်​ ဖြစ်​သည်
Thainmianda အိမ်​​တော်​၌ 
ရာထူးအကြီးဆုံးမှာ ခမည်း​တော်​ဖြစ်​ပြီး
သြဇာ အရှိဆုံးမှာ မယ်​​တော်​ဖြစ်​သည်
မျိုးဆက်​အ​နေနှင့်​ သား​တော်​နှစ်​ပါး သမီး​​တော် တစ်​ပါး​ရှိပြီး သမီး​တော်​သည်​ Yihwa Thainmianda ဖြစ်​ပြီး အကြီးဆုံးဖြစ်​သည်​ ကျန်​တာက​တော့
သား​တော်​ကြီး Gxxod Thainmianda
နှင့်​ သား​တော်​ငယ်​ Tee Thainmianda
တို့ဖြစ်​သည်
ညီအကိုနှစ်​​ယောက်​မှာ ကျ​နော်​က​တော့ အ​ချောဆုံး​ပေါ့​နော်​ ဟိ... ​ပြောမယ့်​သာ​ပြောတာ 
မောင်​နှမသုံး​ယောက်​မှာ ဆိုရင်​လည်း ကျ​နော်​က
အငယ်​ဆုံးနဲ့
အ​ချောဆုံးပါပဲ ဟဲဟဲ...
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ 
" ​ဟျောင့်​ TeeTee , ဘယ်​​လောက်​​တောင်
သေ​နေလို့ အခုမှ ပြီးတာလဲဟမ်​ "
အဟမ်း...ကျ​နော်​တို့က ဒီလိုပဲ
ဘွား​တော်​တို့ ခမည်း​တော်​တို့​ရှေ့မှာသာ
နန်းစကား​တွေသုံးတာ အချင်းချင်းဆို
လွတ်​လွတ်​လပ်​လပ်​​ပေါ့​ပေါ့ပါးပါးပဲ ​ပြောတာ​လေ
ခေတ်​လူငယ်​​တွေပဲ ဒီ​လောက်​​တော့ရှိမှာ​ပေါ့
Right ?
" အဟီး .... အကိုကလည်း "
" ရယ်​တာကိုက အချိုးမ​ပြေဘူး 
သွားမယ်​လာ "
အရပ်​ရှည်​အ​ကောင်​ကြီးကြီးနဲ့ ကျ​နော့်​အကိုသည်​ ယခုလိုလည်း
ဟောက်​စားလုပ်​တတ်​ပါ​သေးသည်
ဒါ​ကြောင့်​​ပြောတာ ကြီးနိုင်​ငယ်​ညှင်းဝါဒကို လက်​ကိုင်​သူကြီးပါဆို
ကျ​နော်​တို့ ​ရောက်​​တော့ ​တော်​ဝင်​စံအိမ်​​တော်​မှာ
လူစုံ​နေပြီဖြစ်​သည်
ကျ​နော်​တို့ ညီအကိုနှစ်​​ယောက်​လည်း 
အကြီးအကဲအားလုံးကို အရိုအ​သေ​ပေးပြီး
ကိုယ့်​​နေရာကိုယ်​ ဝင်​ထိုင်​ရသည်
ဒီ​နေ့မှ ​သေချာအကဲခတ်​မိတယ်
မိသားစု​တွေ့ဆုံပွဲမှာ လူ​တွေပိုများလာသလိုပဲ
ဇာမဏီ​ရောင်​ ​ငွေမင်​​ရောင်​ ​ငွေနက်​​ရောင်​​တွေပါ
ပါလာသဖြင့်​ ကျ​နော်​အံ့သြမိသည်
ငွေနက်​​ရောင်​ သည်​ Khunsala
အိမ်​​တော်​၏ အ​ရောင်​ဖြစ်​သည်
တစ်​နည်းအားဖြင့်​ "ကိုကို".... အင်း 
ငယ်​စဉ်​က ခင်​တွယ်​ခဲ့ရ​သော သူ၏
အိမ်​​တော်​လည်းဖြစ်​သည်
ဤမိသားစု​တွေ့ဆုံပွဲသို့ ဘာ​ကြောင့်​ တက်​​ရောက်​ရလဲ ဆိုတာ ကျ​နော်​ သိချင်​မိသည်
တွေ့ဆုံပွဲစ​တော့ လူကြီးများက
နိုင်​ငံ​ရေး,စီးပွား​ရေး,ကျန်းမာ​ရေး,လူမှူ​ရေး 
စသည်​တို့ကို ​ဆွေး​နွေးကြသည်
ကျ​နော်​တို့ ​မြေး​တော်​မြစ်​​တော်​​တွေက​တော့
လူကြီး​တွေ​ဆွေး​နွေးတာကို ထိုင်​နား​​ထောင်​ရုံသာ
" ဒီ​နေ့​တွေ့ဆုံပွဲ လုပ်​ရတာက
ဘွားဘွား ​ပြောစရာရှိလို့ကွဲ့ အထူးသဖြင့်
မြေး Thainmianda နှစ်​​ယောက်​ကို"
ရုတ်တရက် ​​ဘွား​တော်​၏
စကား​ကြောင့်​ ကျ​နော်​တို့
ညီအစ်​ကို နှစ်​​ယောက်​ကို အားလုံးက ဝိုင်းကြည့်​ကြသည်
" သားထျန်​မျန်​ဒါ "
"ဟုတ်​ကဲ့...အမိန့်​ရှိပါ မယ်​​တော်​ကြီးခင်​ဗျ"
" အင်း....ဒီနှစ်​ဆို ​မြေးတို့နှစ်​​ယောက်
အသက်​ဘယ်​​လောက်​ရှိပြီလဲကွဲ့"
"ဟုတ်​ကဲ့, သားကြီး Gxxod က ၂၆ နဲ့
သားငယ်​ TeeTee က ၂၄ ပါ ခင်​ဗျ"
" အင်း.... အချိန်​တန်​ပြီပဲ သား"
"ဟုတ်​ကဲ့ သိပါတယ်​ခင်​ဗျ"
ဘွား​တော်​နှင့်​ခမည်း​တော်​တို့ ​ပြော​နေကြသည်​များကို မယ်​​တော်​က​တော့
နားလည်​ဟန်​ရှိ​ပေမယ့်​ ကျ​နော်​တို့
ညီအစ်​ကိုနှစ်​​ယောက်​မှာ တစ်​​ယောက်​မျက်​နှာ
သာတစ်​​ယောက်​ကြည့်​နိုင်​သည်
ဘာ​တွေ​ပြော​နေမှန်းမှမသိတာ...
" ဘယ်​လိုသ​ဘောရလဲ ခွန်​စလာ"
" ကျ​နော်​မျိုးတို့က​တော့ အဆင်​သင့်​ဖြစ်​ပါပြီခင်​ဗျ"
" ဒါနဲ့... သူ့ကိုလည်းမ​တွေ့ပါလား"
" လာ​တော့မှာပါဗျ"
" ကျ​နော်​...​ရောက်​ပြီ
ဟူး.... ​နောက်​ကျသွားလို့ ​တောင်းပန်​ပါတယ်​ခင်​ဗျ"
အသံလာရာ ခမ်းမ​ဆောင်​အ​ပေါက်​ဝသို့
ကြည့်​မိသည်​နှင့်​.....
ထိုသူသည်​.... 
                ......
                    ........
<<<<<<<<< TBC >>>>>>>>
"သူရဲ​ကောင်းတို့ ချစ်​ပုံပြင်​ " ဆိုတဲ့
ဤ fiction သည်
စိတ်​ကူးယဉ်​ ဇာတ်​လမ်းမျှသာ ဖြစ်​၍
ထိုင်းနိုင်​ငံ၏ လက်​​ရှိအ​ကြောင်းအရာ​များနှင့်
ပတ်​သက်​မှုမရှိပါ 
အစပိုင်း​ဆို​တော့ ပျင်းစရာကြီး​ပေါ့
But ဖတ်​​ပေးကြပါလို့???
Foreword
မင်းသား​လေးTee နှင့်​ ဆရာဝန်​​လေး Tae တို့သည်
ဘိုး​ဘေးမိဘများ၏ ကတိက၀တ်​​ကြောင့်​ လက်​ထပ်​ဖို့ ဖြစ်​လာ​သော အခါ ... ။
Tae သည်​ ချစ်​သူမိန်းက​လေးရှိပြီးဖြစ်​၍ Tee နှင့်​လက်​ထပ်​ရန်
ငြင်းဆန်​​သော်​လည်း Tee က Tae ကို တိတ်​တခိုး ချစ်​​နေ​သောအခါ.... ။
ရွှေမင်းသား​လေးနဲ့Tee နဲ့ ​ဒေါက်​တာ​လေး Tae တို့ရဲ့
စိတ်​ဝင်​စားဖွယ်​ အချစ်​ဇာတ်​လမ်း​လေးကို ပုံ​ဖော်​ထားပါတယ်​ရှင့်
Written by Yuunasan
Comments
You must be logged in to comment
No comments yet